တရုတ်ပြည်သူ့သမ္မတနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁၄၀ -
 
== လူဦးရေနှင့်လူမျိုးများ ==
၂၀၁၀ခုနှစ်၊ ဇူလိုင်လစာရင်းအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လူဿီးရေစုစုပေါင်းလူဦးရေစုစုပေါင်း ၁,၃၃၈,၆၁၂,၉၆၈ ဦးရှိသည်။ အဆိုပါလူဦးရေစုစုပေါင်း၏ ၂၁% (male 145,461,833; female 128,445,739) သည် အသက် (၁၄)နှစ်အောက်ဖြစ်ပြီး၊ ၇၁% (male 482,439,115; female 455,960,489) သည် အသက်(၁၅)နှစ်မှ (၆၄)နှစ်အတွင်းဖြစ်သည်။ စုစုပေါင်းလူဦးရေ၏ ၈%ဖြစ်သော (male 48,562,635; female 53,103,902) သည် အသက်(၆၅)နှစ်အထက် ဖြစ်သည်။ ၂၀၀၆ခုနှစ်စာရင်းအရ လူဦးရေတိုးပွားနှုန်းမှာ ၀.၆%သာရှိသည်။ <br />
တရားဝင်အသိအမှတ်ပြုထားသောတိုင်းရင်းသားလူမျိုး (၅၆)မျိုးရှိသည်။ [[ဟန့်လူမျိုး]](ခေါ်) [[တရုတ်လူမျိုး]] မှာ စုစုပေါင်းလူဦးရေ၏ ၉၁.၉%ရှိသည်။ အခြားသော တိုင်းရင်းသားများအနက် လူဦးရေများပြားသောတိုင်းရင်းသားလူမျိုးများမှာ ကျွမ်းလူမျိုး(Zhuang - ၁၆သန်း), မန်ချူးလူမျိုး (Manchu - ၁၀သန်း)၊ ဟွေးလူမျိုး (Hui - ၉သန်း)၊ မြောင်လူမျိုး (Miao - ၈သန်း)၊ ဝေးဝူးအာရ်လူမျိုး (Uyghur - ၇သန်း)၊ ယီလူမျိုး (Yi - ၇သန်း)၊ ထူကျားလူမျိုး(Tujia - ၅.၇၅သန်း)၊ မွန်ဂိုလူမျိုး (Mongols - ၅သန်း)၊ တိဘက်လူမျိုး (Tibetans - ၅သန်း)၊ ပုယီးလူမျိုး (Buyei - ၃သန်း) နှင့် ကိုရီးယားလူမျိုး (Koreans -၂သန်း) တို့ဖြစ်သည်။<br />
လွန်ခဲ့သောဆယ်စုနှစ်များအတွင်း တရုတ်မြို့ကြီးများတွင် နှစ်စဉ် လူဦးရေတိုးနှုန်း (၁၀%) ရှိခဲ့သည်။ ၁၉၇၈မှ ၂၀၀၉အတွင်း မြို့ပြနေလူဦးရေမှာ ၁၇.၄%မှ ၄၆.၈%အထိ တိုးပွားခဲ့သည်။ သန်းပေါင်း(၁၅၀)မှ သန်းပေါင်း(၂၀၀)ကြားမျှသော အချိန်ပိုင်းအလုပ်သမားများသည် မြို့ကြီးများတွင်အလုပ်လုပ်လျှက် ကျေးလက်သို့လည်း ပြန်လည်နေထိုင်ကြသည်။ လူဦးရေ တစ်သန်းကျော်သော မြို့ကြီးပေါင်းများစွာရှိပြီး ကမ္ဘာ့အဆင့်မီမြို့များမှာ ပေကျင်း၊ ရှန်ဟိုင်း နှင့် ဟောင်ကောင် တို့ဖြစ်သည်။