ဆာမူရိုင်း: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၀ -
ဆာမူရိုင်းစစ်သူရဲတို့သည် မိမိတို့ဘာသာ "စစ်သူရဲလမ်းစဥ်" သို့မဟုတ် ဘူရှီဒိုကို လိုက်နာကျင့်သုံးသူများအဖြစ် ခံယူလေ့ရှိသည်။ ဂျပန်အဘိဓာန်တွင် ဘူရှီဒိုဟူသော စကားလုံးကို ရှိုဂတ်ကုကန် ကိုကုဂို ဒိုင်းဂျိတန် (Shogakukan Kokugo Daijiten) ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပြီး "မူရိုမာချီ(Muromachi) သို့ ချူဆေးခေတ်(chusei) တွင် စစ်သူရဲများအကြား ပျံ့နှံ့နေသော သီးသန့် ယုံကြည်ယူဆချက်(ronri)" ဟု အဓိပ္ပာယ်ရသည်။ အစကနဦးထဲကပင် ဆာမူရိုင်းတို့သည် သခင်တစ်ယောက်ကို အသက်ပေး၍ သစ္စာရှိခြင်း၊ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းသည် စစ်သူရဲတစ်ယောက်၏ ဂုဏ်သိက္ခာရှိသော အပြုအမူနှင့် လမ်းစဥ်ဟု ယုံကြည်ကြသည်။
 
ဥပမာအားဖြင့် ကာတို ကိယိုမာဆာ(၁၅၆၂-၁၆၁၁) သည် ဆန်ဂေါ့ကုခေတ်မှ အာဏာအရှိဆုံး နှင့် အထင်ရှားဆုံး အရှင်သခင်တစ်ယောက်ဖြစ်သည်။ပဒေသရာဇ်တစ်ယောက်ဖြစ်သည်။ သူသည် ဂျပန်၏ အဓိက ဂိုဏ်းများကို ကိုရီးယားကို ကျူးကျော်စဥ် (၁၅၉၂-၁၅၉၈) အတွင် အမိန့်ပေးစေခိုင်းခဲ့သည်။ လက်စွဲစာအုပ်ထဲတွင် သူက မည်သည့်အဆင့် ရှိသည့် ဆာမူရိုင်းမဆို စစ်သူရဲတို့၏ဘဝတွင် တစ်ခုတည်းသော တာဝန်မှာ ဓားတိုဓားရှည်များကို ဆွဲ၍ သေဆုံးရန်ဟု သူ၏နောက်လိုက်များကို ပြောခဲ့သည်။ သူက နောက်လိုက်များကို ဂန္တဝင်စစ်ပညာများ အထူးသဖြင့် သစ္စာစောင့်သိမှုနှင့် သားကောင်းပီသမှုနှင့် ပတ်သက်သော အရာများကို အစွမ်းကုန်ကြိုးစားအားထုတ်၍ သင်ကြားရန် အမိန့်ပေးခဲ့သည်။ သူသည်
<blockquote>"အကယ်၍ လူတစ်ယောက်သည် ဘူရှီဒိုလမ်းစဥ်ကို နေ့စဥ်စူးစမ်းမှုမရှိပါက သူအနေနှင့် ရဲဝံ့၍ ယောကျ်ားပီသသော သေဆုံးခြင်းမျိုးဖြင့် သေဆုံးရန် ခဲယဥ်းသည်။ ထိုအတွက်ကြောင့် စစ်သူရဲတစ်ယောက်၏ အလုပ်ကို စိတ်အတွင်း၌ စွဲစွဲမြဲမြဲနှလုံးသွင်းထားရန် မရှိမဖြစ်လိုအပ်သည်။"</blockquote> ဆိုသောဆိုရိုးစကားနှင့် ပတ်သက်၍ လူသိများသည်။
 
နာဘဲရှိမ နာအိုရှီဂဲ (၁၅၃၈ -၁၆၁၈ အေဒီ) သည် အခြား ဆန်ဂေါ့ကု ပဒေသရာဇ်တစ်ယောက်ဖြစ်ြပီး ကာတို ကိယိုမာဆာ နှင့်တွဲဖက်၍ ကိုရီးယားတွင် တိုက်ခိုက်ခဲ့သူလည်းဖြစ်သည်။ သူက မည်သည့်ယောကျ်ားမဆို မည်သည့်ရာထူးအဆင့်၌ ရှိသည်ဖြစ်စေ တာဝန်ထမ်းဆောင်စဥ်အတွင် တစ်ချိန်တစ်ခါမှ သက်စွန့်ဆံဖျားပြုမူဆောင်ရွက်ခြင်းမရှိခဲ့ဖူးလျှင် ရှက်စရာကောင်းသည်ဟု ရိုးရှင်းစွာဆိုသည်။
နာဘဲရှိမ၏စကားကို သူ၏သားနှင့် မြေးတို့သို့ လက်ဆင့်ကမ်းပေးခဲ့ပြီး နောက်ပိုင်းတွင် ဆုနဲတိုမို ယာမာမိုတို၏ ဟာဂါကူရဲ ဖြစ်လာခဲ့သည်။ သူသည်
<blockquote>"ဘူရှီဒိုဆိုသည်မှာ အသက်အသေခံရန် ရူးသွပ်စွာ ယုံကြည်ခြင်းပင်ဖြစ်သည်။ ထိုသို့သော လူတစ်ယောက်ကို လူငါးဆယ်နှင့် အထက်ကပင် မသတ်နိုင်"</blockquote> ဟူသော စကားအတွက် ထင်ရှားသည်။