ဂျီအက်စ်အမ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
[[Image:GSMLogo.svg|thumb|200px|စနစ်နှင့် သုံးစွဲ၍ရနိုင်သော လက်ကိုင်ဖုန်းများ နှင့် ကိရိယာများတွင် တွေ့နိုင်သည့် GSM အမှတ်တံဆိပ်]]
'''ဂျီအက်စ်အမ်'''(GSM) ဆိုသည်မှာ ရွေ့လျားဆက်သွယ်ရေးအတွက် တကမ္ဘာလုံးနှင့်သက်ဆိုင်သောစနစ် (Global System for Mobile Communication) ကို အတိုကောက်ခေါ်ဝေါ်ခြင်းဖြစ်သည်။ ထိုစနစ်သည် ကမ္ဘာပေါ်တွင် လက်ကိုင်ဖုန်းများနှင့် ပတ်သက်၍ လူကြိုက်အများဆုံးစနစ်ဖြစ်သည်။ ထိုစနစ်၏ သုံးစွဲမှု ကို မြှင့်တင်သည့်အဖွဲ့ဖြစ်သော ဂျီအက်စ်အမ် အဖွဲ့ (GSM Association) ၏ ခန့်မှန်းချက်အရ ကမ္ဘာ့ လက်ကိုင်ဖုန်းစျေးကွက်၏ ၈၂ ရာခိုင်နှုန်းသည် ဂျီအက်စ်အမ်စနစ်ကို အသုံးပြုနေသည်ဟု သိရသည်။ ဂျီအက်စ်အမ်ကို နိုင်ငံနှင့် နယ်မြေ ၂၁၂ခုနှင့်အထက်တွင် လူပေါင်း ၃ ဘီလီယံကျော်က သုံးစွဲနေကြသည်။ သူ၏နေရာတကာတွင် ရှိနေမှုကြောင့် လက်ကိုင်ဖုန်း အော်ပရေတာ ကုမ္ပဏီများတွင် နိုင်ငံတကာကွန်ယက်များအတွင်းလှည့်လည် အသုံးပြုခြင်း(international roaming) သည် အလွန်တွင်ကျယ်လာကာ ဖုန်းဝန်ဆောင်မှု ကို ရယူထားသူတို့ကို ကမ္ဘာ၏နေရာတော်တော်များများတွင် သုံးစွဲခွင့် ရရှိစေသည်။ ဂျီအက်စ်အမ်သည် သူ၏ရှေ့က စနစ်များနှင့် ကွာခြားမှုမှာ အချက်ပြလှိုင်း ထုတ်လွှတ်မှု (signalling)နှင့် စကားပြောချယ်နယ် (speech channels)မှာ ဒီဂျစ်တယ်စနစ်ကို သုံးထားခြင့်ဖြစ်ပြီး ထိုအကြောင်းကြောင့် ဂျီအက်စ်အမ်အား ဒုတိယမျိုးဆက် ရွေ့လျားဖုန်းစနစ် (2G) ဟုသတ်မှတ်ကြသည်။ အချက်အလက်ဆက်သွယ်ရေးနှင့်ပတ်သက်၍လည်း စနစ်အပေါ်တွင် လွယ်ကူစွာ အကောင်အထည်ဖော်နိုင်စေသည်။