ဓာတုဗေဒ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎အကျဉ်းချုပ်
စာကြောင်း ၂၃ -
ကျွန်ုပ်တို့ အသုံးပြုနေကြဖြစ်သော အရာဝတ္တု ပုံသဏ္ဌာန်နှင့် သဘောသဘာဝများမှာ ၎င်းဒြပ်ဝတ္တု၏ ဂုဏ်သတ္တိများနှင့် ၎င်းတို့ အပြန်အလှန် ဒြပ်သက်ရောက်မှု များပင်ဖြစ်သည်။ ဥပမာ သံမဏိ သည် သံထက်မာကြောသည် အဘယ်ကြောင့်ဆိုသော် သံမဏိ၏ အက်တမ်များသည် ပိုမို၍ခိုင်မာသော ပုံဆောင်ခဲအကွက် (crystalline lattice) များဖြင့် တွယ်ဆက်ထား၍ဖြစ်သည်။ သစ်သားစများသည် မီးလောင်သည် အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် တစ်စုံတစ်ခုသော အပူချိန် အထက်တွင် [[အောက်စီဂျင်]] နှင့် အလိုအလျောက် ဓာတ်ပြုပြီး ဓာတ်လျော့ (oxidation) သွားသောကြောင့် ဖြစ်သည်။ [[ဆား]] နှင့် [[သကြား]] တို့မှာ [[ရေ]]တွင် ပျော်ဝင်သည် အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မော်လီကျူး သတ္တိတို့မှာ သာမန် အခြေတွင် ပျော်ဝင်ခြင်းက အကောင်းဆုံးအခြေကို ရောက်ရှိခြင်းကြောင့်ဖြစ်သည်။
 
ဒြပ်ပြောင်းလည်းခြင်းကို ဓာတုနည်းဖြင့် လေ့လာရာတွင် မတူညီသော ဓာတုပစ္စည်းများ သို့မဟုတ် [[အရာဝတ္တု]]နှင့် [[စွမ်းအင်]] ခြားနားခြင်းကြောင့် ဖြစ်သည်။ သာမန်အားဖြင့် ဓာတုပညာကို စူးစမ်းမှုပြုရာတွင် [[ဓာတ်ခွဲခန်း]]များရှိဓာတ်ခွဲခန်းများရှိ laboratory glassware များကို အသုံးပြုသည်။
 
ဓာတ်ပြုခြင်းတွင် အရာဝတ္တုများသည် တစ်မျိုးမှ တစ်မျိုးသို့ ပြောင်းလဲသည်။ ၎င်းကို ဓာတုညီမျှခြင်းများသုံး၍ သင်္ကေတများဖြင့် ဖော်ပြနိုင်သည်။ ညီမျှခြင်း ဘယ်ဖက်နှင့် ညာဖက်ရှိ အက်တမ် အလုံးရေမှာ အမြဲလိုလို တူညီကြသည်။ ဓာတ်ပြုခြင်း၏ သဘောသဘာဝမှာ အရာဝတ္တုများ ထိုသို့ပြောင်းလဲကြရာတွင် မလွဲမသွေ လိုက်နာကြမည့် အချင်းအရာများရှိပြီး ၎င်းတို့ကို ဓာတုနိယာမဟု ခေါ်ဆိုသည်။
 
ဓာတုဗေဒ လေ့လာမှုအားလုံးတွင် စွမ်းအင်နှင့် အင်ထရိုပီတို့ကို စဉ်းစားကြရမည်မှာ မလွဲမသွေပင်ဖြစ်သည်။ ဓာတု ဒြပ်ဝတ္တုတို့ကို ၎င်း၏ structure ဖြင့် သက်မှတ်နိုင်ပြီး ၎င်း၏အခြေကို ဓာတုပေါင်းစပ်ပုံ များဖြင့် သတ်မှတ်နိုင်သည်။ ၎င်းအချင်းအရာများကို၎င်းအခြင်းအရာများကို spectroscopy၊ chromatography စသည့် chemical analysis များသုံး၍ လေ့လာနိုင်သည်။
 
ဓာတုဗေဒဘာသာရပ်ကို အဆင့်မြင့် အခြေခံပညာနှင့် ကောလိပ်အစပိုင်းနှစ်များတွင် အဓိက ဘာသာအဖြစ် ပါရှိသည်။ ၎င်းလေ့လာမှု့များမှာ များမြှောင်လှစွာသော အခြေခံများကို စတင်ပေးသော ယေဘုယျ ဓာတုဗေဒ ဘာသာရပ်ဖြစ်သည်။ ၎င်းမှသည် လေ့လာသူ အနေဖြင့် အဆင့်မြင့် ဓာတု လမ်းခွဲများကို ဆက်လက်လေ့လာနိုင်သည်။ ဓာတုသုတေသနတွင် လုပ်နေသော သိပ္ပံပညာရှင်ကို ဓာတုပညာရှင် (chemist) ဟုခေါ်သည်။ အများအားဖြင့် ဓာတုပညာရှင်မှာ ဓာတုဘာသာရပ်ခွဲ တစ်ခုကိုသာ အထူးပြု လုပ်ကိုင်လေ့ရှိသည်။