ခင်မျိုးချစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၃၂ -
တိုးတက်ရေးနှင့် ဘာမား ဂျာနယ် တို့တွင် အယ်ဒီတာ အဖွဲ့ဝင်နှင့် ပင်တိုင် ဆောင်းပါးရှင် (၁၉၃၇)၊ ၁၉၃၈ ကျောင်းသား သပိတ်တွင် တက်ကြွစွာ ပါဝင်သည့် သပိတ်မှောက် ကျောင်းသူ၊ [[ဘီဒီအေ]] စစ်ရုံး ဘာသာပြန် ဌာန အမှုထမ်း (၁၉၄၁ - ၄၅)၊ [[အိုးဝေသတင်းစာ]] အယ်ဒီတာ အဖွဲ့ဝင် (၁၉၄၇)၊ [[တိုင်းရင်းသူဂျာနယ်]] အယ်ဒီတာ အဖွဲ့ဝင် (၁၉၄၈)၊ [[စာပေဗိမာန်]] စာပြု (၁၉၄၉ - ၅၂)၊ [[ရန်ကုန်တက္ကသိုလ်]] အင်္ဂလိပ်စာ ဌာန နည်းပြ (၁၉၅၂ - ၅၃)၊ [[ဂါးဒီးယန်းသတင်းစာ]] လက်ထောက် အယ်ဒီတာ (၁၉၅၈ - ၆၂)၊ လုပ်သား ပြည်သူ့ နေ့စဉ် (အင်္ဂလိပ်) သတင်းစာ အယ်ဒီတာ (၁၉၆၃ - ၆၈)၊ မိသားစုတွက် 'ပျော်တော်ဆက်' ဟာသ စာစောင် တွဲဖက် ထုတ်ဝေသူနှင့် တာဝန်ခံ အယ်ဒီတာ (၁၉၇၁)၊ 'သောင်းပြောင်း ထွေလာ ရယ်စရာ' စာစောင်တွင် ပင်တိုင် ဆောင်းပါးရှင် (၁၉၈ဝ - ၈၅) စသည် တာဝန် ယူခဲ့သည်။ ၁၉၄၇ တွင် [[အိန္ဒိယနိုင်ငံ]] [[နယူးဒေလီမြို့]]၌ ကျင်းပသည့် အာရှတိုက် ဆိုင်ရာ ယဉ်ကျေးမှု ညီလာခံသို့ တက်ရောက် ခဲ့သည်။
 
၁၉၃၂ - ၃၃ တက္ကသိုလ်မဂ္ဂဇင်း ဝသန္တစာစောင်တွင် ဆာဝါ (လ) တာစကော့၏ ကဗျာ The Lay of The Last Minstrel ကို မှီးထားသော "ဇာတိမာန်"နှင့် "တို့ပြည်၊ တို့မြေ" တေးထပ် နှစ်ပုဒ် ရေးခဲ့ရာ မဂ္ဂဇင်း အယ်ဒီတာက 'ခင်မျိုးချစ်' ဟူသော ကလောင် အမည် ပေးခဲ့ရာမှ အစပြုပြီး ခင်မျိုးချစ် အမည် တွင်ခဲ့သည်။ ထို့နောက် [[ဒဂုန်မဂ္ဂဇင်း]]၊ [[သူရိယသတင်းစာ]]၊ [[ဘားမားဂျာနယ်]] တို့တွင် ဆောင်းပါးများ ရေးခဲ့သည်။ သူရိယ သတင်းစာတွင် "ကောလိပ် ကျောင်းသူ" အခန်းဆက် ဝတ္ထုရှည် ရေးခဲ့သည်။ ထင်ရှားသော စာအုပ် အချို့မှာ ကောလိပ် ကျောင်းသူ (၁၉၃၆)၊ မောင်တို့ ယောကျာ်းယောက်ျား (၁၉၄၈)၊ သတင်းစာ လောက (၁၉၅၂)၊ အပျင်းဖြေနည်း (၁၉၅၃)၊ ကမ္ဘာကျော်ကြား စာနှင့် စကား (၁၉၅၄)၊ ဥရောပ စာပေ နိဒါန်း [ရှေးခေတ်၊ အလယ်ခေတ်] (၁၉၇ဝ)၊ တို့လူလေးများ ဆိုသလေ (၁၉၇ဝ)၊ နှစ်လောက တိုက်ပွဲ (၁၉၇ဝ)၊ မိုက်ကယ်အိန်ဂျလို (၁၉၇၄)၊ ဥရောပ ယဉ်ကျေးမှု အနုပညာ မိတ်ဆက် (၁၉၇၆)၊ စွန့်ခဲ့ရကျွန်မဘဝပါရှင် (၁၉၇၆)၊ ကိုင်း ... ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ (၁၉၉၉)၊ အင်္ဂလိပ်စာ အင်္ဂလိပ်စကား (၂ဝဝ၁) တို့ ဖြစ်သည်။
 
[[၁၉၅၆]] ခု မေလထုတ် [[ဂါးဒီးယန်းမဂ္ဂဇင်း]]တွင် ပါဝင်သော The 13 Carat Diamond သည် ပထမဆုံး ဖော်ပြ ခံရသော ဝတ္ထုတို ဖြစ်သည်။ အင်္ဂလိပ် ဘာသာဖြင့် ပြုစု ခဲ့သော စာအုပ် အချို့မှာ Three Years Under The Jpas (၁၉၅၄), Anwrahta of Burm (Myanmar) [King Among Men] (1970), Burmese (Myanmar) Scenes and Sketches (1977), Flowers and Festivals Round the Burmese (Myanmar) Year (1980), Colourful Burma (Myanmar) (1978), The 13 Carat Diamond and Other Stories (1969), A Wonderland of Pagoda Legends (1981), Gift of Laughter (1995) တို့ ဖြစ်ကြသည်။ The 13 Carat Diamond ဝတ္ထုတိုကို ဂျာမန်၊ အူရဒူ၊ ယူဂိုဆလပ်၊ အီတာလျံ ဘာသာများသို့ ပြန်ဆို ခဲ့ကြသည်။ ၁၉၇ဝ ပြည့်နှစ်တွင် ကျင်းပသည့် [[အရှေ့တောင်အာရှ]] စာရေး ဆရာများ အတွက် အင်္ဂလိပ် ဘာသာ ဝတ္ထုတို ပြိုင်ပွဲတွင် Her Infinite Variety ဖြင့် ပထမဆု ရရှိ ခဲ့သည်။ ၁၉၈၃ တွင် [[လွတ်လပ်ရေးမော်ကွန်းဝင်]] တတိယဆင့် ချီးမြှင့် ခံရသည်။
စာကြောင်း ၅၃ -
၇။ ကောလိပ်ကျောင်းသူဝတ္ထု
 
၈။ မောင်တို့ယောက်ျားဝတ္ထု
၈။ မောင်တို့ယောကျာ်းဝတ္ထု
 
၉။ အပျင်းဖြေနည်း
၉။ အပြင်းဖြေနည်း
 
၁၀။ တို့လူလေးများဆိုသလေး (ဘာသာပြန်)