ဇိုရော့အက်စတာ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
[[File:Zor.jpeg| fram | right |thumb|ဇော်ရော့အက်စတာ(ဘီစီ၆၂၈-ဘီစီ၅၅၁)]]
 
'''ဇော်ရော့အက်စတာ'''(Zoroaster)(ခန့်မှန်း ဘီစီ၆၂၈-ဘီစီ၅၅၁) သည် ပါရှ([[အီရန်]])လူမျိုးတို့အတွက် ဘာသာရေးရှေ့ဆောင်ဖြစ်သည်။ သူဖော်ဆောင်ခဲ့သည့် '''[[ဇိုရိုရက်စထရာဘာသာ|ဇော်ရော့အက်စထရီယံဝါဒ'''(Zoroastriamism)]] ကို နှစ်ပေါင်း ၂၅ဝဝကျော် ယုံကြည်ခဲ့ပြီး ယနေ့တိုင် ယုံကြည်ကိုးကွယ်သူများလည်း ရှိပါသည်။ ဇော်ရော့အက်စထရီယံကျမ်း '''အဗက်စတာ'''(Avesta) ကျမ်းတွင် ပထမဆုံးအပိုင်းဖြစ်သည့် '''ဂါတာ့စ်'''(Gathas)ကို ရေးသားသူလည်းဖြစ်သည်။
 
ဇော်ရော့အက်စတာ၏ ငယ်ဘဝနှင့် ပတ်သက်၍ သိရှိနိုင်ရန် အချက်အလက်အလွန်ပင်ရှားပါသည်။ ခန့်မှန်းအားဖြင့် ဘီစီ ၆၂၈တွင် ယနေ့အီရန်မြောက်ပိုင်းဒေသတွင် ဖွားမြင်ပြီး အရွယ်ရောက်လျှင် သူတီထွင်သည့် ဘာသာအယူဝါဒသစ်ကို လှည့်လည်ဟောပြောသည်။ အစပိုင်းတွင် ကန့်ကွက်သူအများအပြားရှိခဲ့သော်လည်း အသက်၄ဝအရွယ်တွင် မြောက်အီရန်တွင် အုပ်စိုးနေသည့် '''ဘုရင်ပစ်ရှ်တာစ်ပါ'''(Vislitaspa) ကသူ့အယူဝါဒကိုလက်ခံသဖြင့် ကောင်းစွာ သာသနာပြုနိုင်ပြီဖြစ်သည်။ အသက် ရရနှစ်တွင် ဇော်ရော့အက်စတာကွယ်လွန်သည်။