အင်းဝမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ရိုဘော့က ဖယ်ရှားနေသည် - pl:Ava (Myanmar) (deleted)
စာကြောင်း ၂၁ -
ထိုနောက် [[ညောင်ရမ်းမင်းဆက်]]ကို တည်ထောင်သူ [[ညောင်ရမ်းမင်းတရားကြီး]]ကလည်း ၁၆၀၀တွင် အင်းဝကို သိမ်းပိုက်မင်းပြုရာမှ အင်းဝမှာ မင်းနေပြည်တော် ဖြစ်ပြန်သည်။ သို့ရာတွင် ညောင်ရမ်းမင်းဆက်မှ [[အနောက်ဖက်လွန်မင်း]] လက်ထက်တွင် အောက်ပြည်အရပ်ကို သိမ်းသွင်းရန် နန်းသက် တစ်လျောက်လုံးနီးပါးမျှ [[ဟံသာဝတီ]]တွင် နန်းစိုက်နေခဲ့ရသည်။ [[သာလွန်မင်း]] (၁၆၂၈-၁၆၄၈)လက်ထက်ရောက်မှ အင်းဝသည် မင်းနေပြည်တော်အဖြစ် ပြန်လည် ရောက်ရှိလာရသည်။ ညောင်ရမ်းမင်းဆက် နောက်ဆုံးအချိန်များတွင် မင်းများ ညံ့ဖျင်းသည်ကြောင့် တစ်ကြောင်း၊ ရာသီဥတု ဖောက်ပြန်သည်ကြောင့် တစ်ကြောင်း တိုင်းပြည်အနှံ့ မငြိမ်မသက် ဖြစ်လာပြီး နောက်ဆုံးတွင် ဟံသာဝတီမှ ဆင်ဝန် ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ဖြင့် မင်းပြု ပုန်ကန်သည်။ ပုန်ကန်မှု အောင်မြင်ပြီး အင်း၀ကို သိမ်းပိုက်ကာ အင်း၀ဘုရင် [[မဟာဓမ္မရာဇာဓိပတိ]](၁၇၃၃-၁၇၅၂) ကို ဟံသာဝတီသို့ အကျယ်ချုပ်ဖြင့် ခေါ်ဆောင်ထားရှိခဲ့သည်။ (နောက်ပိုင်းတွင် ကွပ်မျက်ခဲ့သည်။)
[[File:innwa4.jpg | right | thumb| အင်းဝမြို့တစ်နေရာ]]
ညောင်ရမ်းမင်းဆက်ကျဆုံးပြီးနောက် [[အလောင်းဘုရား]]က မွန်တို့ကို တွန်းလှန်ကာ မြန်မာတို့ကိုသာမက အယုဒ္ဓယထိပါ တိုက်ခိုက်ခဲ့သည်။ ထိုအချိန်များအတွင် အင်းဝမှာ နန်းမြို့အဖြစ်မှ လျှောကျနေခဲ့ရသည်။[[ဆင်ဖြူရှင်]]လက်ထက်အရောက်တွင် အင်းဝကို နန်းမြို့အဖြစ် ပြန်လည်အသုံးပြုသည်။ သို့သော်[[ဘိုးတော်ဘုရား]] လက်ထက်တွင်မူ [[အမရပူရမြို့|အမရပူရ]]သို့ပြောင်းရွှေ့နန်းစံပြီး [[ဘကြီးတော်]]မင်း ၁၈၂၃တွင် အင်းဝသို့ ပြောင်းရွှေ့စံမြန်းပြန်သည်။ နောက်ဆုံး ၁၈၄၁တွင်၁၈၃၉တွင် အလွန်ပြင်းထန်ပြီး အပျက်အစီးများလှသော၊ လူပေါင်းများစွာ သေကြေခဲ့ရသော အင်းဝငလျင်ကြီး လှုပ်ပြီးနောက်တွင် [[သာယာ၀တီမင်း]]သည် မြို့တော်ကို အမရပူရသို့ ပြန်လည်ရွှေ့ပြောင်းလိုက်ရပြီး အင်းဝမှာလည်း ပျက်စီးမှုကြီးလှသောကြောင့် မင်းနေပြည်တော်အဖြစ်သို့ ပြန်လည်မရောက်ရှိနိုင်တော့ပေ။
 
[[File:innwa5.jpg |left | thumb| အင်းဝနန်းမြှင့် မျှော်စင်]] [[File:innwa6.jpg | right | thumb|အင်းဝနန်းတော် ကိုအနောက် တိုင်းပန်းချီဆရာ တစ်ဦးရေးဆွဲထားပုံ]]
[[File:innwa6.jpg | right | thumb|အင်းဝ နန်းမြှင့် မျှော်စင်]]
 
{{မြန်မာနိုင်ငံ မင်းဆက်များ}}