ပြည်သူ့စစ်မှုထမ်းဥပဒေ: တည်းဖြတ်မှု မူကွဲများ

" စစ်မှုမထမ်းမန..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
စာကြောင်း ၈၈ -
==အခန်း(၇)ပြစ်မှုနှင့်ပြစ်ဒဏ်များ==
၂၃။ မည်သူမဆို အောက်ဖော်ပြပါပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ခုခုကို ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ကျူးလွန်ကြောင်းပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်-
:(က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က ပုဒ်မ ၉၊ ပုဒ်မခွဲ(က) အရ မှတ်ပုံတင်ရန်အတွက် ဆင့်ခေါ်ချိန်တွင် လာရောက်သတင်းပို့ရန်ပျက်ကွက်ခြင်း၊
:(ခ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က ပုဒ်မ ၉၊ ပုဒ်မခွဲ(ခ) အရ ဆေးစစ်ရန်အတွက်ဆင့်ခေါ်ချိန်တွင် လာရောက်သတင်းပို့ရန်ပျက်ကွက်ခြင်း၊
:(ဂ) ဆေးစစ်ခြင်းအောင်မြင်သော်လည်း ပုဒ်မ ၁၀ အရ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က ပြည်သူ့စစ်မှု ထမ်းရန်ဆင့်ခေါ်ချိန်တွင် လာရောက်သတင်းပို့ရန်ပျက်ကွက်ခြင်း၊
:(ဃ) ပုဒ်မ ၂၁၊ ပုဒ်မခွဲ(ခ) အရ စစ်စည်းရုံးခြင်းအမိန့်ထုတ်ဆင့်ချိန်တွင် မိမိအတွက် ကြိုတင်သတ်မှတ် ပေးထားသော တပ် သို့မဟုတ် ဌာနသို့ သွားရောက်သတင်းပို့ရန်ပျက်ကွက်ခြင်း၊
:(င) ဤဥပဒေအရ မိမိဖော်ပြရမည့် အကြောင်းအရာတစ်ခုခုနှင့်စပ်လျဉ်း၍ မမှန်မကန်ဖော်ပြခြင်း၊
:(စ) ပြည်သူ့စစ်မှုထမ်းရန် ကာလပြီးဆုံးသောမိမိ၏အလုပ်သမားအား ပုဒ်မ ၁၈၊ ပုဒ်မခွဲ(ခ) အရ အလုပ်ခန့်ထားရန် ပျက်ကွက်ခြင်း။
၂၄။ မည်သူမဆို စစ်မှုထမ်းဆောင်ခြင်းမှ တိမ်းရှောင်လွှဲဖယ်လိုသည့်အကြံဖြင့် အောက်ပါပြစ်မှုတစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
:(က) မိမိကျန်းမာရေးအဆင့်အတန်းကို နိမ့်ကျစေလိုသောအကြံဖြင့် မိမိကိုယ်ကို အနာရောဂါစွဲကပ်ဟန် ဆောင်ခြင်း၊
 
:(ခ) မသန်မစွမ်းဟန်ဆောင်ခြင်း၊
(က) မိမိကျန်းမာရေးအဆင့်အတန်းကို နိမ့်ကျစေလိုသောအကြံဖြင့် မိမိကိုယ်ကို အနာရောဂါစွဲကပ်ဟန် ဆောင်ခြင်း၊
:(ဂ) မိမိကိုယ်ကို ရောဂါစွဲကပ်စေရန်လည်းကောင်း၊ မသန်မစွမ်းဖြစ်စေရန်လည်းကောင်း ပြုလုပ်ခြင်း၊
(ခ) မသန်မစွမ်းဟန်ဆောင်ခြင်း၊
:(ဃ) မိမိ၏အနာရောဂါကိုဖြစ်စေ၊ မသန်မစွမ်းခြင်းကိုဖြစ်စေ၊ ပျောက်ကင်းအောင်မကုသဘဲ တမင် နှောင့်နှေးကြန့်ကြာစေရန် လည်းကောင်း၊ ပိုမိုဆိုးရွားလာစေရန်လည်းကောင်းပြုခြင်း၊
(ဂ) မိမိကိုယ်ကို ရောဂါစွဲကပ်စေရန်လည်းကောင်း၊ မသန်မစွမ်းဖြစ်စေရန်လည်းကောင်း ပြုလုပ်ခြင်း၊
:(င) မိမိအလိုအလျောက် မိမိကိုယ်ကို အနာတရဖြစ်စေရန်ပြုခြင်း၊
(ဃ) မိမိ၏အနာရောဂါကိုဖြစ်စေ၊ မသန်မစွမ်းခြင်းကိုဖြစ်စေ၊ ပျောက်ကင်းအောင်မကုသဘဲ တမင် နှောင့်နှေးကြန့်ကြာစေရန် လည်းကောင်း၊ ပိုမိုဆိုးရွားလာစေရန်လည်းကောင်းပြုခြင်း၊
:(စ) အခြားနည်းများဖြင့် ပြုလုပ်ခြင်း၊
(င) မိမိအလိုအလျောက် မိမိကိုယ်ကို အနာတရဖြစ်စေရန်ပြုခြင်း၊
(စ) အခြားနည်းများဖြင့် ပြုလုပ်ခြင်း၊
 
၂၅။ ဤဥပဒေအရဆောင်ရွက်ရသော နိုင်ငံ့ဝန်ထမ်းတစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းဝင်တစ်ဦးဦးသည် မိမိတာဝန်ကို မရိုးမဖြောင့်သော သဘောဖြင့်ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
Line ၁၀၇ ⟶ ၁၀၆:
၂၇။ ပုဒ်မ ၂၃ ပါပြစ်မှုကို ကျူးလွန်ကြောင်းစွဲဆိုသည့်အမှုတွင် ယင်းပျက်ကွက်မှုများနှင့်စပ်လျဉ်း၍ ခိုင်လုံသော အကြောင်းပြချက်ရှိကြောင်း သက်သေထင်ရှားပြသရန်တာဝန်သည် တရားခံအပေါ်၌ ကျရောက်စေရမည်။
၂၈။ နိုင်ငံသားတစ်ဦးသည် ပုဒ်မ ၂၃ နှင့် ၂၄ ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်မှုအတွက် ပြစ်မှုဆိုင်ရာ ပြစ်ဒဏ်ထင်ရှား စီရင်ခြင်းခံရပြီးဖြစ်စေကာမူ ဤဥပဒေအရ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့် မရှိစေရ။
 
==အခန်း(၈)အထွေထွေ==
၂၉။ နိုင်ငံတော်အစိုးရသည် ဤဥပဒေပါပြဋ္ဌာန်းချက်များကို နည်းလမ်းတကျနှင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သော အဖွဲ့နှင့် ကော်မတီများကို ဖွဲ့စည်းတာဝန်ပေးနိုင်သည်။