No edit summary
No edit summary
စာကြောင်း ၃ -
 
ဂျီအက်စ်အမ် စနစ်ကို နေရာတကာတွင် အသုံးပြုခြင်းသည် အသုံးပြုသူနှင့် ကွန်ယက်ကို စီမံခန့်ခွဲသူ နှစ်ဦးနှစ်ဖက်စလုံးကို အကျိုးရှိစေသည်။ အသုံးပြုသူများအနေဖြင့် ဖုန်းကို ပြောင်းလဲရန်မလိုပဲ လှည့်လည်သွားလာရင်း ဖုန်းလိုင်း(carrier) ကို ပြောင်းလဲအသုံးပြု နိုင်ပြီး ကွန်ယက်စီမံခန့်ခွဲသူများ အနေနှင့်မူ ဂျီအက်စ်အမ်စနစ်အတိုင်း လိုက်နာပြုလုပ်ထားသော မည်သည့် စက်ကိရိယာရောင်းချသူထံမှ မဆို စက်ကိရိယာများ ရွေးချယ်ဝယ်ယူနိုင်ခြင်းကြောင့် အကျိုးဖြစ်ထွန်းစေသည်။ ဂျီအက်စ်အမ်စနစ်မှ ကွန်ယက်ဖုန်းလိုင်းများတွင် ဈေးသက်သာစွာ ဆယ်သွယ်နိုင်သော အမှာစကား အတိုကောက်ပိုဆောင်နိုင်သည့် ဝန်ဆောင်မှု သို့မဟုတ် အက်စ်အမ်အက်စ် (Short message service or SMS) ကို အစဦးတီထွင်ခဲ့ပြီး ယခုအခါ အခြားရွေ့လျားဖုန်း စံသတ်မှတ်ချက် များတွင်လည်း ထိုဝန်ဆောင်မှု ကိုရရှိနိုင်ပြီဖြစ်သည်။ အခြားသော အကျိုးကျေးဇူးမှာ ဂျီအက်စ်အမ် စံသတ်မှတ်ချက်အတွင်း၌ တကမ္ဘာလုံးတွင် သုံးနိုင်သော အရေးပေါ် တယ်လီဖုန်း နံပါတ် ၁၁၂ ပါဝင်ခြင်းပင်ဖြစ်သည်။ ထိုအချက်ကြောင့် အပြည်ပြည်ဆိုင်ရာ ခရီးသွားလာသူများအနေဖြင့် ဒေသဆိုင်ရာ အရေးပေါ်နံပါတ်ကို သိရန်မလိုပဲ အရေးပေါ်ဝန်ဆောင်မှုများသို့ လွယ်ကူစွာ ဆက်သွယ်၍ ရနိုင်သည်။
 
စံသတ်မှတ်မှု၏ ဗားရှင်းအသစ်များသည် နဂိုမူလ ဂျီအက်စ်အမ်ဖုန်းများဖြင့် ဆီလျော်ကိုက်ညီမှုရှိသည်။ ဥပမာအားဖြင့် ၉၇ခုနှစ် ထုတ်ဝေသော စံသတ်မှတ်မှုတွင် ပက်ကက် အချက်အလက်များကို အထွေထွေ ပက်ကက် ရေဒီယိုစနစ် (General Packet Radio Service (GPRS)) ကို အသုံးပြု၍ ဆောင်ရွက်နိုင်ရန် ထည့်သွင်းခဲ့ပြီး ၉၉ခုနှစ် စံသတ်မှတ်မှုတွင် ပိုမို၍ မြန်ဆက်သော အချက်အလက်ထုတ်လွှတ်မှု ကို ဂျီအက်စ်အမ် ဆင့်ကဲဖြစ်ပေါ်လာမှုအတွက် တိုးတက်ပြောင်းလဲထားသော အချက်အလက်ထုတ်လွှတ်မှုနှုန်း (Enhanced Data Rates for GSM Evolution (EDGE)) ကို စတင်မိတ်ဆက်ပေးခဲ့သည်။
 
==သမိုင်းကြောင်း==