မိုဟာမက်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
Remove unsource statement from religious article |
||
စာကြောင်း ၃ -
တမန်တော်မိုဟာမတ်သည် [[အစ္စလာမ်ဘာသာ]]ကို အလ္လာရှင်မြတ်(ဘုရားသခင်)ထံမှ ညွှန်ကြားမှုဖြင့် လူအပေါင်းတို့ကို တဆင့်ပြန်လည် သွန်သင်ဆုံးမသူဖြစ်သည်။ဘာသာရေးခေါင်းဆောင်တို့၏ ထုံးစံအတိုင်း ကွယ်လွန်ချိန်ထိတိုင် မနေမနားပင် အလ္လာရှင်မြတ်၏ အဆုံးအမတို့ကို လူအများအား သွန်သင်ခြင်းအမှုအား အားထုတ်ခဲ့သည်။
မိုဟာမတ်အား မွေးဖွားသည့်အချိန်နေရာနှင့် ပတ်သတ်ပြီး တိကျသည့်အထောက်အထားမတွေ့ရပေ။သို့သော် အေဒီ ၅၇၀ ဝန်းကျင်၊နေရာအားဖြင့် ယနေ့ [[ဆော်ဒီအာရေဗျနိုင်ငံ]]၊[[မက္ကာမြို့]](Macca)အနီးဖြစ်မည်ဟု ခန့်မှန်းကြသည်။မမွေးဖွားလာခင်ကပင် ဖခင်ဖြစ်သူကွယ်လွန်သွားသည့်အတွက် မိခင်မုဆိုးမဖြစ်သူက ခက်ခဲစွာ စောင့်ရှောက်ခဲ့ရပြီး ၆ နှစ်သားအရောက်တွင် မိခင်ပါကွယ်လွန်သွားခဲ့ပြန်သည်။ထိုနောက် ဦးလေးတော်စပ်သူက ကျွေးမွေးစောင့်ရှောက်မှုဖြင့် လူလားမြောက်လာသည်ဆိုသော်လည်း ကြမ်းတမ်းသည့် ဘဝကိုဖြတ်သန်းခဲ့ရသည်။ကျမ်းစာအထောက်အထားများအရ စာပေသင်ကြားတတ်မြောက်ခြင်းမရှိဟု သိရသည်။သို့သော် အသက် ၂၅ နှစ်အရွယ်တွင် မကာမြို့နေ ငွေကြေးပြည့်စုံသည့် မုဆိုးမတစ်ဦး နှင့်အိမ်ထောင်ကျသဖြင့် ဘဝတိုးတက်လာခဲ့သည်။ပင်ကိုယ်ကပင် ရိုးသားခြင်း၊ဖြောင့်မတ်ခြင်းတို့ဖြင့် ပြည့်စုံသည်ဟုလည်းဆိုကြသည်။ လူအများ၏ယုံကြည်ခြင်း ကိုခံယူရရှိသဖြင့် အများသူငါက လာရောက်ပြီး ပစည်းများအပ်နှံခြင်းကိုခံရသည်။ အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် [[ဂျူးလူမျိုး|ဂျူး]]နှင့်[[ခရစ်ယာန်]] ကုန်သည်များနှင့် ဆက်ဆံရသဖြင့် ၄င်းတို့ထံမှ တစ်ဆူတည်းသောဘုရားဝါဒကို နာကြားရသဖြင့် ဘုရားသခင်ကို ကိုးကွယ်ယုံကြည်စိတ်ကိန်းဝတ်လာပြီး ဌာနေလူများကိုးကွယ်သည့် အယူမှားကိုပယ်ပြီး ဘုရားသခင်နှင့်နီးစပ်မှုရရန်
ထိုသို့သော် ချီးမြှောက်မှုကို ရရှိပြီးနောက် မိုဟာမက်သည် မိမိနှင့် ဆက်ဆံရသူအနည်းအကျင်းကို စတင်ဟောပြောပို့ချရာမှ အစ္စလာမ်သာသနာစတင်လာခဲ့သည်။၆၁၃တွင် ၄င်း၏ ဟောပြောမှုတို့ကို ယုံကြည်သဖြင့် နောက်လိုက်အင်အားတိုးပွားလာပြီး မကာစော်ဘွား၏ မျက်စိစူးမှုကိုပါ တစ်ပါတည်းခံရတော့သည်။ထို့ကြောင့် ၆၂၂တွင် မိုဟာမက်အနေဖြင့် မက္ကာတွင်ဆက်လက်ရပ်တည်ရန် ခက်ခဲလာသည့်အလျှောက် မက္ကာမြို့၏ မြောက်ဖက်မိုင် ၂၀၀ရှိ [[မဒီနာမြို့]](Medina) သို့ရှောင်တိမ်းပြီး ဘုရားသခင်၏ အဆုံးအမကို လူအပေါင်းအား ဆက်လက် ဟောပြောသည်။ထိုသို့တိမ်းရှောင်ရသည်ကို ဟေဂိရ(Hegira) ဟုခေါ်ပြီး တမန်တော်ဘဝကျင့်စဉ်တွင် အတက်တစ်ကွေ့ဖြစ်သည်ဟုသတ်မှတ်သည်။အမှန်လည်း အောင်မြင်မှုကြီးကြီးရသည်။မဒီနာစော်ဘွား၏ ဆရာကဲ့သို့ပင် အာဏာရလာပြီး လူအများကို ဦးဆောင်နိုင်သည့်အတွက် မကာကို ၆၃၀ခုနှစ်တွင်အနိုင်ရကာ အောင်နိုင်သူဖြစ်လာခဲ့သည်။ထိုအချိန်မှစပြီး နောင်တစ်နှစ်ခွဲကြာ သူမကွယ်လွန်မှီအထိကို အာရပ်အမျိုးနွယ်စုလေးများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အယူသစ်ကို ကူးပြောင်းယုံကြည်လာသည့် အတွက် ကွယ်လွန်ချိန် ၆၁၃ တွင်[[အာရေဘီးယားကျွန်းဆွယ်]]တောင်ဖက်ပိုင်းတစ်ခုလုံးကို ကောင်းစွာဩဇာလွမ်းမိုးထားခဲ့သည်။
|