အလံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ရိုဘော့က ဖယ်ရှားနေသည် - ie:Flagga (deleted)
No edit summary
စာကြောင်း ၄၄ -
 
၁၈၈၅-ခု၊ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ ပြီးဆုံး၍ တစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက် ကျွန်သပေါက်အဖြစ်သို့ ရောက်သဖြင့် နိုင်ငံတော်ကို ကိုယ်စားပြုသော ဒေါင်းအလံသည် ကွယ်ပျောက်သွားလေတော့သည်။ <ref>ဦးတင်မြင့်(ပထမကျော်) ရေး- ရှေးအခါက မြန်မာနိုင်ငံသုံး အလံများ</ref>--[[User:Mayor mt|Mayor mt]] 11:15, 12 ဧပြီ 2009 (UTC)
 
အလံဟူသည်မှာ ရည်ရွယ်ချက်တစ်ခုခု၊ သို့မဟုတ် အကြောင်းရင်း
တစ်ခုခု၊ သို့မဟုတ် အကြောင်း တစ်ခုခုအတွက် အမှတ်အသား၊
သို့မဟုတ် အထိမ်းအမှတ်အဖြစ် အသုံးပြုကြသော ရောင်စုံခြယ်
ပိတ်စမျိုး ဖြစ်သည်။ အလံဟူသောစကားမှာ လေထဲ၌ လှုပ်ရှား
နေသည့်အရာဟူ၍ အဓိပ္ပါယ်ရ၏။
 
 
 
အမျိုးသားအလံ (ဝါ) နိုင်ငံတော်အလံမှာ နိုင်ငံတစ်နိုင်ငံ
အတွက် အမှတ်အသားကြီးတစ်ခု ဖြစ်၏။ ဘုရင်အတွက်
အမှတ်အသား၊ တက္ကသိုလ်ကျောင်း၏ အမှတ်အသား၊ စစ်တပ်
၏ အမှတ်သား၊ အယူဝါဒဆိုင်ရာ အဖွဲ့အစည်းများအတွက်
အမှတ်အသား၊ အချက်ပြရန် အမှတ်အသား စသည်ဖြင့်
အကြောင်းခံ အမျိုးမျိုးကိုပြရန် ပြုလုပ်ထားသော အခြားအလံ
ပေါင်းများစွာလည်း ရှိသည်။ ယခုခေတ် နိုင်ငံတိုင်း၌ရှိသော
အမျိုးသားအလံ (ဝါ) နိုင်ငံတော် အလံ အသီးအသီးသည် မိမိ
တို့လူမျိုး၏ ဇာတိသွေး ဇာတိမာန် ပြင်းထန်တက်ကြွစေရန်
အလို့ငှာ မိမိတို့ တိုင်းပြည်နှင့် သက်ဆိုင်ဆီလျော်စွာ သတ်မှတ်
ပြဋ္ဌာန်းထားသည့် အလံများဖြစ်၏။ နိုင်ငံတော်အလံသည်
သက်ဆိုင်ရာနိုင်ငံ၊ နိုင်ငံသူနိုင်ငံသား၊ နိုင်ငံအစိုးရနှင့် ထိုအစိုးရ
၏ ရည်မှန်းချက်များကို ကိုယ်စားပြုသည်။ လူအများပင် မိမိ
တို့နှင့် သက်ဆိုင်ရာ နိုင်ငံတော်အလံ၏ အသရေမညှိုးရလေ
အောင် ကာကွယ်စောင့်ရှောက် ယင်း အသက်စွန့်ခဲ့ကြပြီး ဖြစ်
သည်။ မိမိနိုင်ငံ၏ အလံကို ဂုဏ်ပြုရန်မှာ နိုင်ငံသားတိုင်း၏
အရေးကြီးသော တာဝန်တစ်ရပ် ဖြစ်လေသည်။
 
ဗြိတိသျှအလံမှာ ဂရိတ်ဗြိတိန်၏ အမျိုးသားအလံ (နိုင်ငံ
တော်အလံ)ဖြစ်၏။ တစ်ခါတစ်ရံ ယူနီယံဂျက် အလံဟုလည်း
ခေါ်ကြသည်။ ဗြိတိသျှအလံမှာ အပြာရောင်နောက်ခံ ဖြစ်၏။
ယင်းကို အဖြူကြောင်းများဖြင့် အနားလိုက်ထားသော အနီစင်း
ဖြင့် လေးပိုင်း ပိုင်းထား၏။ တစ်ဖန် ထိုလေးကွက်ကို အဖြူ
ကြောင်း အနားလိုက်ထားသည့် အနီစင်းဖြင့် ဒေါင့်ဖြတ်ကာ
ရှစ်ပိုင်း ပိုင်းထားပြန်၏။
 
ထိုဗြိတိသျှ ယူနီယံဂျက်အလံ၌ နောက်ကြောင်းသမိုင်း ရှိခဲ့၏။
၁၆ဝ၃ ခုနှစ် မတိုင်မီက အင်္ဂလန်ပြည်၊ စကော့တလန်
ပြည်နှင့် အိုင်ယာလန်ပြည်တို့မှာ ကိုယ့်အမျိုးသားအလံနှင့်ကိုယ်
သီးခြားရှိကြ၏။ အင်္ဂလန်ပြည်၏ အလံ၌ နောက်ခံ အဖြူပေါ်
တွင် စိန်ဂျော့၏ ကြက်ခြေနီပါ၏။ စကော့တလန်ပြည် အလံ၌
အပြာရောင် နောက်ခံပေါ်တွင် စိန်အန်ဒြူး၏ ဒေါင်လိုက်
ကြက်ခြေဖြူ ပါ၏။ အိုင်ယာလန်ပြည် အလံ၌လည်း အဖြူ
ရောင် အောက်ခံပေါ်တွင် စိန်ပက်ထရစ်၏ ဒေါင်လိုက်
ကြက်ခြေနီ ပါ၏။ ၁၇ဝ၇ ခုနှစ်တွင် အင်္ဂလိပ်ပါလီမန်နှင့်
စကော့ပါလီမန်တို့ကို ပူးပေါင်းလိုက်သောအခါ နှစ်ပြည်
ထောင်ပေါင်း၍ ဖြစ်ပေါ်လာသော နိုင်ငံအတွက် အလံတော်ကို
စိန်ဂျော့၏ ကြက်ခြေနီနှင့် စိန်အန်ဒြူးတို့၏ ကြက်ခြေဖြူတို့ကို
ထပ်လိုက်ခြင်းအားဖြင့် ရရှိခဲ့သည်။ ယင်းနောက် ၁၈ဝ၁ ခုနှစ်
သို့ ရောက်သောအခါ အိုင်ယာလန်ပါလီမန်ကို ပူးပေါင်း
လိုက်ပြန်သောအခါ စိန်ပက်ထရစ်ကြက်ခြေနီကို ထပ်လိုက်
ပြန်ခြင်းဖြင့် ယခု ယူနီဂျက်အလံ ဖြစ်ပေါ်လာ၏။
 
အမေရိကန်ပြည်ထောင်စုနိုင်ငံ၏ ကြယ်နှင့် အစင်းများ
ပါသောအလံ စတင်ပေါ်ပေါက်လာပုံမှာ အမေရိကန်
ပြည်ထောင်စု၏ ရှေးလွန်ခဲ့သော သမိုင်းကြောင်းနှင့် ဆက်စပ်
နေ၏။ ဦးစွာ၌ အမေရိကန်လူမျိုးတို့သည် အင်္ဂလိပ်အလံကို
အသုံးပြုကြ၏။ သို့ရာတွင် ၁၇၇၇ ခုနှစ်၌ ကွန်ဂရက်လွှတ်
တော်က ပြည်ထောင်စုဝင်နယ် ၁၃ နယ်၏ အလံသည် အဖြူ
နှင့် အနီတစ်လှည့်စီဖြစ်သော အစင်း ၁၃ စင်း၊ လက်ဝဲဖက်
အထက်ထောင့်၌ အပြာရောင်အခန်းတွင် ကြယ်ဖြူ ၁၃ပွင့် ဖြစ်
စေရမည်ဟု ဆုံးဖြတ်လိုက်သဖြင့် ကြယ်နှင့် အစင်းများပါသော
အလံ ပေါ်လာသည်။ နောင်သော် အစင်း ၁၃ စင်းမှာ မူရင်း
၁၃ နယ်ကို ပြညွှန်းသည့်သဘောဖြစ်လာ၍ ပြည်ထောင်စုတွင်
ပြည်နယ်တစ်နယ် တိုးလာတိုင်း တိုးလာတိုင်း နိုင်ငံတောည်၏
အလံတွင် ကြယ်ပွင့် တစ်ပွင့် ထပ်၍ ထပ်၍ ထည့်သွင်းကြ
လေသည်။
 
 
 
ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် အလံမှာ
ထောင့်မှန်စတုဂံပုံ ဖြစ်သည်။ အနီရောင်ခံ၊ လက်ဝဲဘက်
အထက်ထောင့်၌ အပြာရင့်အခန်းဖွင့်ထား၍ အခန်းအလယ်၌
အရွယ်တူကြယ်ဖြူ ၁၄ လုံးဖြင့် ဝန်းရံထားသော အလုပ်သမား၊
တောင်သူလယ်သမား အမှတ်အသားဖြစ်သည့် ပင်နီယံစက်သွား
နှင့် စပါးနှံကို ထားရှိပေသည်။
 
 
 
အလံတော် အတိုင်းအတာမှာ အလျား ကိုးပေ၊ အနံ ငါးပေ၊
လက်ဝဲအထက်ထောင့် အပြာရင့်အခန်း အလျား လေးပေ၊ အနံ
နှစ်ပေခွဲ ဖြစ်သည်။ ပင်နီယံ၏ အတွင်းခွေအနားကို အချင်း
ဝက် လေးလက်မဖြင့် လည်းကောင်း၊ အလယ်ခွေအနားကို
အချင်းဝက် ရှစ်လက်မဖြင့်လည်းကောင်း အသီးအသီး ဆွဲ
ထားသော စက်ဝန်း ဖြစ်သည်။ ပင်နီယံတွင် တူညီသော စက်
သွားစိပ်ပေါင်း ၁၄ စိပ် ရှိသည်။ စက်သွားစိပ်တစ်စိပ်၏
အောက်ခြေအကျယ်မှာ ၁.၈ လက်မဖြစ်၏။ စက်သွားစိပ်
တစ်စိပ်နှင့် တစ်စိပ်၏ အောက်ခြေအကွာအဝေး သည် ၁.၂
လက်မ ရှိ၏။ စက်သွားစိပ်တစိပ်၏ ထိပ်မျက်နှာပြင် အကျယ်
သည် ၁.၅လက်မ ဖြစ်၏။ စက်သွားစိပ်တစ်စိပ်စီ၏ အမြင့်မှာ
၁.၄ လက်မ ဖြစ်သည်။
 
 
 
ပင်နီယံအတွင်း၌ စပါးနှံနှစ်ခက်ရှိသည်။ ယင်းစပါးနှံများ
တွင် စပါးစေ့ပေါင်း ၃၄ စေ့ ရှိ၏။ စပါးနှံများသည် အောက်
ဘက်တည့်တည့်သို့ မျက်နှာမူနေသည့် စက်သွားစိပ်မှ အထက်
သို့ ထောင်တက်သွား၍ တူရှုကြည့်သူ၏ လက်ဝဲဘက် စပါးနှံ
၏ အဖျားပိုင်းသည် အထက်ဘက်တည့်တည့်တွင်ရှိသော စက်
သွားစိပ်နှင့် ယင်း၏ လက်ဝဲဘက်တွင်ရှိသော စက်သွားစိပ်
တို့၏အကြားသို့ ကိုင်းညွတ်၍ ဝင်နေသည်။ လက်ယာဘက်မှ
စပါးနှံ၏ အဖျားသည် အထက်တည့်တည့်ရှိ စက်သွားစိပ်နှင့်
ယင်း၏ လက်ယာဘက်ရှိ စက်သွားစိပ်တို့၏ အကြား ပင်နီယံ
ပြက်၏ အလယ်ခန့်တွင် လက်ဝဲဘက်သို့ အနည်းငယ် ကိုင်း
ညွတ်လျက် ရှိပေသည်။ လက်ဝဲဘက်အထက် စပါးရွက်သည်
စပါးနှံများ အခြေခံရာ စက်သွားစိပ်မှ လက်ဝဲဘက်သို့ ရေတွက်
သော် တတိယနှင့် စတုတ္ထစက်သွားစိပ်အကြားနှင့် တည့်တည့်
ရှိသော စပါးစေ့မှကပ်လျက် လက်ဝဲဘက်သို့ အနည်းငယ်
စောင်းကာ တက်သွားသည်။ ထိုစပါးရွက်သည် ထိပ်တည့်
တည့်ရှိရှိ စက်သွားစိပ်မှ လက်ဝဲဘက်သို့ ရေတွက်သော်
ပထမနှင့် ဒုတိယ စက်သွားစိပ်တို့အကြား ပင်နီယံပြက်၏
အလယ်တွင် စပါး ရွက်သည် အောက်ဘက်သို့ ကိုင်းညွှတ်
ကျဆင်းသွားပြီးလျှင် ယင်းစပါးရွက်ထိပ်အဖျားသည်
လက်ဝဲဘက် တတိယစက်သွားစိပ်၏ အောက်ခြေတွင်
ကျရောက်လျက်ရှိသည်။ လက်ဝဲဘက်အောက်စပါးရွက်သည်
စပါးနှံအခြေခံရာ စက်သွားစိပ်မှနေ၍ အထက်သို့ တက်
သွားသည်။ ထိုစပါးရွက်သည် ပင်နီယံအတွင်းခွေ၏ လက်ဝဲ
ဘက်ခြမ်း အလယ်ခန့်မှနေ၍အောက်သို့ ကိုင်းညွတ်ကျဆင်း
သွားပြီးလျှင် ယင်းစပါးရွက်၏ ထိပ်အဖျားသည် စပါးနှံများ
အခြေခံရာ စက်သွားစိပ်မှ လက်ဝဲဘက်သို့ ရေတွက်သော်
တတိယစက်သွားစိပ် အောက်ခြေနှင့်တည့်တည့်ရှိသော စပါးစေ့
မှကပ်လျက် လက်ယာဘက်သို့ အနည်းငယ်စောင်းကာ တက်
သွားသည်။ ထိုစပါးရွက်သည် ထိပ်တည့်တည့်ရှိ စက်သွားစိပ်မှ
လက်ယာဘက်သို့ ရေတွက်သော် ဒုတိယ စက်သွားစိပ်၏
အောက်ခြေပင်နီယံပြက်၏ အလယ်ခန့်မှ အောက်ဘက်သို့
ကိုင်းညွတ်ကျဆင်းသွားပြီး ယင်းစပါးရွက်၏ ထိပ်ဖျားသည်
လက်ယာဘက်ရှိ တတိယနှင့် စတုတ္ထစက်သွားစိပ်တို့အကြား
တွင် ကျရောက်လျက်ရှိသည်။ လက်ယာဘက်အောက် စပါး
ရွက်သည် စပါးနှံအခြေခံရာ စက်သွားစိပ်မှနေ၍ အထက်
တက်သွားသည်။ ထိုစပါးရွက်သည် ပင်နီယံအတွင်းခွေ၏
လက်ယာဘက်ခြမ်း အလယ်ခန့်မှနေ၍ အောက်သို့ ကိုင်းညွတ်
ကျဆင်းသွားပြီး ယင်းစပါးရွက်၏ ထိပ်အဖျားသည် စပါးနှံ
များ၊ အခြေခံရာ စက်သွားစိပ်မှ လက်ယာဘက်သို့ ရေတွက်
သော် ဒုတိစက်သွားစိပ်၏ အောက်ခြေအပေါ်ပိုင်းခန့်တွင်
ကျရောက်လျက်ရှိသည်။
 
 
 
ကြယ်များသည် စက်သွားစိပ်တစ်ခုစီ၏ ထိပ်တည့်တည့်တွင်
ရှိသည်။ ကြယ်များ၏ ဗဟိုချက်တို့သည် ပင်နီယံ၊ သို့မဟုတ်
အပြာရင့်ခန်းဗဟိုချက်၏ ၁ဝ.၄လက်မအကွာတွင် ရှိသည်။
ကြယ်တစ်လုံးစီ၏ အချင်းမှာ ၃. ၈ လက်မဖြစ်သည်။ ကြယ်
တစ်လုံးတွင် ငါးထောင့်ရှိပြီး ကြယ်တစ်လုံးစီ၏ ထိပ်ချွန်တစ်ခု
စီသည် နိုင်ငံတော်အလံ၏ အထက်သို့ မူသေမတ်မတ်ထောင်
ကာ ရှိနေသည်။
 
 
အလံ၏ အရွယ်မှာ ကြီးငယ်မဟူ ထိုအချိုးအစားနှင့်
ကိုက်ညီနိုင်သမျှ ကိုက်ညီရလေသည်။ အလံတော်၏ လက်ဝဲ
ဘက် အထက်ထောင့်ခန်းတွင်ပါရှိသော အပြာရင့်ရောင်သည်
ငြိမ်းချမ်းခြင်း၊ တည်ကြည်ခြင်းဟူသော အဓိပ္ပါယ်ကို ဖော်
ဆောင်ပေသည်။ စပါးနှံနှင့် ပင်နီယံစက်သွားသည် ဆိုရှယ်လစ်
စနစ် တည်ဆောက်ရေး၏ အခြေခံ လူတန်းစားများဖြစ်သော
တောင်သူလယ်သမားနှင့် အလုပ်သမားများကိုလည်းကောင်း၊
အရွယ်တူ ကြယ်ဖြူ ၁၄ လုံးသည် ပြည်နယ်နှင့်တိုင်း ၁၄ ခု
တို့၏ တန်းတူညီတူရှိမှုနှင့် စည်းလုံးညီညွတ်မှုကို လည်း
ကောင်း ဖော်ဆောင်ထားပေသည်။
 
 
အလံတော်ရှိ အဖြူနှင့် အနီရောင်နှစ်မျိုးတွင် အဖြူသည်
သန့်ရှင်းခြင်း၊ စင်ကြယ်ခြင်း၊ အနီရောင်သည် ရဲရင့်ခြင်း၊
ပြတ်သားခြင်းဟူသော အဓိပ္ပါယ်ကို ဖော်ဆောင်ပေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
 
 
 
== ဆက်စပ်လေ့လာရန် ==
"https://my.wikipedia.org/wiki/အလံ" မှ ရယူရန်