သခင်ကိုယ်တော်မှိုင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၇၂ -
== အယ်ဒီတာဘဝ ==
 
ဆရာကြီး အသက် ၄၀ အရွယ် ၁၉၁၄-၁၅ခန့်တွင်၁၅ ခန့်တွင် ဇနီးသည် ဒေါ်ရှင် ကွယ်လွန်သည်။ သားသမီးလေးဦးကျန်ခဲ့ကာ အငယ်ဆုံးသမီးလေးမှာ ၁၁ လအရွယ်သာရှိသေးသည်။ ဆရာကြီး အလွန် ကသီလင်တ ဖြစ်ရသည်။ ထိုမျှ ဒုက္ခရောက်သည့် နှစ်ပိုင်းများတွင် ဆရာကြီးသည် အရေးကြီးသည့် ဗိုလ်ဋီကာဆောင်းပါးများကို ရေးသားခဲ့သည်။ စာအုပ် အဖြစ် လည်း ရိုက်နှိပ်ထုတ်ဝေ နိုင်ခဲ့သည်။
 
ဆရာကြီးသည် ၁၉၂၀ ပြည့်နှစ်ခန့်အထိ သူရိယ သတင်းစာတိုက်တွင် မြန်မာစာဘက်ဆိုင်ရာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ သူရိယတွင် အယ်ဒီတာလုပ်သည်မှာ တိုင်းပြည်အကျိုး အတွက် ဖြစ်သော်လည်း သပိတ်မှောက် ကျောင်းသားများ ကိစ္စမှာ အလွန် အရေးကြီးသော အမျိုးသားရေး ကိစ္စဟု မြင်ကာ စားဝတ်နေရေး အခက်အခဲရှိသည့်ကြားမှ ကျောင်းသားများနှင့် အမ်အေ ဦးမောင်ကြီးတို့၏ တောင်းပန်ချက်အရ သူရိယ သတင်းစာမှ အလုပ်ထွက်ပြီး ဗဟန်း အမျိုးသားကောလိပ်တွင် [[မြန်မာစာ]]ပေနှင့် ရာဇဝင်ဘာသာရပ်များ ပို့ချသင်ကြားသည့် တာဝန်ကို ယူခဲ့သည်။