ရှောလူး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၃၃ -
 
 
၁၈၅၆ ခုနှစ်၊ ရှောလူ အသက် ၁၇ နှစ် အရွယ်တွင် အိမ်မှစွန်စား၍ ထွက်ပြေးကာ အိန္ဒိယနိုင်ငံ ကာလကတ္တား၌ သွားရောက်ပညာသင်သည်။ ထိုအချိန်၌ တင်္သာရီနယ်သာမကတနင်္သာရီနယ်သာမက ရန်ကုန်အပါအဝင် အောက်မြန်မာနိုင်ငံ တစ်ရပ်လုံးကို အင်္ဂလိပ် ပိုင်နေပြီးဖြစ်သည်။ အထက် မြန်မာနိုင်ငံကိုမူ [[သာယာဝတီမင်း]] စိုးစံနေသည်။ မောင်ရှောလူးသည် ထူးခြားသူ ဖြစ်သည်။ ငယ်စဉ်ကပင် ပညာ ဗဟုသုတကို လိုလားသည်။ အထူးသဖြင့် အနောက်တိုင်း ခေတ်မှီ ပညာရပ်များကို ဆည်းပူးလေသည်။ ၁၈၅၇ ခုနှစ်၊ နှစ်နှစ်ခန့်အကြာတွင် အိန္ဒိယတပ်တွင် စစ်ဘာရီ (Sepoy Mutiny) ပုန်ကန်မှုကြီး ပေါ်ပေါက်လာရာ အိန္ဒိယ၌ ဆက်လက် ပညာသင်ရန် အခက်အခဲ ကြုံလာရသည်။ စစ်ဘာရီများမှာ အင်္ဂလိပ် လက်အောက်၌ အမှုထမ်းနေသော အိန္ဒိယစစ်သားများဖြစ်သည်။ နယ်ချဲ့ အင်္ဂလိပ် လက်အောက်၌ နေရသည်မှာ ဆင်းရဲဒုက္ခ ရောက်ရသဖြင့် သူတို့က ဦးဆောင်ချက် အိန္ဒိယအမျိုးသားများက နယ်ချဲ့ကို ပုန်ကန်ခြင်း ဖြစ်သည်။ ပုန်ကန်မှု ပြင်းထန်သဖြင့် ဘေးအန္တရာယ်ရှိလာသည်။ ဤတွင် မောင်ရှောလူးကို ဆရာသမား မိဘများက အိန္ဒိယ၌ မနေရန် တိုက်တွန်းကြသည်။ မောင်ရှောလူးမှာ ပညာသင် ကောင်းဆဲ ဖြစ်သဖြင့် အိန္ဒိယမှလည်း မခွာလို၊ ဆက်လက်နေထိုင်ရန်လည်း မဖြစ်နှင့် အခက်ကြုံတွေ့နေရသည်။
 
*(မှတ်ချက်။ ။တစ်ချို့စာအုပ်များတွင် မောင်ရှောလူးသည် ၁၈၅၇-ခုနှစ်တွင် မြန်မာပြည်သို့ပြန်လာပြီး သင်းအုပ်ဆရာဦးရွှေအေးမှ နှစ်ခြင်းပေးကာ ရိုင်ယာလိက် Royal Lakes (ယခု ကန်တော်ကြီး)တွင် နှစ်ခြင်းခရစ်ယာန်ဘာသာ ခံယူခဲ့သည်ဟု ပါရှိလေသည်။)
 
သို့ဖြင့် သူသည် ကာလကတ္တား သင်္ဘောဆိပ်၌ ယောင်လည်လည် ဖြစ်နေသည်။ ထိုအခိုက် အမေရိကန်ပြည်သို့ သွားမည့် သင်္ဘောတစ်စင်းသည် ကာလကတ္တား င်္ဘောဆိပ်သို့သင်္ဘောဆိပ်သို့ ခေတ္တဝင်ဆိုက်လာသည်။ သင်္ဘောပေါ်တွင် မြန်မာနိုင်ငံ သုံးဆယ်မြို့၌ ခရစ်ယာန် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်နေသော ဆရာမကြီး မစ္စမာရီယာအင်ဂေါ (Mrs. Marilla Ingalls) ပါလာသည်။ ဆရာမကြီးသည် အားလပ်ခွင့် ရသဖြင့် အမေရိကန်သို့ ခေတ္တပြန်ခြင်း ဖြစ်သည်။ သူနှင့် မောင်ရှောလူးတို့ တွေ့ကြသည်။ မောင်ရှောလူးက သူကို အကြောင်းစုံ ပြောပြသောအခါ သူသည် ပညာလိုလားသော သူငယ်လေးအပေါ် ဂရုဏာကရုဏာ သက်သွားသည်။ ပညာလိုလားသူ မောင်ရှောလူး အကြောင်းကို ဆရာမကြီးက သင်္ဘောကပ္ပတိန်အား တစ်ဆင့် ပြောပြပေးသည်။ လမ်းခရီးတွင် သင်္ဘောခအတွက် သင်္ဘောစားသောက်ခန်း စားပွဲထိုးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။ ထိုခေတ် အမေရိကန်သို့ သင်္ဘောခရီးဖြင့် သွားရသည်မှာ မလွယ်ကူချေ။ သင်္ဘောကလည်း ယနေ့ခေတ်ကဲ့သို့ ခေတ်မမှီသဖြင့် ၄ လခန့် ကြာမှသာ အမေရိကန်ပြည် နယူးယောက်မြို့သို့ ရောက်ရှိလေသည်။ ၁၈၅၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် နယူးယောက်မြို့သို့ ရောက်ရှိပြီး ထိုအချိန်က နယူးယောက်တွင် လူဦးရေ တစ်သန်းကျော် သာရှိသည်။ ဆရာမကြီး၏ ဆောင်ရွက်ပေးချက်အရဆောင်ရွက်ပေးချက် အရ နယူးယောက်မြို့မှ ကုန်သည်တစ်ဦးနှင့် လူဝီစဗတ်ရှိ တက္ကသိုလ် ( ယခု ဗတ်ကနဲ တက္ကသိုလ်) မှ သီအိုလိုဂျီ ပါမောက္ခ တစ်ဦးက မောင်ရှောလူးကို ကူညီထောက်ပံ့ပေးကြသည်။ မောင်ရှောလူးသည် သူလိုချင် တောင့်တသော ပညာရပ်များကို ဆည်းပူးတိုင်ရန် ကြိုးပမ်းရာ ၁၈၅၉ ခုနှစ်တွင် လူဝီစဗတ်ရှိ တက္ကသိုလ်သို့ ဝင်ခွင့်ရသွားသည်။ ထိုတက္ကသိုလ်တွင် ဂရိဘာသာ၊ လက်တင်ဘာသာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ဖီလိုဆိုဖီ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ နိုင်ငံရေး ဘောဂဗေဒ၊ နက္ခတ္တဗေဒအမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ စသည်တို့ကို မောင်ရှောလူး လေ့လာ ဆည်းပူးသည်။ သူသည် ထိုခေတ်အမေရိကန် ကျောင်းသားများနည်းတူ ကျောင်းတက်ရင်း တစ်ဖက်က အလုပ် လုပ်သည်။ ပါမောက္ခတစ်ဦးအိမ်တွင် တစ်နာရီ ၁၀ ဆင့်နှုန်းဖြင့် အလုပ်ဝင်လုပ်ခဲ့သည်။ ထိုစဉ်က အမေရိကန်ပြည်တွင် ကုန်ပစ္စည်းများ ပေါများခဲ့သည်။ ထိုစဉ်က ကော်ဖီတစ်ခွက်ကို ၁၀ ဆင့်သာလျှင် ပေးရလေသည်။ မောင်ရှောလူးသည် ကျောင်းပိတ်ရက်များတွင် အခြားမြို့နယ်များသို့ လှည့်လည် သွားကာ မြန်မာနိုင်ငံအကြောင်း၊ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံများအကြောင်း တရားဟောပြောသည်။ ထိုအတွက် ဉာဏ်ပူဇော်က ငွေများ ရသေးသည်။ ဤသို့ ပညာသင်နေစဉ်အတွင်း မောင်ရှောလူးသည် အမေရိကန်ပြည်တွင်းစစ်နှင့် ကြုံတွေ့ရပြန်သည်။ ငွေဝယ်ကျွန် ပြဿနာနှင့် စပ်လျဉ်း၍ လင်ကွန်း ဦးဆောင်သော မြောက်ပိုင်းသားများနှင့် တောင်ပိုင်းသားများ တိုက်ခိုက်ကြသည်။ တိုက်ပွဲများ အနှံ့အပြား အပြင်းအထန် ဖြစ်ပွားသည်။ မည်သို့ပင် ဖြစ်စေ မောင်ရှောလူးကား မတုန်လှုပ်၊ အားမလျှော့ဘဲ ပညာကို ကြိုးစားသင်ယူခဲ့သည်။ သို့ဖြင့် ၅ နှစ်အကြာ၊ ၁၈၆၄ ခုနှစ်တွင် ထိုတက္ကသိုလ်မှ ဘီအေဘွဲ့ရခဲ့လေသည်။ ဘီအေ အောင်သော်လည်း မောင်ရှောလူးသည် မရပ်တန့်သေးချေ။ ဆေးပညာကို ဆက်လက်ဆည်းပူး၍ရန် ကြိုးပမ်းပြန်သည်။