ပြည်သူ့စစ်မှုထမ်းဥပဒေ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁၄ -
 
၁။ (က) ဤဥပဒေကို ပြည်သူ့စစ်မှုထမ်းဥပဒေ ဟုခေါ်တွင်စေရမည်။
:(ခ) ဤဥပဒေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ က အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက် တွင် စတင်အာဏာတည်ရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်-
:(က) ပြည်သူ့စစ်မှုထမ်း ဆိုသည်မှာ ဤဥပဒေအရ စစ်မှုထမ်းဆောင်သည့် နိုင်ငံသားကိုဆိုသည်။
:(ခ) စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသောနိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၄၅ နှစ်မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြင်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုသည်။
:(ဂ) တပ်မတော် စက်မှုလက်မှုပညာသည် ဆိုသည်မှာ တပ်မတော်တွင် အမှုထမ်းလျက်ရှိသော ဝန်ထမ်းများအနက် ကာကွယ်ရေးဌာနကောင်စီအမိန့်ဖြင့်သတ်မှတ်သော ပညာသည်အုပ်စုဝင်ဇယား၌ပါဝင်သည့် စက်မှုလက်မှုပညာ ကျွမ်းကျင်သူကို ဆိုသည်။
:(ဃ) ကျွမ်းကျင်သူ ဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများကို ဆိုသည်။
:(င) မိသားစုဝင် ဆိုသည်မှာ မိဘ၊ ခင်ပွန်း သို့မဟုတ် ဇနီး၊ သားသမီး ညီအစ်ကိုမောင်နှမကိုဆိုသည်။
:(စ) သာသနာ့ဝန်ထမ်း ဆိုသည်မှာ အောက်ပါတို့ကို ဆိုသည်-
::(၁) ဗုဒ္ဓဘာသာအတွက်ဖြစ်လျှင် ဗုဒ္ဓသာသနာဝန်ကို အစဉ်ထမ်းရွက်နေသော သာသနာ့နွယ်ဝင် လက်မှတ်ကိုင်ဆောင် ထားသည့် ရဟန်း၊ သာမဏေနှင့် သီလရှင်၊
::(၂) ခရစ်ယာန်ဘာသာအတွက်ဖြစ်လျှင် သာသနာဝန်ထမ်းဆောင်ရန် အဓိကအားဖြင့် မိမိကိုယ်ကို ဆက်ကပ်ပြီးသော ပုဂ္ဂိုလ်ဟု သက်ဆိုင်ရာ ခရစ်ယာန်အသင်းတော်ကြီးများ (Churches) က အသိအမှတ်ပြု၍ သိက္ခာပေးထားခြင်းခံရသောပုဂ္ဂိုလ်၊
::(၃) ဟိန္ဒူဘာသာအတွက်ဖြစ်လျှင် စံယာစီ၊ မဟန့် သို့တည်းမဟုတ် ဟိန္ဒိူဘုန်းတော်ကြီး
:(ဆ) ပညာသင်ကြားနေသူ ဆိုသည်မှာ အစိုးရကဖွင့်လှစ်ထားသော သို့မဟုတ် အသိအမှတ်ပြုထားသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများတွင် ပညာသင်ကြားနေသူများကို ဆိုသည်။
 
==အခန်း(၂)ပြည်သူ့စစ်မှုထမ်းရန်ကာလ==
 
၃။ ပြည်သူ့စစ်မှုထမ်းရန်ကာလကို အောက်ပါအတိုင်းသတ်မှတ်သည်-
:(က) စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို (၂၄) လထက်မပိုသည့် ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။
:(ခ) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော်စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခြင်းခံရသူများကို (၃၆)လထက် မပိုသည့် ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။
:(ဂ) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော ကျွမ်းကျင်သူများအား (၃၆)လထက် မပိုသည့်ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။
၄။ နိုင်ငံတော်တွင်အရေးပေါ်အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန်ကာလကို (၅) နှစ် အထိ တိုးမြှင့်သတ်မှတ်နိုင်သည်။
၅။ ပြည်သူ့စစ်မှုထမ်း၏ စစ်မှုထမ်းသည့်ကာလကို ရေတွက်ရာ၌ စစ်မှုထမ်းဆောင်နေချိန်အတွင်း ၁၉၅၉ခုနှစ်၊ တပ်မတော် အက်ဥပဒေအရ စစ်တရားရုံးဖြင့်မဟုတ်ဘဲ အခြားနည်းဖြင့်ချမှတ်သော ပြစ်ဒဏ်ကာလကိုလည်းကောင်း၊ စစ်တရားရုံးကဖြစ်စေ၊ နယ်ဘက်တရားရုံးကဖြစ်စေ စစ်ဆေးအပြစ်ပေးသော ပြစ်ဒဏ်ကာလကိုလည်းကောင်း ထည့်သွင်းရေတွက်ခြင်း မပြုရ။
စာကြောင်း ၄၀ -
၆။ အစိုးရအဖွဲ့ သို့မဟုတ် ယင်းက အာဏာအပ်နှင်းထားသော အဖွဲ့အစည်းသည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းရမည်။
၇။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့သည်-
:(က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အဖွဲ့၊ ခရိုင်အဖွဲ့နှင့် မြို့နယ်အဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။
:(ခ) ပြည်သူ့စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းခံရသူများအား ဆေးစစ်ခြင်းကို တပ်မတော် ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့များ ဖြင့် ဆောင်ရွက်ရမည်။
၈။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် မိမိရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတွင် နေထိုင်သော နိုင်ငံသားများအနက် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စစ်မှုထမ်းရမည့် အသက် အရွယ် ရောက်သူများမ၏စာရင်းကို ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး မြို့နယ်အဖွဲ့သို့ သတ်မှတ်ချက်များနှင့့်အညီ နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့အရောက်ပြုစုပေးပို့ရမည်။ ၉။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့သည်-
:(က) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ နိုင်ငံသားတိုင်းအား ဆင့်ခေါ်၍ မှတ်ပုံတင်ထားရမည်။ ယင်းသို့ မှတ်ပုံတင်ထားခြင်းအတွက် မှတ်ပုံတင်လက်မှတ်ထုတ်ပေးရမည်။
:(ခ) မှတ်ပုံတင်လက်မှတ် လက်ဝယ်ရရှိထားပြီးသော စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူကို ဆေးစစ်ရန် အတွက် ဆင့်ခေါ်နိုင်သည်။
၁၀၊ (က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး မြို့နယ်အဖွဲ့၏ ပြည်သူ့စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းခံရသူသည် ဆင့်ခေါ်ရေး အမိန့်စာ၌ ဖော်ပြထားသော တပ် သို့မဟုတ် ဌာနသို့ သတ်မှတ်ကာလအတွင်း မပျက်မကွက် သတင်းပို့ရမည်။
:(ခ) ဤဥဒေနှင့် စပ်လျဉ်းသည့် ကိစ္စတစ်ခုခုအတွက် စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူတစ်ဦးသီးထံသို့ ပေးပို့သော ဆင့်ခေါ်ရေးအမိန့်စာကို သက်ဆိုင်ရာ ပုဂ္ဂိုလ်ထံသို့ပေးပို့ရမည်။ အကယ်၍ ယင်းပုဂ္ဂိုလ်ကို မတွေ့ရှိပါက အတူနေမိသားစုဝင်တစ်ဦးဦး၏ လက်ဝယ်သို့ သက်သေတစ်ဦး၏ရှေ့မှောက်တွင်ပေးအပ်ရမည်။ ထို ဆင့်ခေါ်ရေး အမိန့်စာသည် စစ်မှုထမ်းရမည့်သူသို့ တိုက်ရိုက်ပေးပြီးဖြစ်သကဲ့သို့ မှတ်ယူရမည်။
၁၁။ နိုင်ငံသားတစ်ဦးသည် ယင်းအား ပြည်သူ့စစ်မှုထမ်းအဖြစ်လက်ခံခွင့်ပြုသည့်နေ့မှစ၍ ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေကို လိုက်နာရမည်။
၁၂။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့သည်-
:(က) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူတစ်ဦးအား စစ်မှုထမ်းရန်ဆင့်ခေါ်ရာတွင် ဆင့်ခေါ်ခြင်းခံရသူက မိမိအား စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန်ဖြစ်စေ၊ စစ်မှုထမ်းရမည့်ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးရန်ဖြစ်စေ၊ သီးခြားဖော်ပြထားသော ကာလအပိုင်းအခြားအထိ ရွှေ့ဆိုင်းပေးရန်ဖြစ်စေ အကြောင်းပြချက်များဖော်ပြလျက် လျှောက်လွှာဖြင့် ရေးသားတင်ပြလာပါက အောက်ပါအချက်များအား စုံစမ်းစစ်ဆေးရမည်။
::(၁) ကိုယ်ရေးအချက်အလက်များ မှန်ကုန်မှု ရှိ/မရှိ၊
::(၂) အကြောင်းပြချက်များသည် မှန်ကုန်ခိုင်လုံမှု ရှိ/မရှိ၊
::(၃) စာရွက်စာတမ်း အထောက်အထားနှင့် ထောက်ခံချက်များ ပြည့်စုံစွာ ပူးတွဲတင်ပြခြင်း ရှိ/ မရှိ။
:(ခ) လျှောက်လွှာပါ ကိုယ်ရေးအချက်အလက်များပြည့်စုံမှုမရှိလျှင်ဖြစ်စေ၊ စာရွက်စာတမ်း၊ အထောက်အထားနှင့် ထောက်ခံချက်များ လိုအပ်ပါလျက် ပူးတွဲတင်ပြခဲ့ခြင်းမရှိလျှင်ဖြစ်စေ လျှောက်လွှာတင်ပြသူထံ ပြန်လည်တောင်းခံ ရယူရမည်။
:(ဂ) ပုဒ်မခွဲ (က) နှင့် (ခ) ပါ ဆောင်ရွက်ရမည့် ကိစ္စများဆောင်ရွက်ပြီးစီးပါက ဆင့်ခေါ်ခြင်းခံရသူ၏ လျှောက်လွှာ နှင့်အတူ လျှောက်ထားသူ၏ တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့၏ ဆေးစစ်ဆေးတွေ့ရှိချက်၊ မိမိ၏ စိစစ် တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို ပူးတွဲတင်ပြလျက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ခရိုင်အဖွဲ့သို့ ဆက်လက် တင်ပြရမည်။
:(ဃ) မြို့နယ်အတွင်းရှိ စစ်မှုထမ်းဆောင်ရန် သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများအား စာရင်းပြုစု၍ အထက်ဌာန အဆင့်ဆင့်သို့ တင်ပြရမည်။
၁၃။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ခရိုင်အဖွဲ့သည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့မှ တင်ပြလာသော လျှောက်လွှာများအပေါ်တွင် မိမိ၏သဘောထားမှတ်ချက်ပြုလျက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့သို့ ဆက်လက်တင်ပြရမည်။
၁၄။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့သည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးခရိုင် အဖွဲ့မှ တင်ပြလာသော လျှောက်လွှာများအပေါ် မိမိ၏သဘောထားမှတ်ချက်ပြုလျက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့သို ဆက်လက်တင်ပြရမည်။
၁၅။ (က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့မှ တင်ပြလာသော ဆင့်ခေါ်ခြင်းခံရသူများ၏ လျှောက်လွှာများကို စိစစ်ရာတွင်အောက်ပါအချက်များနှင့် အကျုံးဝင်သောပုဂ္ဂိုလ်များအား ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သည်-
::(၁) ယာယီအားဖြင့် စစ်မှုထမ်းနိုင်မည့် ကျန်းမာရေးအဆင့်မမီကြောင်း သက်ဆိုင်ရာတပ်မတော်ဆေးစစ်ရေး ဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိသူများ၊
::(၂) နိုင်ငံဝန်ထမ်းများ၊
::(၃) ပညာသင်ကြားနေသူများ၊
::(၄) အခြားပြုစုစောင့်ရှောက်မည့်သူမရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊
::(၅) မူးယစ်ဆေးဝါးဖြစ်ရန် ဆေးကုသမှုခံယူနေသူများ၊
::(၆) ထောင်ဒဏ်ကျခံနေသူများ
:(ခ) ပုဒ်မခွဲ (က) ပါ ပုဂ္ဂိုလ်များသည် မိမိတို့အား ခွင့်ပြုထားသည့် ယာယီရွှေ့ဆိုင်းခွင့်ကာလများကို စစ်မှု ထမ်းရမည့် အသက်အရွယ်ကျော်လွန်စေကာမူ သတ်မှတ်ထားသော ပြည်သူ့စစ်မှုထမ်းဆောင်ရန်ကာလကို ပြည့်မီအောင် ထမ်းဆောင်ရမည်။
 
==အခန်း(၄)ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ==