လိင်တူစုံမက်ခြင်း: တည်းဖြတ်မှု မူကွဲများ

writing format doesn't meet wiki style
စာကြောင်း ၁၁၈ -
[[zh-yue:同性戀]]
[[zh:同性戀]]
 
 
 
 
 
 
 
လိင်တူချင်း ချစ်သူများအကြောင်း သိကောင်းစရာ
 
 
လိင်တူချင်း စုံမက်တယ်ဆိုတာ ဘာလဲ။
 
လိင်တူချင်းစုံမက်တယ်ဆိုတာက ဆန့်ကျင်ဘက်လိင်ကို စိတ်မဝင်စားဘဲ ယောကျာ်းလေးက ယောက်ျားလေးကိုပဲ မျက်စိကျတာ၊ မိန်းကလေးက မိန်းကလေးချင်းပဲ မျက်စိကျတာမျိုးကို ခေါ်တာပါ သား။ အရပ်သုံးစကားနဲ့ ပြောရရင်တော့ကွာ လိင်တူချင်းမှ စုံမက်တဲ့ ယောက်ျား ‘မိန်းမလျာ’၊ ‘အခြောက်’၊ ‘ဂန်ဒူး’၊ ‘ဂျီပုန်း’၊ ‘ဂျယ်’၊ ‘ဂေး’ စသဖြင့် အမျိုးစုံခေါ်တတ်ကြတယ်။
 
လိင်တူချင်းမှ စုံမက်တဲ့ မိန်းကလေးကိုကျတော့ ‘ယောက်ျားလျာ’ လို့ အခေါ်များပြီး အခြားဘန်းစကားတွေကကျတော့ နည်းနည်းရိုင်းလို့ သားတင်မက အများပါ ဖတ်နေတဲ့ စာထဲမှာ ထည့်မရေးပါရစေနဲ့တော့၊ တကယ်တော့ သားရယ် လောကမှာ ယောက်ျားလျာ၊ မိန်းမလျာတွေဟာ လူတောမတိုးလှတဲ့ လူတန်းစားတစ်ရပ်ဖြစ်နေပါတယ်။
 
အများစုအနေနဲ့ သူတို့ကို မူမမှန်သူများ၊ ဒါမှမဟုတ်ရင်လည်း ဖောက်ပြန်နေသူများအဖြစ် သတ်မှတ်ထားကြလေတာကိုး။ သတ်မှတ်ကြဆို အဲသလိုဖြစ်နေတာကလည်း လူနည်းစုသာဖြစ်နေတာက အဓိကပဲလို့ ပညာရှင်တွေ၊ သုတေသီတွေက ဆိုကြတယ်။ အများညီရင် ‘ဤ’ ကို ‘ကျွဲ’ ဖတ်လို့ ရတယ်ဆိုတဲ့စကားအတိုင်းပေါ့ သားရယ်။ သူတို့တွေမှာက အများနဲ့မညီတော့ ‘ဤ’ ကို ‘ကျွဲ’ လို့ပဲ မြင်နေတဲ့ သဘောပဲပေါ့လေ။ ဘာပဲဖြစ်ဖြစ်၊ သုတေသနများအရ ကမ္ဘာတစ်ဝှန်းလုံးမှာ ယောက်ျားဆယ်ယောက်မှာ တစ်ယောက်၊ မိန်းမဆယ်ယောက်မှာ တစ်ယောက်လောက်ကတော့ လိင်တူချင်းစုံမက်တတ်ကြတယ်လို့ ဆိုထားတယ် သားရဲ့။
 
ဒါပေမယ့် လိင်စိတ်ဆိုတဲ့အမျိုးက မရှင်းလှဘူးကွ။ သူ့ဘာသာ လိင်တူချင်းပဲ စုံမက်စုံမက်၊ လိင်ကွဲမှပဲ ကြိုက်ကြိုက်၊ လိင်စိတ်ဆိုတာကိုက ပညာရှင်တွေတောင် ကျနသေချာ မရှင်းနိုင်သေးတဲ့ လူ့အငုံ့စိတ်တစ်မျိုးပဲ။ လိင်ကွဲချင်းကြိုက်တတ်သူ ယောကျာ်းမိန်းမများပင်လျှင် အမှန်တိုင်းဖွင့်ဟဝန်ခံရဲတဲ့သတ္တိမျိုး မရှိရင်သာနေလိမ့်မယ်။ ဘဝတစ်သက်တာမှာတော့ ငယ်နုစဉ်အခါတုန်းကဖြစ်ဖြစ် လိင်တူချင်းသာယာမှု ရှာဖူးချင်ရှာဖူးခဲ့နိုင်ပါတယ်သား။
 
ယနေ့ကာလမှာ တချို့ပညာရှင်တွေက လိင်စိတ်ကို အသားပေးလွန်းတယ်လို့ အဝေဖန်ခံရတဲ့ စိတ်ပညာ ဖခင်ကြီးတစ်ဦးဖြစ်လေတဲ့ ပါမောက္ခ ဆစ်ဂမန်(ထ်) ဖရွိုက်(ထဲ)ကတော့ လူရယ်လို့ မွေးလာကတည်းက ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ လိင်စိတ်နှစ်မျိုးစလုံး ပါရှိတယ်လို့ဆိုသကွ။ ဆိုလိုတာက လိင်ကွဲကိုလည်း သာယာတယ်၊ လိင်တူကိုလည်း သာယာတယ်ဆိုတဲ့ စိတ်မျိုးက သူ့အဆိုအရ မွေးရာပါတဲ့။ ဒါပေမယ့် အရွယ်ရောက်လာတဲ့အခါ တစ်မျိုးကသာ လွှမ်းမိုးသွားတယ်ပေါ့ကွယ်။
 
ဖေဖေတို့မျက်စိရှေ့မှာတင် အိမ်ထောင်ရက်သားကျပြီး ကလေးတွေမွေးထားတဲ့ ကျားကျားလျားလျား ယောကျာ်းကြီး တချို့ဟာ သူတို့ကိုယ်သူတို့ လိင်တူချင်းမှ ကြိုက်တတ်သူများအဖြစ် ဗြောင်ကျကျ ဝန်ခံတာတွေ ဖေဖေတွေ့ခဲ့ဖူးတယ်။ အလားတူပဲ၊ မိန်းမနဲ့ ရံဖန်ရံခါ ပတ်သက်တတ်တဲ့ မိန်းမလျာတွေ၊ ယောက်ျားနဲ့ ရံဖန်ရံခါ ပတ်သက်တတ်တဲ့ ယောက်ျားလျာတွေလည်း သည်လောကမှာ အမှန်တကယ်ရှိပါတယ်။
 
အဲတော့ကာ ပွေလီလှတဲ့ လူ့ဘောင်လောကမှာ ရာနှုန်းပြည့်လိင်တူချင်းမှ စုံမက်သူ၊ ရာနှုန်းပြည့် လိင်ကွဲကိုမှ တပ်မက်သူရယ်လို့ အပြတ်အသား ရှိနေတာမျိုး အင်မတိ အင်မတန်ကို ရှာပါးလှတယ်လို့ စိတ်ပညာရှင် အများစုက ဆိုထားပါတယ် သားလေးရေ့။ အဲတော့ကွာ၊ လိင်စိတ်ဆိုတာ မွေးကတည်းက ကိုယ်ထဲမှာ တစ်သမတ်တည်း တည်နေအောင် ထည့်ပေးလိုက်လို့ရတဲ့ စိတ်မျိုးမဟုတ်ဘူးသားရဲ့။ စိတ်တို့ရဲ့သဘာဝအတိုင်း တဖြည်းဖြည်းချင်း ရင့်မာလာတဲ့သဘော၊ မခိုင်ကျည်တဲ့သဘော၊ ပြောင်းလဲ တိုးတက်ဖွံ့ဖြိုးနေတဲ့သဘောကို ဆောင်နေတယ်။
လူပျိုပေါက်စမှာ တွေဝေယိမ်းယိုင်မှုများနဲ့ စိတ်ကူးယဉ်မှုများ
 
ဆယ်ကျော်သက်ရွယ် အလယ်ပိုင်းလို့ဆိုအပ်တဲ့ ၁၄-၁၅-၁၆ နှစ်အရွယ်မှာ လိင်စိတ်က စတင်နိုးကြားလာပါတယ်။ သည်အရွယ်မှာ ကိုယ်ခန္ဓာကလည်း အတော်လေး ပြောင်းလဲ ဖွံ့ဖြိုးလာခဲ့မှကိုး။ ဒါပေမယ့် လူအတော်များများအတွက် သည်အချိန်ဟာ အတော့်ကို စိတ်ရှုပ်စရာကောင်းနေသလို တွေတွေဝေဝေလည်း ဖြစ်နေရတတ်တယ် သားရဲ့။
 
ကိုယ့်ကိုယ်ကို ဘယ်လိင်စိတ်ဘက်ကို ဦးတည်နေမှန်း အပြတ်အသား မဝေခွဲနိုင်လောက်အောင် ကိုယ်ခန္ဓာကရော၊ စိတ်အခြေအနေကပါ တအားကြီး ပြောင်းလဲနေလို့ပါပဲကွယ်။ သည်အရွယ်မှာ ယောကျာ်းလေးချင်း ရေချိုးခန်းထဲမှာ ကိုယ်လုံးတီးဆုံမိတာနဲ့တင် လိင်စိတ်နိုးကြားနေတာမျိုးတွေ ဖြစ်တတ်တယ်။ အဲဒီ့အခါ ကိုယ့်ကိုယ်ကို ဘယ်လိုနားလည်ရမှန်းမသိ ဖြစ်ကုန်တယ်။ အမှန်တော့ ယောကျာ်းလေး၊ မိန်းကလေးဆိုတဲ့ လိင်နှစ်မျိုးစလုံးဟာ လူပျိုပေါက်စ၊ အပျိုပေါက်စမှာ အဲသလိုတွေဖြစ်တတ်တာဟာ သဘာဝပဲ သားရဲ့။ ကိုယ်နဲ့ လိင်ချင်းတူသူများကို ဝတ်လစ်စလစ်မြင်ရတဲ့အခါ ငယ်နုသေးတဲ့အရွယ်မှာ လိင်စိတ်နိုးကြားလာတာဟာ တကယ်တော့ ဘာဆိုဘာမှ အရေးမကြီးလှပါဘူး။
 
အဲသလို ဖြစ်သွားလို့လည်း မိမိကိုယ်ကို လိင်တူချင်းမှစုံမက်သူဖြစ်နေပြီလို့ သတ်မှတ်လို့ မရနိုင်သေးဘူး။ ဒါမှမဟုတ်ရင်လည်း ကိုယ်နဲ့လိင်တူ သူငယ်ချင်းကို ချစ်ခင်တွယ်တာလွန်းမိနေတဲ့အတွက်ကြောင့်လည်း ကိုယ့်ကိုယ်ကို လိင်တူချင်း စုံမက်နေပြီလားလို့ သံသယဝင်စရာ မလိုဘူးနော် သား။ သည်အရွယ်မှာ ကိုယ်ခန္ဓာဆိုတဲ့ စက်ယန္ဒယားကြီးက သူ့ဘာသာ အလိုလို ဖွံ့ဖြိုး နိုးထ လှုပ်ရှားနေတာပါ။
 
ဘာ အတွေ့အကြုံ၊ အသိအမြင်မှ ပီပီသသမရသေးခင်မှာ လိင်တူချင်း မြင်ရ၊ တွေ့ရ၊ ထိတွေ့ဆက်ဆံရခြင်းများကြောင့် လိင်စိတ်နိုးကြားလာတာဟာလည်း ကိုယ်က အတင်းလိုက်ထိန်းချုပ်လို့ ရတာမျိုးမဟုတ်ဘူးလေ။ တစ်နည်းပြောရရင်ကွာ စိတ်သွားတိုင်း ကိုယ်ပါတဲ့ အခြေအနေကို မရောက်သေးဘဲ အရာရာကို စူးစမ်းနေတဲ့ ခန္ဓာရဲ့သဘော၊ စိတ်ရဲ့သဘောများကြောင့် သူ့အလိုလိုဖြစ်နေတာသက်သက်ပဲကွ။ ဒါလေးတစ်ခုတည်းနဲ့ ကိုယ့်လိင်စိတ်ကဖြင့် ဘယ်ကဲ့သို့၊ ဘယ်ချမ်းသာလို့ သတ်မှတ်ရင်၊ ဒါမှမဟုတ် စိုးရိမ်မိနေရင် နည်းလမ်းလည်းမကျ၊ အဓိပ္ပါယ်လည်း မရှိပါဘူး သားရယ်။
 
လိင်တူချင်း ဝတ်လစ်စလစ် မြင်လိုက်ရချိန်မှာ ကိုယ့်ငယ်ပါ တင်းလာတာဟာလည်း ကိုယ်က လိုက်ထိန်းချုပ်နေလို့ ရတာမျိုးမဟုတ်ဘူး သားရဲ့။ အဲဒါကလည်း တကယ့်သဘာဝစစ်စစ်ပဲလေ၊ လူလားမြောက်စ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုသက်သက်ပါပဲ။ အလားတူပဲ၊ တစ်ကိုယ်ရေအာသာဖြေတဲ့အခါမှာ လိင်တူချင်းကို ထည့်စိတ်ကူးယဉ်မိရုံနဲ့လည်း ဒါကို လိင်တူချင်းစုံမက်တဲ့စိတ်လို့ အတိအလင်း သတ်မှတ်လို့မရဘူး။ အဲဒီ့အခန်းမှာ ရေးပြခဲ့တုန်းကလိုပဲပေါ့ သားရာ၊ စိတ်ကူးဆိုတာ သူတစ်ပါး သိနိုင်တာမှ မဟုတ်တာ၊ ကိုယ့်စိတ်ထဲတင် ကြိုက်သလို ကြိတ်ပြီး ယဉ်ချင်တိုင်း ယဉ်လို့ရတဲ့ အမျိုးမဟုတ်လား။
 
စိတ်ကူးယဉ်တယ်ဆိုတာ လက်တွေ့ဘဝနဲ့ တကယ့်ကို တခြားစီပါ။ အထူးသဖြင့် လိင်စိတ်နဲ့စိတ်ကူးယဉ်တဲ့အခါ ဇာတ်သိမ်းခါနီးမှာ လူတွေဟာ မဟုတ်တမ်းတရားတွေကို ပိုလို့တွေးတတ်ကြပါတယ်။ အဲသလိုအချိန်မှာ လိင်တူချင်းစုံမက်တယ်ဆိုတဲ့ မဟုတ်တမ်းတရားကြောင့် တချို့လူတွေမှာ ပိုလို့ စိတ်လှုပ်ရှားတတ်ကြတာမို့ အဲလိုမျိုး စိတ်ကူးမိသွားရုံနဲ့တော့ ကိုယ့်ကိုယ်ကို လိင်တူချင်းစုံမက်တဲ့စိတ်မျိုးရှိနေတယ်လို့ အပြတ်ပြောလိုက်လို့ မရနိုင်ဘူးဆိုတာ သား မှတ်ထား။
ငါများ မိန်းမလျာ ဖြစ်နေပြီလား။
 
လူပျိုပေါက်စမှာ လိင်ကိစ္စနဲ့ပက်သက်လို့ စိတ်ရှုပ်မိရသမျှထဲမှာ ကိုယ့်ကိုယ်ကို မိန်းမလျာဖြစ်နေပြီလားလို့ တွေးမိတာလည်းတစ်ပြဿနာပဲသားရဲ့။ အမှတ်လွဲနေတာတစ်ခုနဲ့ မိန်းမလျာတွေနဲ့ ပေါင်းရင် မိန်းမလျာ ဖြစ်သွားမယ်ဆိုတဲ့ အတွေးပါ။ ဆိုလိုတာက မိန်းမလျာက ယောကျာ်းစစ်စစ်တစ်ယောက်ကို မိန်းမလျာ ‘ဇာတ်သွင်း’ လို့ရတယ်လို့ ထင်တာပေါ့ကွာ။ မရပါဘူး။ မိန်းမလျာဖြစ်အောင်လည်း လုပ်ယူလို့လုံးလုံးမရပါဘူး။ တချို့က ထင်ကြတယ်၊ ယောကျာ်းလေးတွေကို ကလေးဘဝက မိန်းမလို ဆင်ပေး၊ ဝတ်ပေး၊ ပြင်ပေးလိုက်ရင် ကြီးလာတဲ့အခါ မိန်းမလျာ ဖြစ်သွားလိမ့်မယ်လို့ပေါ့။ အဲဒါလည်း အတော် လွဲနေသကွ။ လွဲဆို အဲလိုမှ မဟုတ်ဘဲကိုး။ ဒါတင်မကသေးဘူး၊ မိန်းမလျာဖြစ်တာဟာ မျိုးရိုးလည်း မလိုက်တတ်ဘူး။ အဖေက လိင်တူချင်း စုံမက်သူဖြစ်နေတာနဲ့ သားလည်း သူ့လို လိုက်ဖြစ်မယ်လို့ ဘယ်သူမှ တတ်အပ်သေချာ မပြောနိုင်ဘူး။ မိန်းမလျာကို လူ့ဘောင်က အထင်အမြင်သေးတာ၊ ဝိုင်းပယ်ထားတာ များကြောင့် ယောကျာ်းလေးတွေခမျာမှာ ကိုယ့်ကိုယ်ကို မိန်းမလျာဖြစ်သွားမှာ အစိုးရိမ်လွန်နေတတ်ကြတယ် သားရဲ့။
 
စကားစပ်လို့ ပြောရရင် သားရယ်၊ သည် ‘သားငယ်တို့ နားလည်ဖို့’ ကို သားနဲ့တကွ သားရဲ့ ရွယ်တူတွေအနေနဲ့ သိသင့်တာတွေကို အရင်းအတိုင်း မှန်မှန်ကန်ကန် သိရပြီး လမ်းမှား မရောက်ရစေလိုတဲ့ ရည်ရွယ်ချက်နဲ့သရဖူမှာ အခန်းဆက် ဖော်ပြနေတာ အတော်တောင်ကြာသွားပြီ။ သားသိတဲ့ အတိုင်း ဖေဖေ့ဆီကို ၂၀ဝ၀ပြည့်နှစ်ကတည်းက စာဖတ်သူအမျိုးမျိုးက စာနဲ့ တစ်မျိုး၊ ဖုန်းနဲ့တစ်ဖုံ၊ လူကိုယ်တိုင်တစ်နည်း လာရောက် ဆက်သွယ်ပြောဆိုနေခဲ့ကြတယ်။ သည် ‘သားငယ်တို့ နားလည်ဖို့’ မတိုင်ခင်တုန်းကတော့ ဖေဖေ့ဆီကို ဆက်သွယ်ပြောဆိုလာသူတွေက မိန်းမသား အများစု၊ ယောကျာ်းဆိုတာ အင်မတိ အင်မတန်ရှားတယ်။ အခု သည်အခန်းဆက်ဆောင်းပါးနဲ့ ကျတော့မှပဲ ဖေဖေ့ဆီကို ဆက်သွယ်လာသူ စာဖတ်ပရိတ်သတ်တွေထဲမှာ ယောကျာ်းလေးအင်အား သိသိသာသာတိုးပွားလာတာ သားလေးအသိပဲ။ အထူးသဖြင့် သားတို့သာသာ လူငယ်လေးတွေနဲ့ လူလတ်တွေ။
 
ခမျာများမှာ ဘယ်ကတည်းက စိတ်သောက ရောက်နေရှာကြတယ်မသိဘူး။ ဖေဖေက အခုလိုတွေ ရေးတော့မှပဲ သူတို့မှာ ဖွင့်ဟတိုင်ပင်ရမယ့်သူကို တွေ့သွားတော့တယ်။ သည်ကိစ္စကို လတ်တလောမှာ ဘယ်သူကမှ လူသိရှင်ကြား ချပြဆွေးနွေးနေတာ မဟုတ်တော့ အခက်သားလားကွယ်။ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း လေးငါးဆယ်လောက်တုန်းကတော့ ဆရာဝန်စာရေးဆရာတွေတင်မက ဆရာပီမိုးနင်း၊ ဆရာမဟာဆွေ၊ စာရေးဆရာ ဦးနုတို့က ရေးဖူးတယ်။ ဆရာမဟာဆွေ့စာအုပ်ဆိုလည်း ကြားတော့ ကြားဖူးတယ်။ မဖတ်ဖူးဘူး။ မနေ့တစ်နေ့ကမှ အင်တာနက်ထဲမှာ တွေ့တော့မှ ဖေဖေ့မှာ သဘောတွေကျလို့။ သူပြောတာတွေက ခေတ်တော့ မမီတော့ပါဘူး။ ဒါပေမယ့် ဆရာကြီးဟာလည်း လိုအပ်ချက်တစ်ခုအရ ရေးသင့်ရေးထိုက်တာမို့ သူ့သိက္ခာကို မငဲ့ဘဲ ရေးသားထုတ်ဝေလိုက်တာ အတော် ထင်ရှားတယ်။ နေဦး၊ ပြောရင်းနဲ့ စကားက ဘေးချော်တော့မလိုဖြစ်နေတယ်။ အခုကာလမှာကျတော့ ဒါကို ချပြဆွေးနွေးတဲ့သူက မရှိသလောက်ဖြစ်နေပြီ။ ဖေဖေတစ်ယောက်ပဲ ရေးသင့်တဲ့ကာလကြီး၊ အထူးသဖြင့် ကုရာနတ္ထိ ရောဂါဆိုးကြီးက စက္ကန့်မလပ် ခြိမ်းခြောက်နေတဲ့ ကာလကြီးလည်းဖြစ်နေ၊ ကိုယ့်မှာကလည်း လူပျိုပေါက်စ သားတစ်ယောက်ရှိနေလို့ စာနာစိတ်နဲ့ ချရေးနေတာ။
 
အဲလိုရေးလိုက်တော့မှ လာလိုက်တဲ့စာတွေ၊ ဆက်လိုက်တဲ့ ဖုန်းတွေ၊ လာတွေ့လိုက်ကြတဲ့ ယောကျာ်းလေးတွေ မနည်းဘူးဆိုတာ သားအမြင်ပဲလေ။ သည်အထဲမှာ အများစုက အခုသည်အခန်းမှာ ဖေဖေ ရေးပြနေသလို ငါများ မိန်းမလျာဖြစ်နေသလားဆိုတဲ့အတွေးနဲ့ ရောက်လာကြတာတွေဖြစ်နေတော့ ဖေဖေလေ သည်အလုပ်ကို လုပ်မိသွားတဲ့အတွက် အင်မတန် ကြည်နူးမိရပါတယ်။ တကယ်တော့ သားရယ်။ မိန်းမလျာဖြစ်ဖို့ဆိုတာက ဘာသာတရားအရ ပြောရင် အတိတ်က ဝဋ်ကျွေး တော်တော်ကြီးပါမှ ဖြစ်နိုင်တာမျိုးပါ။ စိတ်ပညာရှင်များနဲ့ ဇီဝကမ္မဗေဒအလိုအရတော့ ဦးနှောက်ထဲက အစိတ်အပိုင်းတွေနဲ့ ဟိုမုန်းထုတ်လုပ်ပေးတဲ့ ဂလင်းတွေကြောင့် ဖြစ်ရတာပါ။ အဲဒါတွေက လူလုပ်ယူတာမဟုတ်ဘဲ မွေးရာပါပဲလေ။ အဲသလိုမျိုးမို့ အလကားနေရင်း စိုးရိမ်ထိတ်လန့်ပြီး သောကရောက်နေဖို့ မလိုလှပါဘူးကွယ်။
မိန်းမလျာမုန်းတဲ့ ရောဂါ
 
ပုထုဇနော ဥမ္မတ္တကောလို့ ဘုရားဟောရှိတဲ့အတိုင်း လူတိုင်းမှာ စိတ်ရောဂါ တစ်မျိုးစီရှိတတ်ပါတယ်။ အဲဒီ့စိတ်ရောဂါထဲမှာ မိန်းမလျာကိုဆို လုံးလုံးကြည့်လို့မရတာလည်း တစ်မျိုးပါနေတယ်။ ဖေဖေ သည်လိုရေးလိုက်တော့ အဲသလို မိန်းမလျာတွေကို အခြောက်တိုက် စက်ဆုပ်ရွံမုန်းနေသူများက ဖေ့ဖေ့ကို သိပ်ကြည်လင်ကြမှာ မဟုတ်ဘူးထင်သကွ။ အမှန်တော့ သားရယ်၊ ဘယ်အရာကိုပဲဖြစ်ဖြစ် အစွန်းရောက်လွန်းနေရင် မူမှန်တဲ့ စိတ်လို့ခေါ်လို့ မရတော့ဘူး။ ဒါဟာ စိတ်မူမမှန်ခြင်းရဲ့ အနက်ဖွင့်ဆိုချက်တစ်မျိုးပဲ။ လူမှန်ရင် မုန်းခြင်း၊ ချစ်ခြင်းဆိုတဲ့ ခံစားမှုကတော့ ရှိတတ်စမြဲပေါ့ကွာ။
 
ဒါပေမယ့် မုန်းတာတစ်ခုတည်းနဲ့ ရန်လိုနေစရာ အကြောင်းမရှိသလို ချစ်တာတစ်ခုတည်းကြောင့်လည်း အပြစ်ဟူသမျှ မြူမှမထင်ဖြစ်နေပြီဆိုရင် အဲဒါ တရားလက်လွတ်တာပဲပေါ့ကွဲ့။ တစ်နည်းအားဖြင့် မူမှန်တဲ့စိတ်ရှိတယ်လို့ မဆိုနိုင်တော့ဘူးပေါ့ သားရယ်။ မူမှန်တဲ့စိတ်ဆိုတာက ဘာကိုပဲဖြစ်ဖြစ် အစွန်းမရောက်အောင် ထိန်းနိုင်သိမ်းနိုင်တဲ့၊ ဆင်ခြင်တုံတရားရှိတဲ့စိတ်ပါ။ ‘ငါတို့ကတော့ဟေ့၊ သူ့ကိုချစ်တယ်၊ ချစ်လျှင်အကျိုးတဲ့၊ မြတ်နိုးတော့သဒ္ဒါကွ၊ အဲတော့ သူဘာလုပ်လုပ် ငါတို့အတွက်တော့ အကုန်လုံးကောင်းနေတာပဲ’ ဆိုတဲ့အစွန်း၊ ‘အို... သင်းက အလကားကောင်ပါကွာ၊ သူအကောင်းလုပ်နေတယ်ဆိုတာလည်း ဟန်ပြပဲဖြစ်မှာပါ၊ စောင့်ကြည့်ပေါ့၊ အချိန်တန်ရင်ခွေးမြီးကောက်က ပြန်ကောက်မှာပါ’ ဆိုတဲ့အစွန်းတွေဟာ လူတိုင်းလိုလိုမှာ ရှိတတ်တယ်။ သွားမေးရင် အဲလိုလူမျိုးတွေက သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူတွေလို့ ဆိုမယ့်သူတွေက ပါပေဦးမယ်။ တကယ်တော့ သားရော၊ ဖေဖေတို့ ဗုဒ္ဓဘာသာက အဲဒီ့အစွန်းတွေကို ရှောင်ခိုင်းပါတယ်။
 
ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတာဖြစ်နေသည့်တိုင် အသားလွတ် အယုံမခိုင်းဘဲ ကိုယ်တိုင်လေ့လာစူးစမ်းပြီး ယုံသင့်မှယုံဖို့ ဘုရားရှင်ကိုယ်တော်တိုင်က မြွတ်ကြားတော်မူခဲ့တာ သားကို ဖေဖေခဏခဏပြောပြဖူးတဲ့ ကာလမသုတ္တံဒေသနာထဲမှာ အထင်အရှား ပါနေတာပဲလေ။ သို့ပေမယ့် အများစုကတော့ တစ်ခုခုဆို၊ ကျားကျား မီးယပ်။ လှေနံဓားထစ်တွေပဲလျှောက်အော်ဖြစ်နေတာ များတယ်သားရဲ့။ အဲဒါကို ငါ့သား ဘယ်တော့မှ မဖြစ်စေနဲ့။ ဘာကိုပဲဖြစ်ဖြစ်၊ ကိုယ့်ဦးနှောက်နဲ့ သေချာ ပြန်စဉ်းစားဆင်ခြင်။ တစ်ခုခုကို ကိုယ်လက်မခံနိုင်ဘူးဆိုရင် ဘာကြောင့် လက်မခံနိုင်တာလဲ။ အစွဲကြောင့်လား၊ တခြားပယောဂတစ်ခုခုကြောင့်လား။ ကိုယ်နဲ့သဘောမညီတိုင်း တပါးသူ မှားတယ်လို့ပြောရင် အဲလိုပြောသူရဲ့ စိတ်ဟာ မူမှန်မဟုတ်ဘူးဆိုတဲ့ အသိကို သားလေး မြဲမြဲစွဲစွဲ မှတ်ထားပါကွာ။
 
ပြောလက်စကို ပြန်ကောက်ရင်တော့ကွယ်၊ အဲသလို အစွဲတွေနဲ့ ပြောကြတဲ့အထဲမှာ ‘မိန်းမလျာဆိုရင် ခြေထောက်နဲ့တောင် ကန်လိုက်ချင်သေး’ ဆိုတာမျိုးကလည်း ထိပ်ဆုံးက ပါနေတတ်တယ်။ အမှန်တော့ အစွန်းမလွတ်တာပဲကွ။ တစ်ဖက်က ပြောရင်လည်း မိန်းမလျာဆိုတာမျိုးကို လူ့ဘောင်က ကြဉ်တင်တင်၊ ဖယ်တယ်တယ်လုပ်တတ်လေတော့ ကိုယ်မှ အဲသလိုမလုပ်မိပြန်ရင် ကိုယ့်ကိုလည်း ‘မလျာ’ စာရင်းထဲမှာ အသွင်းခံရမှာစိုးတာကြောင့်ရင်လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို သိပ်ကိုယောက်ျားပီသလှပါတယ်။ ယောက်ျားစိတ်အပြည့်နဲ့ ရှိပါတယ်လို့ လူပုံအလယ်မှာ ထယ်ပြချင်တဲ့စိတ်ကြောင့် အသံကုန်အော်နေမိတာမျိုးလည်း ဖြစ်နိုင်နေပြန်သေးတယ်။
 
တကယ်တော့ လူမှန်ရင် ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ ယောက်ျားဆို ယောက်ျားစိတ်ချည်းသက်သက်၊ မိန်းမဆို မိန်းမစိတ်ချည်းသက်သက်ရှိနေတဲ့လူရယ်လို့ တစ်ယောက်မှမရှိဘူး။ ဒါ ဖေဖေ့စကားမဟုတ်ဘူးနော်။ စိတ်ပညာရှင်များအားလုံး တညီတညွတ်တည်းဆိုထားတဲ့စကား။ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်တဲ့ လူသာမန်တစ်ယောက်ဖြစ်ဖို့အတွက် ယောကျာ်းစိတ်၊ မိန်းမစိတ် မျှနေမှဖြစ်တာ သားရဲ့။ အဲ…သည်နေရာမှာ ယောက်ျားစိတ်၊ မိန်းမစိတ်ဆိုတာ လိင်စိတ်တစ်ခုတည်းတော့ မဟုတ်ဘူးပေါ့ကွာ။ အသန့်အပြန့်ကြိုက်တာ၊ လုပ်တာကိုင်တာ သပ်ရပ် သေချာတာ၊ ကြင်နာတာ၊ သဘောထား နူးညံ့ပျော့ပြောင်းတာ၊ မျက်ရည်လွယ်တာ စတာမျိုးတွေကို မိန်းမစိတ်လို့ ယေဘုယျသတ်မှတ်လို့ ရပြီး တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်လုပ်ချင်တာ၊ ပတ်ဝန်းကျင်ကို ထီမထင်တတ်တာ၊ ခွန်အားဗလကိုအားကိုးပြီး အနိုင်ယူချင်တာ၊ ခက်ထန်တာကို ယောက်ျားစိတ်ရယ်လို့ အကြမ်းဖျဉ်းသတ်မှတ်နိုင်ပါတယ်။ လူတိုင်းမှာ သည်စိတ်နှစ်စိတ်က ဒွန်တွဲနေပါတယ်။ ယောက်ျားတန်မဲ့ အလှအပကြိုက်တဲ့ ယောကျာ်းမျိုး၊ ကြွကြွရွရွလေး နေချင်တတ်တဲ့ယောကျာ်းမျိုး ရှိသလို မိန်းမတန်မဲ့နဲ့ ဖြစ်သလိုနေတတ်စားတတ်တဲ့ မိန်းမတွေလည်း ရိုက်သတ်လို့ မကုန်ပါဘူး။
 
သားကတော့ အသိဆုံးဖြစ်မှာပါ။ ဖေဖေတို့ လင်မယားကို ကြည့်တာနဲ့ကို သည်အချက်က သိပ်သိသာနေမှာပေါ့။ ဖေဖေနဲ့ သားမေမေက အစစပြောင်းပြန်တွေချည်းပဲလေ။ သားမေမေက ချဉ်ချဉ်၊ ငံငံ၊ စပ်စပ်ဆို စားကိုမစားတတ်ဘူး၊ အချဉ်ထုတ်ဆိုလည်း ဝေလာဝေး။ ဖေဖေကကျတော့ ရှောက်သီးသုပ်၊ ဆီးပြား၊ မရမ်းပေါင်းစသဖြင့် အကုန်ကြိုက်တာ သားအမြင်ပဲ။ သားမေမေက စိတ်မာတယ်၊ ဖေဖေ့စိတ်က ခပ်နုနု၊ ခပ်ပျော့ပျော့။ ဖေဖေက ဖေဖေ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကို အင်မတန် ဂရုစိုက်တယ်၊ လှချင်တယ်။ သားမေမေက ဖေဖေ့လောက် လှချင်ပချင်စိတ်မရှိဘူး။ ဒါပေမယ့် ဖေဖေက ကစုတ်ကဖက်နေ၊ ဖြစ်သလိုနေဖို့ ဝန်မလေးသလောက် သားမေမေက ကျပြန်တော့ သန့်သန့်ပြန့်ပြန့် သပ်သပ်ရပ်ရပ်မှ ကြိုက်တတ်တယ်။ ဖေဖေက ပျော့စိပျော့စိနဲ့ ရက်စက်ပြီဟေ့ဆိုရင်လည်း ကမ်းကုန်အောင်ရက်စက်တတ်သလောက် သားမေမေက မာရေကျောရေနဲ့ ဘယ်တော့မှ စိတ်က မပြတ်တတ်ဘူး။
 
ကိုင်း … ဘယ့်နှယ့်လုပ်မလဲ၊ ကျားစိတ်၊ မစိတ်တွေ ရောနေကြပုံကို သားမြင်ပြီ မဟုတ်လား။ ဒါပေမယ့် ယောက်ျားဘသားဆိုတဲ့စိတ်မျိုး၊ ငါဟဲ့ ယောက်ျားဆိုတဲ့ စိတ်မျိုးတွေနဲ့ကျတော့ အဲဒါမျိုးကိုတောင် လက်မခံချင်တော့ဘူး။ သနားလို့ လိုက်လျောတာမျိုးလုပ်မိရင်ကို အဲဒါယောက်ျားတန်မဲ့ ပျော့ညံ့တာလို့ အောက်မေ့ပြီး အလကားနေရင်း တင်းပြ၊ မာပြနေရတာကိုက အလုပ်ကြီးတစ်ခုဖြစ်နေတတ်တယ်။ လက်သုပ်စုံတို့၊ လက်ဖက်သုတ်တို့ ကြိုက်ရင်ပဲ မိန်းမတွေမှ စားတဲ့အစာလို့ သတ်မှတ်ပြီး တို့တောင် တို့မကြည့်ဘဲ မစားဘူး၊ မကြိုက်ဘူးလို့ အော်တဲ့သူမျိုးလည်း ဖေဖေ တွေ့ဖူးတယ်။ သည်အထဲမှာ မိန်းမလျာတွေခမျာ ကံကဆိုးချင်တော့ အေအိုင်ဒီအက်စ်ဆိုတဲ့ ကုရာနတ္ထိရောဂါဆိုးကြီးနဲ့ သူတို့ဘဝတွေနဲ့ကလည်း ဒွန်တွဲနေတော့ တချို့များဆို မိန်းမလျာတွေကို ‘အေအိုင်ဒီအက်စ်’ လို့တောင် ခေါ်ကြတာမျိုး ရှိလာတယ်။
 
ဒါလည်း ခေါ်တဲ့သူတွေ ဆင်ခြင်ဉာဏ်နည်းတာပဲ။ မိန်းမလျာမှ အေအိုင်ဒီအက်စ်ရောဂါဖြစ်နိုင်တာလား။ ဘယ်ဟုတ်ပါ့မလဲ။ မူးယစ်ဆေးကို သွေးကြောထဲသွင်းတဲ့ မူးယစ်ဆေးသမားလည်း ဆေးထိုးအပ်ကို သန့်ရှင်းအောင်မလုပ်ဘဲ သုံးရင် အေအိုင်ဒီအက်စ်ဖြစ်နိုင်တာပဲ။ လိင်ကွဲချင်းဆက်ဆံပါတယ်ဆိုတဲ့၊ အများစုက မူမှန်သူလို့သတ်မှတ်ခံရသူမျိုးကလည်း အနေအထိုင်မဆင်ခြင်ဘဲ တွေ့ကရာမိန်းမပေါင်းစုံနဲ့ လိင်ဆက်ဆံနေမယ်ဆိုလည်း အေအိုင်ဒီအက်စ်ဖြစ်နိုင်တာပဲ။
 
မစဉ်းစားတာက မိန်းမလျာပေမယ့် ရောဂါပိုးမရှိသူ အဖော်ယောက်ျားတစ်ယောက်တည်းနဲ့ သတ်သတ်မှတ်မှတ် ပေါင်းသင်းနေထိုင်မယ်ဆိုရင် ဘယ်လိုလုပ် အေအိုင်ဒီအက်စ် ဖြစ်တော့မလဲ။ ဒါမှမဟုတ်လည်း မိန်းမလျာက ကွန်ဒုံးကို စနစ်တကျသုံးတယ်ဆိုရင်လည်း ဘယ်လိုလုပ်ရောဂါဖြစ်လာမလဲ။ အဲတော့ အေအိုင်ဒီအက်စ်ရောဂါနဲ့ ဆက်နွယ်ပြီး မိန်းမလျာကို မုန်းတီးရွံရှာ စက်ဆုပ်တာဟာ ဘယ်လိုမှကို ဘသာဝ မကျနိုင်တော့ဘူးပေါ့။
မိန်းမလျာဖြစ်ရတာကို ဂုဏ်ယူတာ
 
လူတစ်ယောက်ရဲ့လိင်စိတ်ဟာ သူဘယ်လိုလူလဲဆိုတာကို ပြဆိုတဲ့အခြေခံအကြောင်းတရားပါပဲ သား။ အဲဒီလိင်စိတ် အစစ်အမှန်ကို ဖော်ထုတ်ဖို့ မဝံ့မရဲဖြစ်နေ၊ ရှက်ကြောက်နေတာကြောင့် လူဟာ ဗျာပါဒများနေနိုင်တယ်၊ အထီးကျန် ဆန်နေနိုင်တယ်။ အထူးသဖြင့် မိန်းမလျာလို့ခေါ်ကြတဲ့ လိင်တူချင်း စုံမက်သူများမှာ ပိုဆိုးတယ်။ မိန်းမလျာဖြစ်နေကြောင်း လူသိခံလိုက်တာနဲ့တပြိုင်နက် ရင်ဆိုင်ရမယ့် အခက်အခဲတွေ၊ ရှဲသွားမယ့်အပေါင်းအသင်းတွေ၊ လှောင်ပြောင်သရော်ကဲ့ရဲ့ခံရမယ့်အရေးတွေကြောင့် တချို့တွေဆို အတွင်းကြိတ်ပြီး စိတ်ဆင်းရဲနေရတတ်တယ်။ အလားတူပဲ၊ ယောက်ျားလျာ လို့ ခေါ်ကြတဲ့ မိန်းမချင်းမှ စုံမက်သူတချို့ဟာလည်း ငုံးဆူ လူမသိဘဝမှာ မချိမဆန့်ဖြစ်နေတတ်ကြပါတယ် သားရဲ့။
 
အခုခေတ်မှာ မြို့ကြီးတွေပေါ်က ဆံပင်ညှပ်သူ၊ ဆံပင်အလှပြင်ပေးသူ၊ မိတ်ကပ်အလှပြင်ပေးသူ၊ ပန်းအလှပြင်ပေးသူများဟာလည်း လိင်တူချင်းစုံမက်သူများပင်ဖြစ်လင့်ကစား ဘဝမှာ အောင်မြင် ကြွယ်ဝ ထယ်ဝါစွာရပ်တည်နိုင်လာပြီမို့ သူတို့ရဲ့ လိင်စိတ်ကို လက်မခံချင်သည့်တိုင် သူတို့ရဲ့ ကြွယ်ဝမှု(ငွေမျက်နှာ)ကြောင့် လူတောထဲကို တော်တော်ကြီး တိုးဝင်လာနိုင်ခဲ့ပြီလို့ ဆိုရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘဝအခြေအနေ၊ အကြောင်းတရားနဲ့ ကံကုသိုလ်ဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် ဘယ်လိုနည်းနဲ့မှ မတူနိုင်ပါဘူး။ သည်အတွက် မိန်းမလျာအဖြစ်မိမိကိုယ်ကို ပြောင်ပြောင်တင်းတင်း ဂုဏ်တယူယူနဲ့ နေနိုင်သူတွေရှိသလို မိန်းမလျာဖြစ်ရတာကိုပဲ သိမ်ငယ်သူလို့ ခံစားနေရတာများလည်း ရှိနိုင်တာပဲ။
 
တကယ်လို့များ သားကိုယ်တိုင်ဖြစ်ဖြစ်၊ သားရဲ့သူငယ်ချင်းတစ်ယောက်ယောက်ဖြစ်ဖြစ် လိင်တူချင်းမှ အကြိုက်ကျတဲ့ လိင်စိတ်နဲ့ဆိုရင်တော့ ဖေဖေအကြံပေးလိုက်ပါရစေ။ ကိုယ့်လိုပဲဖြစ်နေသူများနဲ့ တွေ့ဆုံပြီး ကိုယ့်ခံစားချက်ကို ရင်ဖွင့်လိုက်ပါ။ ဒါဆိုရင် သူတို့ကလည်း သူတို့အတွေ့အကြုံများနဲ့စာနာနားလည်ပြီး ကိုယ့်ကို ကောင်းတဲ့ နည်းလမ်း၊ သင့်တဲ့ အကြံဉာဏ်တွေပေးနိုင်ပါလိမ့်မယ်။ ဒါမှမဟုတ်လည်း ဖေဖေနဲ့ပဲ တိုက်ရိုက်ပြောဆိုဆွေးနွေးပေါ့ကွာ။ ဖေဖေကိုယ်တိုင်က လိင်တူချင်း စုံမက်တဲ့ ဘက်ကို သိပ်မယိမ်းဘဲ လိင်ကွဲကိုမှ အလွှတ်မဲ့စိတ်သန်သူဖြစ်နေလို့ ကိုယ့်ရင့်တတူ စာနာပေးနိုင်မှာ မဟုတ်သော်လည်း လေးလေးနက်နက်နဲ့ စိတ်ရှည်လက်ရှည်တော့ နားထောင်ပေးနိုင်မှာတော့ အသေအချာပဲလေ။ နားလည်း လည်ပေးနိုင်မှာပါ။ ဖေဖေ့မှာ မိန်းမလျာမုန်းတဲ့ ရောဂါမရှိပါဘူး။ လောကမှာ ယောကျာ်းဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ လိင်တူချင်းစုံမက်သူဖြစ်ဖြစ်၊ လိင်ကွဲမှစွဲလန်းသူ ဖြစ်ဖြစ် အားလုံးဟာ လူသားတွေဖြစ်တဲ့အတွက် လူလို့ပဲ ဖေဖေမြင်တယ်။ လူကို လူလိုပဲနားလည်ထောက်ထားပေးနိုင်တယ်။
 
မိန်းမလျာမို့လို့ နားရွက်နဲ့ အသက်ရှူပြီး မျက်စိနဲ့ ထမင်းစားနေတာမှ မဟုတ်ဘဲလေ။ မိန်းမလျာမို့လို့ စိတ်ဓာတ်သိမ်ဖျင်းနုံနဲ့တယ်လို့ ပြောလို့လည်းမရဘူး။ ကျားကျားလျားလျား ယောက်ျားကြီးတန်မဲ့နဲ့ အင်မတန် စုတ်ပဲ့တဲ့ အမူအကျင့်တွေနဲ့လည်း တွေ့ရနိုင်တာပဲ မဟုတ်လား။ အမှန်က လူဟာ လူဖြစ်နေတဲ့အတွက် ချစ်ခြင်း၊ မုန်းခြင်း၊ ကောက်ကျစ်ခြင်း၊ ဖြောင့်မတ်တည်ကြည်ခြင်း၊ စိတ်စေတနာကောင်းရှိခြင်း၊ ယုတ်မာခြင်းတွေလည်း ရှိနေမယ့်သူချည်းပဲ။ အဲဒါတွေက အဲဒီ့လူတစ်ယောက်ရဲ့ လိင်စိတ်နဲ့ ဘယ်လိုမှ ဆက်စပ်ပက်သက်ခြင်းမရှိဘူး။ အထင်ရှားဆုံးကတော့ မိန်းမပေမယ့် သာမန်ယောကျာ်းတစ်ယောက် မထားနိုင်တဲ့ စိတ်မျိုးထားပြီး သောတာပန်ဖြစ်သွားသူတွေ၊ ရဟန္တာမတွေတောင် အထင်အရှား ရှိလေတာပဲ။
 
ပြောချင်တာက ယောက်ျားစိတ်၊ မိန်းမစိတ်ဆိုတာ အရေးမကြီးဘူး၊ သဘောထားမှန်ဖို့က အရေးကြီးဆုံးဆိုတာပဲ သားရေ့။ ဘယ်လိုပဲဖြစ်ဖြစ် လူသားတစ်ယောက်အတွက် ကိုယ်နဲ့ အဆင်မပြေဆုံး၊ ကိုယ့်အတွက် သက်သောင့်သက်သာ အရှိဆုံး နေထိုင်မှုပုံစံ ဘဝဟန်ကို ရယူနိုင်ဖို့က အင်မတန် အရေးကြီးတယ်။ ဘဝမှာ နေရထိုင်ရအခက်ဆုံးကိစ္စကတော့ လိမ်လည်နေထိုင်ရတာ၊ ဟန်ဆောင်ရတာပါပဲ။
 
မရှိတာကို အရှိလုပ်၊ မဟုတ်တာကို အဟုတ်လုပ်၊ ဟတ်ထုတ် ဟန်လုပ်နေရတာလောက် အဖြစ်ဆိုးတာ မရှိဘူး။ စိတ်တိုနေပါလျက်နဲ့ ယဉ်ကျေးဖော်ရွေပြနေရတာ၊ ငိုချင်နေပါလျက်နဲ့ အတင်းရယ်နေရတာမျိုးဟာ ကြာလေ စိတ်ဆင်းရဲစရာကောင်းလေဖြစ်နေသလိုပဲ ကိုယ့်မှာ ဖြစ်နေတာရဲ့ ဆန့်ကျင်ဘက် အသွင်အပြင်ကို အယောင်ဆောင်ရတာဟာ တော်တော့်ကို စိတ်ကျဉ်းကြပ်ရစမြဲပဲကွ။
 
ကြာလာရင် အဲဒါကြောင့်ပဲ စိတ်ထောင်းကိုယ်ကြေ ဖြစ်သွားနိုင်သေးတယ်။ မိသားစုဝင်ထဲကဖြစ်စေ၊ ရင်းနှီးတဲ့သူငယ်ချင်း မိတ်ဆွေထဲကဖြစ်စေ၊ အသိအကျွမ်းထဲကဖြစ်စေ ကိုယ်ယုံကြည်နိုင်တဲ့သူ ဘယ်သူ့ကိုဖြစ်ဖြစ် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းဖွင့်ဟပြောဆိုလိုက်ခြင်းဟာ ပထမအဆင့်အနေနဲ့ လုပ်သင့်တဲ့ကိစ္စပဲ။
 
အဲသလို ဖွင့်ဟလိုက်ခြင်းဟာဖြင့် တစ်ယောက်တည်း ကြိတ်ခံစားနေခဲ့ရသမျှ ပွင့်ထွက်သွားတဲ့အတွက် ရင်ပေါ့သွားနိုင်တာမျိုးကလား။ ဖေဖေ့ဆီ ဆက်သွယ်ပြောဆိုလာကြသူတွေဆိုရင် ဖေဖေက ဘာမှတောင် လုပ်မပေးရသေးဘူး၊ ရင်ဖွင့်လိုက်ရတာနဲ့ကို သူတို့မှာ ခံစားနေရသမျှ တစ်ဝက်မက သက်သာသွားတဲ့အကြောင်း ပြောကြတယ်။ သားဟာ မိန်းမလျာမုန်းတဲ့သူတစ်ယောက် မဖြစ်အောင် သည်နေရာမှာ ဖေဖေ တစ်ခုတော့ မှာချင်ပါတယ်။ လိင်တူချင်းမှ စုံမက်သူဖြစ်ဖြစ်၊ လိင်ကွဲကိုမှ စွဲလန်းသူပဲဖြစ်ဖြစ်၊ တူတာတစ်ခုတော့ရှိတယ်ဆိုတဲ့အကြောင်းပဲ၊ ဘာတူတာလဲဆိုတော့ ဘယ်သူပဲဖြစ်ဖြစ်၊ ပုထုဇဉ်လူသားမှန်သမျှဟာ ကိုယ့်အတွက် ပျော်ရွှင်သာယာမှုအပေါင်းကို ဆောင်ကြဉ်းလာနိုင်မယ့် ‘ဘဝအဖော်’ (ဝါ) ‘ကြင်ဖက်သက်နှံ’ ကို လိုချင်ကြတယ်ဆိုတဲ့အချက်ပဲဟေ့။ မိန်းမလျာဖြစ်နေတဲ့အတွက် သူလိုချင်တဲ့ကြင်ဖက်၊ ဘဝဖော်ပုံစံက ခြားနားနေတာတစ်ခုပါပဲ။ ခမျာများမှာလည်း လိင်ကွဲချင်းမှ စွဲလန်းသူလို ကိုယ်ကချစ်လိုက်ချင်တာ၊ ကိုယ့်ကိုလည်း အချစ်ခံချင်နေတာပါပဲ။ မိန်းမလျာက ကိုယ်ချစ်ရမယ့်သူ၊ ကိုယ့်ကိုချစ်မယ့်သူကို လိင်တူယောကျာ်းချင်းထဲက လိုက်ရှာတယ်၊ လိင်ကွဲကိုစုံမက်သူ သာမန်ယောကျာ်းသားများကတော့ ကိုယ်ချစ်ရမယ့်သူ၊ ကိုယ့်ကိုချစ်မယ့်သူကို လိင်ကွဲမိန်းမသားများထဲက လိုက်ရှာပါတယ်။ ဒါပဲ ကွဲတာပါ။
 
လူတိုင်းလူတိုင်းကတော့ ဘဝမှာ သာယာမှု၊ ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးလှိုက်လှဲမှုကို ဖွေရှာနေသူချည်းပဲဆိုတာ သားမှတ်ထားပါ။
လိင်နှစ်မျိုးလုံးကို စုံမက်တာ
 
လိင်နှစ်မျိုးစလုံးကိုစုံမက်သူကတော့ လိင်တူချင်းနဲ့လည်း အဆင်ပြေ၊ လိင်ကွဲတွေနဲ့လည်း ပျော်တတ်သူမျိုးကို ခေါ်တာပါ သား။ လိင်တူချင်းကို ပိုစုံမက်သော်လည်း လိင်ကွဲနဲ့ တွေ့တဲ့အခါလည်း အဆင်ပြေနိုင်သူဖြစ်ချင်လည်း ဖြစ်မယ်၊ လိင်ကွဲချင်းကို ပိုစုံမက်ပေမယ့်လည်း လိင်တူချင်းနဲ့ တစ်ခါတလေဆိုရင်လည်း အဆင်ပြေနိုင်သူဖြစ်ချင်ဖြစ်နေနိုင်တယ်။ ဒါမှမဟုတ်လည်း ယောက်ျား၊ မိန်းမခွဲခြားမှုမရှိဘဲ လိင်ကိစ္စမှာ ဘယ်လိင်နဲ့ပဲဖြစ်ဖြစ် ကျေနပ်သာယာတတ်တဲ့သူမျိုးလည်း ဖြစ်နိုင်ပြန်တယ် သားရဲ့။
 
ဒါကလည်း လိင်တူချင်းစုံမက်စိတ်၊ လိင်ကွဲမှ မက်မောစိတ်များလိုပဲ ပုံမှန်စိတ်ပါပဲ၊ သဘာဝပါပဲ။ တချို့ပညာရှင်တွေကတော့ သည်စိတ်ကမှ တကယ့်မူမှန်စိတ်လို့တောင် တုတ်ထမ်းပြီး ငြင်းခုန်ပြောဆိုတတ်ကြတယ်ကွ။ ဘာလို့လဲဆိုတော့ အထက်မှာ ရေးပြခဲ့တဲ့အတိုင်း လူမှန်ရင် မိန်းမစိတ်နဲ့ ယောက်ျားစိတ် ဒွန်တွဲနေတတ်မြဲမို့ပေါ့။
 
တချို့လူတွေကတော့ အဲလိုစိတ်မျိုးရှိသူကို စိတ်နှခွရှိသူ၊ တွေဝေသူ၊ မပြတ်သားသူလို့ သတ်မှတ်ကြပေမယ့် အဲလိုစိတ်မျိုးနဲ့လူတွေကကျတော့ သူတို့ကိုယ်သူတို့ မူမှန်သူများအဖြစ် ရှုမြင်ကြပါတယ်။ သူတို့အနေနဲ့ လိင်တူတွေရဲ့လောကမှာရော၊ လိင်ကွဲတွေရဲ့လောကမှာပါ နှစ်မျိုးနှစ်စားကျင်လည်ကျက်စား မွေ့လျော်နိုင်သူများအဖြစ် မြင်နေလို့ပါပဲ။
 
ဖေဖေ့တစ်ဦးတည်း သဘောကိုပြောရင်တော့ ဘာမှ သိပ် အရေးမကြီးလှပါဘူး သားရယ်။ မင့်ဖေဖေက သိပ်ကို ပွေလီတော့ လိင်တူချင်းစုံမက်သူ ယောက်ျားတွေနဲ့သာမက၊ လိင်တူချင်းစုံမက်သူ မိန်းမတွေနဲ့ပါ အတွင်းကျကျ ပတ်သက်ဖူးတယ်။ သည်အခါမှာ လူ့စိတ်၊ လူ့အပြုအမူတို့ရဲ့ ဆန်းကျယ်နက်နဲပုံကိုသာ ဩချမိရသလို အရာရာဟာ သဘာဝပါပဲလို့ ယောနေိဿာမနဿီကာယနိုင်သွားခဲ့တော့တာပဲ ငါ့သား။
 
လိင်တူချင်းစုံမက်သူများ ချစ်တင်းနှောတာလိင်တူချင်းစုံမက်သူများ ချစ်တင်းနှောကြတဲ့အခါမှာလည်း လိင်ကွဲချင်းချစ်တင်းနှောကြတဲ့အတိုင်းပါပဲ၊ မူကွဲ သိပ်မရှိဘူးကွ။ အသေးစိတ်တော့ ဖေဖေ ရေးမပြတော့ဘူးဟေ့။ ပါးစပ်တို့၊ ချက်တို့၊ နားရွက်တို့၊ ဒူးတို့ကို လူသိရှင်ကြားရေးလို့ဘာမှမဖြစ်ပေမယ့် တချို့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဟာ ကိုယ်ခန္ဓာမှာ မွေးကတည်းက ပါမလာသယောင် ညာဝါးဖုံးကွယ်လိုသူတွေက ဖေဖေသည်လောက်ရေးပြတာတောင် လွန်လှပါပြီ၊ ကျွံလှပါပြီလို့ နတ်သံနှောနှော ပြကြလေတော့ သည်ကိစ္စမှာလည်း အသေးစိတ်ရေးပြနေရင် ခမျာများမှာ အခြောက်တိုက် အကုသိုလ်ဖြစ်နေရှာကြမှာစိုးလို့ပဲကွ။ သိချင်တဲ့သူက ဖေဖေ့ဆီ တိုက်ရိုက်ဆက်သွယ်ပြီး မေးကြ မြန်းကြ၊ ပြောကြဆိုကြလိမ့်မပေါ့လို့ အောက်မေ့လိုက်ရုံရှိတာပဲ။ မဟုတ်ဘူးလား။
 
ကိုးကားချက်။ ။ အတ္တကျော်
== လိင်တူဆက်ဆံခြင်း မြန်မာနိုင်ငံနှင့် လိင်တူချစ်သူ လူဦးရေ ==
Colours Rainbow - General Knowledge
 
 
ဘယ်နိုင်ငံမှာမဆို လူဦးရေ ကိန်းဂဏန်း အတိအကျသိရဖို့ အရေးကြီးပါတယ်။ လူအများစုနဲ့ သက်ဆိုင်တဲ့ စီမံကိန်းတွေ၊ ပေါ်လစီတွေ၊ ဥပဒေတွေ ချမှတ်ရာမှာ လူဦးရေနဲ့ တိုင်းဆပြီး ချမှတ်ကြပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာဆိုရင် အုပ်ချုပ်သူဖြစ်မယ့် သူတွေဟာ လူဦးရေကို ကြည့်ပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်ကြပါတယ်။ စီးပွားရေး လုပ်ငန်းတွေမှာ ဆိုရင်လည်း လူများစု အကြိုက်တွေ့မယ့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို ထုတ်လုပ်ပြီး ကြော်ငြာဖြန့်ဖြူး ကြပါတယ်။
 
မြန်မာလူမျိုး လိင်တူချစ်သူ တစ်ဦးအနေနဲ့ ကိုယ့်နိုင်ငံမှာ ကိုယ့်လို လိင်တူချစ်သူ ဘယ်နှစ်ဦး ရှိမလဲ ဆိုတာကို ကျွန်တော် ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့ပါတယ်။ လိင်တူချင်း စိတ်ဝင်စားတာ ကိုယ်တစ်ယောက်တည်း အထီးတည်း မဟုတ်ဘူးဆိုတာ သိရလို့ စိတ်အားတက်ရသလို၊ ကိုယ့်အတွက် နယ်ပယ်ကျဉ်းကျဉ်းလေး မဟုတ်ဘူးဆိုတာ နားလည်လာပြီး၊ ကိုယ့်ကိုယ်ကို ပိုမို ယုံကြည်မှု ရှိလာစေပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ့်လို လူနည်းစုတွေကို ကန့်သတ်ထားတဲ့ ၃၇၇လို ဥပဒေပုဒ်မတွေ၊ မူဝါဒတွေကို ပယ်ဖျက်ဖို့ အများအင်အားနဲ့ စုပေါင်းတောင်းဆို နိုင်ပါတယ်။ မဲပေးနိုင်တဲ့ သူတွေဟာလည်း အရည်အချင်းရှိတဲ့ လိင်တူချစ်သူတွေကို ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ပြီး၊ အများအကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်ပြမယ်ဆိုရင် လူတွေရဲ့ အဆိုးအမြင်တွေကို ပြောင်းပြန်လှန်ပစ် နိုင်ပါတယ်။
 
တကယ်တော့ လိင်တူချစ်သူ လူဦးရေကို တစ်နိုင်ငံလုံး စာရင်းကောက်ဖို့ဆိုတာ ဘယ်နိုင်ငံမှာမဆို အလွန်မှ ခက်ခဲတဲ့ အလုပ်ဖြစ်ပါတယ်။ အမေရိကန်လို နိုင်ငံမှာတောင် သန်းခေါင်စာရင်း ကောက်ယူရာမှာ လိင်စိတ်ခံယူမှုနဲ့ ပက်သက်တာတွေ ထည့်မမေးပါဘူး။ သီးခြား ကောက်ခံတဲ့ စစ်တမ်းတွေကို အခြေခံပြီး၊ တစ်နိုင်ငံလုံးအတွက် ခန့်မှန်းကြရတာပါ။
 
လိင်မှုဗေဒ ပညာရပ်ရဲ့ ဖခင်ကြီးလို့ သတ်မှတ်ထားတဲ့ အဲဖရက် ကင်စေ (Alfred Kinsey) ရဲ့ ရှာဖွေ တွေ့ရှိချက်အရ ယောကျာ်းအားလုံးရဲ့ ၁၃ ရာခိုင်နှုန်းဟာ လိင်တူဆက်ဆံဖူးကြပြီး၊ ၁၀ရာခိုင်နှုန်းကတော့ လုံးဝ လိင်တူချင်း ချစ်သူတွေ ဖြစ်တယ်လို့ ၁၉၄၈မှာ ထုတ်ဝေခဲ့တဲ့ သူ့ရဲ့စာအုပ် Sexual Behavior in the Human Male မှာ ဖော်ပြခဲ့ပါတယ်။ အမျိုးသမီး တွေမှာလည်း မိန်းမ အားလုံးရဲ့ ၈ ရာခိုင်နှုန်းလောက်ဟာ လိင်တူချင်း ဆက်ဆံဖူးကြတယ်လို့ ၁၉၅၃မှာ နောက်ထပ် ထုတ်ဝေခဲ့တဲ့ စာအုပ် Sexual Behavior in the Human Female မှာ ဆိုထားပါတယ်။ ဒီစာအုပ် နှစ်အုပ်ကို အခြေခံပြီး Kinsey Report လို့ခေါ်တဲ့ ပျမ်းမျှလူ ၁၀ဦးတိုင်းမှာ လိင်တူချစ်သူ တစ်ဦး ရှိတယ်ဆိုတဲ့ သီအိုရီ ပေါ်ထွက်လာပါတယ်။
 
ဒီ သီအိုရီ အတိုင်းဆိုရင် ဘယ်နိုင်ငံမှာမဆို လူဦးရေရဲ့ ဆယ်ရာခိုင်နှုန်းဟာ လိင်တူချင်း ချစ်သူတွေ လို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် စစ်တမ်းတွေ ကောက်ယူရာမှာ လိင်စိတ်ခံယူမှုကို ထည့်မမေးကြသလို၊ ဖြေကြားသူတွေ ဘက်ကလည်း ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်ဖြစ်လို့ ထုတ်မပြော လိုကြပါဘူး။
 
နောက်ပိုင်း လိင်ကိစ္စအပေါ် မြင်တဲ့ အမြင်တွေ ပြောင်းလဲလာတာ နဲ့အမျှ ကျန်းမာရေးနဲ့ လူမှုရေး စစ်တမ်းတွေ ကောက်ခံရာမှာ လိင်စိတ်ခံယူမှုကိုပါ ထည့်သွင်း ကောက်ခံလာကြပြီး၊ ဖြေကြားသူရဲ့ အကြောင်းကိုလည်း လျှို့ဝှက်ထားပေးတဲ့ စနစ်တွေ ပေါ်ပေါက်လာတာမို့ လိင်တူချစ်သူတွေနဲ့ ပက်သက်တဲ့ အချက်အလက်တွေ ပိုမို တိတိကျကျ ပြည့်ပြည့်စုံစုံ ရရှိလာကြပါတယ်။ ဒါကြောင့် တစ်နှစ်ထက် တစ်နှစ် အမေရိကန်နိုင်ငံမှာ လိင်တူချစ်သူ ဦးရေကို အနီးစပ်ဆုံး ခန့်မှန်းနိုင် လာပါတယ်။
 
အမေရိကန်ရဲ့ သန်းခေါင်စာရင်း စနစ်ဟာ ပြည့်စုံတိကျမှုရှိတာမို့ သူတို့ရဲ့ ခန့်မှန်း တွက်ချက်မှုတွေကို အခြေခံပြီး ကိုယ့်နိုင်ငံ အတွက်လည်း အလားတူ တွက်ချက်ပေးဖို့ ကြိုးစားထားပါတယ်။
 
အမေရိကန်ဟာ တရုတ်နဲ့ အိန္ဒိယပြီးရင် ကမ္ဘာမှာ တတိယ လူဦးရေ အများဆုံး နိုင်ငံဖြစ်ပြီး ဒီနေ့ လူဦးရေ သန်း ၃၀ဝကျော် (မြန်မာနိုင်ငံရဲ့ ၆ဆခန့်) ရှိနေပါတယ်။
 
၂၀ဝ၀ပြည့်နှစ်မှာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ အမေရိကန် နိုင်ငံမှာ လူဦးရေ ၂၈၄,၈၀ဝ,ဝ၀ဝ ဦး ရှိခဲ့ပါတယ်။ ဒီအထဲက လိင်တူချစ်သူ အရေအတွက်ကို ခန့်မှန်းရာမှာ ၁၉၉၂မှာ ကောက်ခံခဲ့တဲ့ အမျိုးသား ကျန်းမာရေးနှင့် လူမှုဘဝ စစ်တမ်း (NHSLS) ကို အခြေခံ တွက်ချက်ထားပါတယ်။ အဲဒီ ခန့်မှန်းချက်အရ အမေရိကန်မှာ လိင်တူချစ်သူအဖြစ် ခံယူထားသူ ၄,၃၀ဝ,ဝ၀ဝ ဦး ရှိတယ်လို့ သိရပါတယ်။ ဒါဟာ စုစုပေါင်းလူဦးရေရဲ့ ၁.၅၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အမျိုးသား အားလုံးရဲ့ ၂ရာခိုင်နှုန်း (စုစုပေါင်း လူဦးရေရဲ့ ဝ.၇ ရာခိုင်နှုန်း) က ဂေး များအဖြစ် မိမိကိုယ်ကို သတ်မှတ်ထားပြီး၊ အမျိုသမီးအားလုံးရဲ့ ဝ.၉ ရာခိုင်နှုန်း (စုစုပေါင်း လူဦးရေရဲ့ ဝ.၃၂ ရာခိုင်နှုန်း) က လက်စဘီယံ များအဖြစ် ခံယူထားတာ တွေ့ရပါတယ်။
 
အမေရိကန်နိုင်ငံရှိ လူဦးရေ (၂၀ဝ၀ ခုနှစ် သန်းခေါင်စာရင်း အရ)
 
 
လူဦးရေ စုစုပေါင်း
 
ရာခိုင်နှုန်း
 
နိုင်ငံလူဦးရေ
 
၂၈၄, ၈၀ဝ, ဝ၀ဝ
 
၁၀ဝ%
 
အမျိုးသမီး
 
၁၄၅, ၅၃၂, ၈၀ဝ
 
၅၁.၁%
 
အမျိုးသား
 
၁၃၉, ၂၆၇, ၂၀ဝ
 
၄၈.၉%
 
လိင်တူချစ်သူ လူဦးရေ GLBT (gay, lesbian or bisexual)
 
လူဦးရေ စုစုပေါင်း
 
ရာခိုင်းနှုန်း
 
လိင်တူချစ်သူဦးရေ
 
၄,၃၀ဝ,ဝ၀ဝ
 
၁.၅၁ %
 
မဲပေးခွင့်ရှိသည့် လူဦးရေ
 
မဲပေးခွင့်ရှိသူအားလုံး၏ ၄ ရာခိုင်နှုန်း
 
 
အမျိုးသမီးချင်းချစ်သူ (လက်စဘီယံ)
 
၉၀ဝ,ဝ၀ဝ
 
ဝ.၃၂%
 
 
အမျိုးသားချင်းချစ်သူ (ဂေး)
 
၂,ဝ၀ဝ,ဝ၀ဝ
 
ဝ.၇ %
 
လိင်တူ၊ လိင်ကွဲ နှစ်မျိုးလုံး ချစ်သူ
 
၁,၄၀ဝ,ဝ၀ဝ
 
ဝ.၄၉ %
 
 
(Ref:Adherent.com)
 
ဒါဟာ လွန်ခဲ့တဲ့ ၁၀နှစ်က ကိန်းဂဏန်းဖြစ်ပြီး အခု ၂၀၁၀မှာ အမေရိကန် လူဦးရေ သန်း ၃၁၀ခန့် ရှိနေပါပြီ။ ဒါကြောင့် လိင်တူချစ်သူ လူဦးရေဟာလည်း ၂၀ဝ၀ ပြည့်နှစ် ကထက် ပိုများနေပြီလို့ ယူဆပါတယ်။
 
၂၀ဝ၈ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပစဉ်မှာ စီအင်န်အင်န် သတင်းဌာနက ကောက်ယူခဲ့တဲ့ စစ်တမ်းအရ မဲပေးသူ အားလုံးရဲ့ ၄ ရာခိုင်နှုန်းခန့်ဟာ လိင်တူချစ်သူအဖြစ် မိမိကိုယ်ကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။ လိင်တူချစ်သူများ ဆိုင်ရာ ဥပဒေနဲ့ ပေါ်လစီ အကြံပေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကယ်လီဖိုးနီးယား ပြည်နယ် UCLA တက္ကသိုလ်မှ The Williams Institute ကတော့ အမေရိကန်မှာ လိင်တူချစ်သူ လူဦးရေ ၈.၈သန်းခန့် ရှိနေပြီလို့ ၂၀ဝ၅-ဝ၆ မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေကို အခြေခံပြီး ကြေငြာထားပါတယ်။
 
အမေရိကန်မှာ ၁၀နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူနေတာမို့ ၂၀၁၀ခုနှစ်မှာ သန်းခေါင်းစာရင်း ထပ်မံကောက်ယူမှာ ဖြစ်ပြီး နောက်ဆုံးပိတ် စာရင်းအတိအကျကို ၂၀၁၁ခုနှစ်ကျမှ အများပြည်သူကို ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။
 
ဒါက အမေရိကန်နိုင်ငံရဲ့ အခြေအနေပါ။ မြန်မာနိုင်ငံအတွက် ဘယ်လိုရှိမလဲ ကြည့်လိုက်ရအောင်။
 
လက်ရှိ အနေအထားအရ မြန်မာနိုင်ငံရဲ့ လိင်တူချစ်သူ လူဦးရေ မပြောနဲ့ စုစုပေါင်း လူဦးရေ ကိုတောင် ခန့်မှန်းရ ခက်ခဲပါတယ်။ ပြည်တွင်းက စာနယ်ဇင်း တွေမှာတော့ မြန်မာနိုင်ငံ လူဦးရေကို သန်း ၅၀ကျော်၊ သန်း ၆၀နီးပါးလို့ လက်ခံရေးသား နေကြပါတယ်။ ကုလသမဂ္ဂနဲ့ အင်န်ဂျီအို တွေကတော့ ၄၈သန်းလို့ ထုတ်ပြန်သုံးစွဲ နေကြပါတယ်။ အင်တာနက်မှာ လူသုံးများတဲ့ အမေရိကန် စီအိုင်အေ အဖွဲ့ရဲ့ CIA Factbook ဝက်ဘ်ဆိုဒ် မှာတော့ ၅၃ သန်းလို့ ဖော်ပြထားပါတယ်။
 
မကြာသေးမီက အစိုးရရဲ့ ထုတ်ပြန်ချက်ကို ကိုးကားရေးထားတဲ့ ဆင်ဟွာသတင်း တစ်ပုဒ်ကတော့ ၂၀ဝ၉ခုနှစ်မှာ မြန်မာနိုင်ငံ လူဦးရေ ၅၉သန်းကျော် ရှိပြီလို့ ဆိုပါတယ်။ ယူကေနိုင်ငံက လူ့အခွင့်အရေး အဖွဲ့အစည်း တွေကတော့ ပြည်ပရောက်နေသူတွေနဲ့ တိုင်းရင်းသားအဖြစ် သတ်မှတ်မခံရသူ တွေကိုပါ ထည့်တွက် လိုက်မယ်ဆိုရင် သန်း၇၀နီးပါးထိ ရှိနိုင်တယ်လို့ ပြောထားတာ ဝီကီပီးဒီးယား ဝက်ဘ်ဆိုဒ်မှာ တွေ့ရပါတယ်။
 
၁၉၈၃ခုနှစ်မှာ နောက်ဆုံ သန်းခေါင်စာရင်း ကောက်ခံခဲ့စဉ်က မြန်မာနိုင်ငံမှာ လူဦးရေ ၃၅သန်း ရှိနေပါပြီ။ ဒါပေမယ့် အဲဒီအချိန်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းကလည်း တစ်နိုင်ငံလုံးကို ရာနှုန်းပြည့် မဟုတ်ပါဘူး။ အလွန် ဝေးလံတဲ့ တောင်ပေါ်ဒေသတွေနဲ့ မငြိမ်သက်သေးတဲ့ ဒေသတွေမှာ ကောက်ခံနိုင်ခြင်း မရှိခဲ့ပါဘူး။
 
အခု နှစ်၂၀နီးပါး ကြာခဲ့ပြီမို့ လူဦးရေ နှစ်ဆနီးပါးခန့် တိုးပွားနေပြီလို့ ယူဆရပါတယ်။ မြန်မာ့ လိင်တူချစ်သူ လူဦးရေကို ခန့်မှန်းကြည့်ရာမှာ အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ထုတ်ပြန်လိုက်တဲ့ ၅၉သန်းဆိုတဲ့ ပမာဏဟာ နောက်အကျဆုံး ဖြစ်ပြီး၊ တရားဝင် လည်းဖြစ်လို့ အခြေခံအဖြစ် ယူလိုက်ပါတယ်။ ဒီ ၅၉သန်းမှာ ကျား ၂၉.၃၉သန်း နဲ့ မ ၂၉.၇၃သန်း ရှိပြီး အသက် ၁၈နှစ်ပြည့် အရွယ်ရောက်သူ ဦးရေ သန်း၃၀ကျော် ရှိတယ်လို့ ဆိုထားပါတယ်။
 
လူအများ လက်ခံထားကြတဲ့ ပျမ်းမျှ လူ၁၀ဦးမှာ တစ်ဦးဟာ ဂေးဖြစ်တယ်ဆိုတဲ့ ကင်ဆေရဲ့ သီအိုရီ အရဆိုရင် မြန်မာနိုင်ငံမှာ လိင်တူချစ်သူ ၅.၉သန်း (၆သန်းနီးပါး) ရှိပြီး ဂေး နဲ့ လက်စဘီယံ သုံးသန်း နီးပါးစီ ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိန်းဂဏန်းဟာ အတော်လေး များပြားနေပါတယ်။
 
မြန်မာနိုင်င ံဧရိယာရဲ့ လေးပုံ တစ်ပုံရှိတဲ့ ရှမ်းပြည်နယ် မှာတောင် လူဦးရေ ၆သန်း မရှိသေးပါဘူး။ လူဦးရေ သန်း၃၀ဝကျော် ရှိပြီး အတွေးအခေါ် လွတ်လပ်ပွင့်လင်းတဲ့ အမေရိကန်မှာ ရှိတဲ့ လူဦးရေထက်တောင် များနေတာမို့ မဖြစ်နိုင်ပါဘူး။
 
အမေရိကန်မှာ လိင်တူချစ်သူ လူဦးရေ တွက်ချက်ရာမှာ အသက် ၁၈နှစ် ပြည့်ပြီးသူ များကိုသာ တွက်ချက်ထားတာ ဖြစ်ပါတယ်။ အရွယ်မရောက်သေး သူများရဲ့ လိင်စိတ်ခံယူချက်ဟာ အတည် မဖြစ်နိုင်သေးလို့ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ စုစုပေါင်း လူဦးရေ ထက် ၁၈နှစ် ပြည့်ပြီးသူ ဦးရေ သန်း၃၀ကို အခြေခံရင် အမှန်နဲ့ ပိုမိုနီးစပ် နိုင်ပါတယ်။ ဒါဆို သန်း၃၀ရဲ့ ၁၀ပုံ တစ်ပုံ၊ ၃သန်းရှိမှာ ဖြစ်ပါတယ်။
 
ဒီ ကိန်းဂဏန်းကိုလည်း အတည်ယူလို့ မရသေးပါဘူး။ အကြောင်းကတော့ လိင်တူချစ်သူ ဆိုတာ လိင်စိတ်ခံစားမှု လိင်ဆက်ဆံမှု တွေကို အခြေခံ သတ်မှတ်တာ မဟုတ်ပဲ၊ လိင်စိတ်ခံယူမှု ကိုသာ အခြေခံတာ ဖြစ်ပါတယ်။ ပထမအဆင့် လိင်တူချင်း တက်မက်တဲ့ ဆန္ဒရှိတယ်၊ နောက်တစ်ဆင့် လိင်တူချင်း လိင်ဆက်ဆံတယ် ဆိုတာတွေနဲ့တင် လိင်တူချစ်သူလို့ မသတ်မှတ် နိုင်ပါဘူး။
 
ဒီ ကိန်းဂဏန်းထဲမှာ မိသားစု၊ ပတ်ဝန်းကျင်၊ အလုပ်အကိုင်၊ ယဉ်ကျေးမှုနဲ့ ဘာသာရေး ကလာတဲ့ ဖိအားတွေကြောင့် မိန်းမယူပြီး၊ အပုန်းဘဝနဲ့ပဲ နေထိုင်သွားချင်တဲ့ သူတွေက အများစုအဖြစ် ပါဝင်နေနိုင်ပါတယ်။ ဒါ့အပြင် ငွေကြေးကြောင့်ဖြစ်စေ၊ အခြား ဖိအားကြောင့်ဖြစ်စေ လိင်တူချင်း ဆက်ဆံနေပေမယ့် လိင်တူချစ်သူ မဟုတ်တဲ့ သူငယ်တွေ၊ အော်ဖာတွေ ရှိနိုင်ပါသေးတယ်။
 
အရေးအကြီးဆုံးက လူအများကို ထုတ်ပြောသည် ဖြစ်စေ၊ ထုတ်မပြောပဲ ဖြစ်စေ၊ မိမိကိုယ်တိုင် လိင်တူချင်း ချစ်သူပါလို့ ယုံကြည်လက်ခံ ထားမှသာ (လိင်ကိစ္စအတွေ့အကြုံရှိရှိ၊ မရှိရှိ) လိင်တူချစ်သူအဖြစ် သတ်မှတ် ရေတွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အသေးစိတ် စကာတိုက် စစ်ချလိုက်မယ်ဆိုရင် တကယ့် အရေအတွက်က သုံးသန်းထက် အများကြီး လျှော့နည်းမှာ ဖြစ်ပါတယ်။
 
နောက်တစ်ခု ထည့်သွင်းစဉ်းစားလို့ ရတာက အင်န်ဂျီအိုတွေက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေပါ။ အိတ်ချ်အိုင်ဗွီ အေအိုင်ဒီအက်စ် လုပ်ငန်းတွေနဲ့ ပက်သက်ပြီး လိင်တူချစ်သူ (အင်န်ဂျီအို အခေါ် MSM)တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း အချို့ရှိပါတယ်။ သူတို့ ဆောင်ရွက်မှုတွေရဲ့ ထိရောက်မှု အတွက် နှစ်စဉ် အစီရင်ခံစာတွေ ရေးသားထုတ်ပြန် ကြရပါတယ်။ MSM တွေကို အိတ်ချ်အိုင်ဗွီ အေအိုင်ဒီအက်စ်နဲ့ ပက်သက်လို့ high risk group အဖြစ် သတ်မှတ် ဆောင်ရွက် နေတာကြောင့် စုစုပေါင်း ရှိနေတဲ့ MSM လူဦးရေကို ခန့်မှန်းပြီး၊ သူတို့ ကူညီပေးနိုင်ခဲ့တဲ့ MSM အရေအတွက်နဲ့ ဘယ်နှစ်ရာခိုင်နှုန်း ထိရောက်မှု ရှိခဲ့တယ်ဆိုတာ တွက်ချက်ကြရပါတယ်။
 
ကျွန်တော် အင်တာနက်ကနေ ရရှိခဲ့တဲ့ UNGASS အဖွဲ့ရဲ့ ၂၀၁၀ခုနှစ် Country Progress Report အရ ခန့်မှန်း MSM လူဦးရေကို ၂၄၀,ဝ၀ဝ (နှစ်သိန်းခွဲခန့်)လို့ ဖော်ပြထားပါတယ်။ ဒီအထဲကမှ၂၈.၈ ရာခိုင်နှုန်းဟာ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံထားရပြီး ၃၈၀ဝ၀ ကနေ ၃၂၀ဝ၀ ဦး အတွင်းသာ အင်န်ဂျီအိုတွေ ကပေးတဲ့ အကူအညီကို ရရှိနေတယ်လို့ သိရပါတယ်။ ဒီ နှစ်သိန်းခွဲဆိုတဲ့ ပမာဏဟာလည်း အမှန်ရှိတာထက် လျှော့နည်းနေမှာ အမှန်ပါပဲ။ အကြောင်းက MSM ဆိုတဲ့ အတိုင်း အမျိုးသားချင်း ချစ်သူ (ဂေး)တွေကို အဓိကထား ကောက်ယူထားတာ ဖြစ်လို့၊ အမျိုးသမီးချင်း ချစ်သူတွေနဲ့ လိင်တူလိင်ကွဲ နှစ်မျိုးလုံးချစ်သူ အရေအတွက် ပါဝင်ခြင်း မရှိလို့ပါပဲ။
 
နောက်တစ်ခုက ဒီအင်န်ဂျီအိုတွေဟာ လိင်တူချစ်သူတွေကို ဝါသနာတူ မိတ်ဆွေ အစုအဖွဲ့တွေ ဆီက တစ်ဆင့် ပညာပေး စည်းရုံးနေတာ ဖြစ်ပါတယ်။ ကိုယ် လိင်တူချစ်သူ ဖြစ်တာကို သိတဲ့ သူငယ်ချင်းတွေ ရှိမှ၊ တနည်းအားဖြင့် အနည်းနဲ့ အများ ပွင့်နေမှသာ ဒီအုပ်စုထဲမှာ အကျုံးဝင်နိုင်မှာ ဖြစ်ပါတယ်။ လူသိမခံတဲ့ အပုန်းတွေ၊ ဂေးအချင်းချင်း ပေါင်းသင်း ဆက်ဆံခြင်း မရှိတဲ့ ဂေးတွေဟာ၊ ဒီအထဲမှာ မပါဝင်နိုင်ပါဘူး။ ဒါ့အပြင် ဒီကိန်းဂဏန်းဟာ ရန်ကုန်၊ မန္တလေးနဲ့ မြေပြန့်က မြို့ကြီးတွေကို အခြေခံ တွက်ချက်ထားတာ ဖြစ်လို့၊ ဝေးလံသီခေါင်တဲ့ ကျေးလက်က တောသူတောင်သား ဂေးတွေနဲ့ တောင်ပေါ်ဒေသက တိုင်းရင်းသား ဂေးတွေရဲ့ အရေအတွက်လည်း မပါဝင်နိုင်ပါဘူး။
 
ဒီထက် ပိုမိုတိကျတဲ့ ကိန်းဂဏန်းတွေ ရဖို့ကိုတော့ ပိုမိုတိကျတဲ့ သန်းခေါင်စာရင်း ကိန်းဂဏန်းတွေ နဲ့ အခြား လှုမှုစစ်တမ်းတွေ တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ကောက်ခံနိုင်မှ ဖြစ်မှာပါ။ ဒီလို ထင်ထင်ပေါ်ပေါ် လုပ်နိုင်ဖို့ ဆိုတာကလည်း နောက်နှစ် ၂၀လောက်အတွင်း ဖြစ်လာဦးမှာ မဟုတ်တာ အသေအချာပါပဲ။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ လိင်တူချစ်သူ အများဆုံး သုံးသန်းခန့် ကနေ အနည်းဆုံး သုံးသိန်းဝန်းကျင်လောက် ရှိနေတယ်လို့ ယူဆရင်တော့ နီးစပ်မယ်လို့ ခန့်မှန်းရင်း တင်ပြလိုက်ပါတယ်။
 
နေရောင်လင်းခန့်
 
July 15, 2010
 
ကိုးကား
 
•Ellen Bass and Kate Kaufman, “Free Your Mind :The book for gay, lesbian and bisexual youth and their allies”
 
•National Health and Social Life Survey (NHSLS)
 
http://sodapop.pop.psu.edu/data-collections/nhsls
 
•Myanmar population hits over 59 mln in 2009
 
http://english.peopledaily.com.cn/90001/90777/90851/7049436.html
 
•UNGASS Progress Report 2010