ကာ၊ ဦး (ပါမောက္ခချုပ်): တည်းဖြတ်မှု မူကွဲများ
Content deleted Content added
စာကြောင်း ၂၂ -
==အစ္စလာမ်ဘာသာရေးအဖွဲ့များတွင် ပါဝင်ဆောင်ရွက်ခဲ့ပုံ==
၁၉၅၄-ခု နိုဝင်ဘာ ၂ ရက်နေ့က ဗမာမွတ်စလင်မ်ကွန်ဂရက်(ဗမက)အဖွဲ့ ဖျက်သိမ်းပြီး အစ္စလာမ်သာသနာရေးရာကောင်စီကို ဖွဲ့စည်း ရန် ဗမကအဖွဲ့ရုံး၌ ညှိနှိုင်းဖွဲ့စည်းဝေးစဉ် ဆရာကြီးဦးကာအားဘဏ္ဍာရေးမှူးအဖြစ် အများက လျာထားသည်။ ၁၉၅၄-ခု ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကနေဒီလမ်း၊ ဇိနတ်
၁၉၅၈ ခု၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ဝန်ကြီးချူပ်၏ပြည်ထောင်စု စီမံကိန်းကောင်စီဌာနချူပ်၌ ကျင်းပသော အသင်းအဖွဲ့ပေါင်းစုံမှ ကိုယ်စား လှယ်များ၏ပဏမ ဆွေးနွေးပွဲသို့ ရန်ကုန်တက္ကသိုလ်မှ ဆရာကြီး ဦးကာတက်ရောက်ပါဝင်ဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင်ဆေးသိပ္ပံ ကျောင်းသားများအသင်း ကိုယ်စားလှယ်က မွတ်စလင်မ်ကျောင်းသူ ကျောင်းသားများအတွက်သီးခြားထမင်းစားရုံနှင့် သီးခြားကျောင်းဆောင်များရရှိရေး အကြံပေးသည်။ ဆရာကြီးဦးကာက အတွေ့အကြုံရင့်ကျက်သူပီပီ သီးခြားကျောင်းဆောင် တောင်းခံလျှင်မသင့်။ ယခင်သီးခြားထမင်းစားရုံနှင့်သီးခြားထမင်းချက် ထားရှိပေးရေးဆိုလျှင် ဖြစ်နိုင်စရာရှိကြောင်း စစ်ကြိုနှင့် စစ်ပြီးခေတ်အတွေ့အကြုံများကို သာဓက ဆောင်၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။ ၁-၈-၅၈နေ့ မွတ်စလင်ကုန်သည်ကြီးများအသင်း၌ကျင်းပသော အစည်းအဝေးတွင် ဆရာကြီး၏ အကြံပြုချက်အတိုင်း အောင်မြင်မှုရရှိပြီးဖြစ်ကြောင်းဇူလိုင် ၂၉ ရက်နေ့စွဲ ပါ ကျောင်းဆောင်စားသောက်ရေးကော်မတီ၏ ပြန်စာအမှတ် ၁၅၉၃ အိပ်ချ်အက်ဖ် ၂၂ ကို ရှင်းလင်းပြသည်။ ပါမောက္ခချူပ်ဆရာကြီး ဦးကာသည် နိုင်ငံတော်တွင် အဆင့်မြင့်ရာထူးကြီးများကို တာဝန်ယူ ထမ်းဆောင်သကဲ့သို့တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကိုယ်စားပြုသော ဘာသာရေးအသင်း အဖွဲ့များနှင့်လည်း မကင်းကွာဘဲစိတ်ဝင်တစားပါဝင်ကြောင်း၊ကူညီကြောင်း သိရှိရပါသည်။
|