ချက်သမ္မတနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၄၃ -
တစ်ချိန်က [[ဘိုဟီးမီးယား]] ('''Bohemia''') ဟု လူသိများခဲ့သော ချက်နိုင်ငံသည် ၉ရာစုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၁၈ခုနှစ်အထိ ဘုရင့်နိုင်ငံ ဖြစ်ခဲ့သည်။ ၁၃ရာစု၊ ၁၄ရာစုနှစ်များ၌ ပရီမိုင်ဆလစ် (Přemyslid) နှင့် လူဇင်ဘတ် (Luxembourg) မင်းဆက်များ လက်ထက်တွင် ယင်း၏ ပိုင်နက်နယ်မြေများ အကျယ်ဆုံးအထိဖြစ်လာခဲ့သည်။ ၁၅၂၆တွင် ဖြစ်ပွားခဲ့သော [[မိုဟက်တိုက်ပွဲ]] (Battle of Mohács) ပြီးနောက်တွင် ဘိုဟီးမီးယားဘုရင့်နိုင်ငံသည် ဟတ်ဘ်စ်ဘတ်ခ် (Habsburg monarchy) ဘုရင်စနစ်အောက်သို့ ဩစတြီးယား၊ [[ဟန်ဂေရီ]]တို့နှင့်အတူ သွတ်သွင်းခံခဲ့သည်။ ၁၉၁၈တွင် [[ပထမကမ္ဘာစစ်]]ကြီးအပြီး ဩစတြီးယား-ဟန်ဂေရီအင်ပါယာ ပြိုကွဲပြီးနောက် လွတ်လပ်သော ချက်သမ္မတနိုင်ငံ ဖြစ်ပေါ်လာသည်။ [[နာဇီ]]ဂျာမနီ၊ [[ပြင်သစ်]]၊ [[ယူနိုက်တက်ကင်းဒမ်း]] နှင့် [[အီတလီ]]တို့ချုပ်ဆိုခဲ့သော [[မြူးနစ်စာချုပ်]]အရ [[ဇောင်လ်ဇီနယ်]]ကို ပိုလန်သို့ပေးရခြင်း၊ ယင်းနောက် ဂျာမန်တို့က [[ချက်ကိုစလိုဗက်ကီးယား]]ကို သိမ်းပိုက်ခြင်းနှင့် [[ဆိုဗီယက်]][[တပ်နီတော်]]မှ ချက်ကိုစလိုဗက်ကီးယားကို လွတ်မြောက်အောင် လုပ်ဆောင်ပေးခြင်းစသည့် နိုင်ငံရေးဖြစ်စဉ်များကြောင့် ၁၉၄၆ခုနှစ် ရွေးကောက်ပွဲတွင် ကွန်မြူနစ်ပါတီသည် မဲ (၃၈%) ဖြင့် လူကြိုက်အများဆုံးဖြစ်ခဲ့သည်။ <ref>[http://www.libri.cz/databaze/dejiny/text/t98.html Libri.cz] {{cs icon}}</ref>
 
၁၉၄၈တွင် [[အာဏာသိမ်းမှု]]ဖြစ်ပွားခဲ့ပြီးအာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ကွန်မြူနစ်နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၆၈တွင် ကွန်မြူနစ်အစိုးရအပေါ် မကျေနပ်မှုများတိုးပွားလာကာ ဖြုတ်ချနိုင်ရန်ကြံစည်လာကြသည်။ ၁၉၆၈ [[ပရာ့ဂ်နွေဦးရာသီ]] အရေးအခင်းသည် [[ရိုမေးနီးယား]]မှအပ [[ဝါဆောစာချုပ်]]အဖွဲ့ဝင်နိုင်ငံများက ဝင်ရောက်သိမ်းပိုက်ခြင်းဖြင့် အဆုံးသတ်ခဲ့ပြီး ၁၉၈၉ [[ကတ္တီပါတော်လှန်ရေး]] ( Velvet Revolution) ဖြင့် ကွန်မြူနစ်အစိုးရ ပြုတ်ကျသွားသည့်အချိန်အထိ ကြာမြင့်ခဲ့သည်။ ၁၉၉၃၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် ချက်ကိုစလိုဗက်ကီးယားနိုင်ငံကို ဖျက်သိမ်းပြီး ချက်နိုင်ငံနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့အဖြစ် လမ်းခွဲခဲ့ကြသည်။
 
ချက်သမ္မတနိုင်ငံသည် [[ပါလီမန်ဒီမိုကရေစီ]] ပါတီစုံစနစ်ကိုကျင့်သုံးသည်။ လက်ရှိသမ္မတ [[ဗားကလက်ကလော့စ်]] (Václav Klaus) မှာ နိုင်ငံတော်၏ အကြီးအကဲဖြစ်ပြီး၊ အစိုးရအဖွဲ့အကြီးအကဲမှာ လက်ရှိဝန်ကြီးချုပ် [[ပီတာနေးကပ်စ်]] (Petr Nečas) ဖြစ်သည်။ ပါလီမန်တွင် လွှတ်တော် ၂ရပ်ထားရှိသည်။ Chamber of Deputies နှင့် ဆီးနိတ် (Senate) တို့ဖြစ်သည်။