ဗင်နီတို မူဆိုလီနီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎နိုင်ငံရေး
စာကြောင်း ၃၃ -
[[File:Bundesarchiv Bild 183-2007-1022-506, Italien, deutsche Frontkämpfer in Rom crop.jpg|thumb|မူဆိုလီနီ]]
၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားသောအခါ မူဆိုလီနီသည် သူ၏ ဘဝသစ်ကို ဖန်တီးမည့် ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သည်။ သူသည် အစပထမ၌ ကြားနေရေးဝါဒကို ထောက်ခံသော်လည်း နောင်သောအခါ မဟာမိတ်တို့ဖက်မှ ဝင်တိုက်ရန် လှုံဆော်ပေးလေသည်။ မူဆိုလီနီ၏ စစ်ထဲပါဝင်ရေးဝါဒသည် ဆိုရှယ်လစ်တို့၏ စစ်မတိုက်ရေးဝါဒနှင့် ဆန့်ကျင်နေရာ မူဆိုလီနီသည် ဆိုရှယ်လစ်ပါတီနှင့် အိုးစားကွဲကာ ဆိုရှယ်လစ်ပါတီမှ၎င်း၊ ပါတီသတင်းစာ အယ်ဒီတာ အဖြစ်မှ၎င်း နုတ်ထွက်ရလေသည်။ ထိုနောက် သူသည် 'ပိုပိုလိုဒီတာလိယ' ခေါ် နေ့စဉ်သတင်းစာတစောင်ကို တည်ထောင်၍ မဟာမိတ်များဖက်မှ ပါဝင်တိုက်ရေးဝါဒကို ဖြန့်လေတော့၏။ သူကိုယ်တိုင်လည်း သာမန်စစ်သားအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ ဒဏ်ရာမှ ပျောက်ကင်းသောအခါ ဆေးရုံမှ ဆင်း၍ အယ်ဒီတာပြန်လုပ်ကာ စစ်အောင်မြင်ရေးကို ကြိုးပမ်းပြန်လေသည်။
၁၉၁၉ ခုနှစ် စစ်ပြေငြိမ်းပြီးနောက် မူဆိုလီနီသည် ဖက်ဆစ်ပါတီကို ဖွဲ့စည်းတည်ထsquareောင်ခဲ့သည်။ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုစဉ်က အီတလီနိုင်ငံ၏အခြေအနေမှာ အတော်ပင် စိတ်ပျက်ဖွယ်ရာ ကောင်းနေ၏။ အစိုးရမှာ အကြွေးပင်လယ်ဝေနေပြီးလျှင် နိုင်ငံတွင်း၌လည်း သပိတ်မှောက်မှုများ၊ အဓမ္မအကြမ်းဖက်မှုများ အတော်ထကြွနေသည်။ ၁၉၂၀ ပြည့်နှစ်တွင် မီလန်မြို့၌ ကွန်မြူနစ်တို့ ပုန်ကန်ထကြွကြ၏။ ထို့နောက် ဗလုံးညားမြို့တွင်လည်း ထကြွပြန်၏။ သို့ဖြစ်ရာတွင် ကွန်မြူနစ်တော်လှန်ရေးကို စိုးရိမ်သောအရင်းရှင်များနှင့် စစ်ပြေငြိမ်းရေးစည်းကမ်းချက်များကို မကျေနပ်သော စစ်သားဟောင်းများသည် မူဆိုလီနီအား ငွေအား လူအားဖြင့် ထောက်ခံကြလေသည်။
ဖက်ဆစ်ပါတီဝင်များသည် အမျိုးသားရေးဝါဒစိတ် လွန်ကဲသူများဖြစ်၍ အာဏာကြီးမားသော ဗဟိုအစိုးရနှင့် စည်းကမ်းသေဝပ်ရေးကို လိုလားသည်။ မူဆိုလီနီသည် ၁၉၂၀ ပြည့်နှစ်မှစ၍ ဖက်ဆစ်အဖွဲ့များကို နေရာအနှံ့အပြားတွင် ဖွဲ့စည်းလေသည်။ ရှပ်နက်တပ်ဖွဲ့များကို ဖွဲ့စည်းကာ အတိုက်အခံဂိုဏ်းများကို ဖြိုဖျက်သည်။ နယ်များရှိ ဖက်ဆစ်အဖွဲ့များသည် ကွန်မြူနစ်များနှင့် မင်းမဲ့ဝါဒီတို့၏အစည်းအဝေးများကို နှောင့်ယှက်ဖျက်ဆီးခြင်း၊ ထိုအဖွဲ့များ၏ ဌာနချုပ်များနှင့် အဖွဲ့များနှင့်ဆိုင်သော စာအုပ်စာတမ်းများရောင်းချရာဆိုင်များကို ဝင်ရောက်လုယူဖျက်ဆီးခြင်း စသည်တို့ကို ပြုလုပ်လေသည်။ နောက်တွင် တဆင့်တက်ကာ ခေါင်းမာသော ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ကြ၏။ ထိုအချိန်တွင် ဥပဒေပြုလွှတ်တော်တွင် ဖက်ဆစ်အမတ် ဦးရေ ၃၅ ယောက်ခန့် ရှိနေပြီဖြစ်သည်။
၁၉၂၁ ခုနှစ်တွင် ဖက်ဆစ်အဖွဲ့ကို နိုင်ငံရေးပါတီအသွင်သို့ ပြောင်းလဲလိုက်သည်။ မူဆိုလီနီအားလည်း 'အီးဒူးချေး' (ခေါင်းဆောင်ကြီး)ဟု အသိအမှတ်ပြုကြသည်။