မဟာပီတာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၅ -
 
ပီတာ ဘုရင် ၏ ငယ်ဘဝ
ငယ်စဉ် ဘဝ
=============
ပီတာဘုရင် သည် ၁၆၇၂ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဖခင် ဇာဘုရင် အလက်ဆဲအိ မီခိုင်း လော့ဘစ်ခ်ျ ၏ ဒုတိယမြောက် မိဖုရား ကြီး နာတာလျာ နာရီးရှ်ကီးနာ မှ ဖွားမြင်ခဲ့သည်။ ဇာဘုရင် ၏ ၁၄ ယောက်မြောက်သားတော် ဖြစ်ပြီး ဒုတိယမြောက် မိဖုရားကြီး၏ သား အကြီးဆုံးလည်းဖြစ်သည်။
ပီတာဘုရင်ကို ဖွားမြင်ခဲ့ရာနေရာ ကိုမူ တိကျစွာ မသိရှိရပေ။ သမိုင်း မှတ်တမ်း အချို့က ကျယ်ရယ်မနွေး နန်းတော် ( Теремной дворец ) တွင် မွေးဖွားခဲ့သည် ဟု ဆိုကြပြီး လက်ဆင့်ကမ်း သမိုင်းမှတ်တမ်းများကမူ ကာလာမျန်းစကားရဲ ရွာ( Коломенское) ရွာ တွင် မွေးဖွားခဲ့သည်ဟု ဆိုကြပြီး အချို့ကမူ အီဇမိုင်လော့ဗာ ( Измайлово) ရွာဟု ဖော်ပြကြသည်။
စာကြောင်း ၁၂ -
 
နန်းရရှိခြင်း
 
=======
ဖျော်ဒါရ် ဘုရင်သည် ကျန်းမာရေး ဆိုးရွားခဲ့ပြီး နန်းသက် ၆ နှစ် အကြာ ၁၆၈၂ ခုနှစ်တွင် ကံကုန်ခဲ့ပြီး ထီးမွေ ဆက်ခံမည့်သူ မကျန်ခဲ့ရာ နန်းတင်ရန် အတွက် ဘုရင့် မိသားစုအတွင်း အားပြိုင်မှုများ ဖြစ်ပေါ်လာခဲ့သည်။ အဓိက မှာ အကြီးဆုံးဖြစ်သူ မင်းသား အီဘန် ( Иван) နှင့် မင်းသား ပီတာ တို့အား မည်သူ့ကိုရွေးချယ်ရန်ဖြစ်လာခဲ့သည်။ မင်းသားကြီး အီဘန်သည် အသက် အရ သင့်တော်ပြီ ဖြစ်သော်လည်း ကျန်မာရေး မှာ ကောင်းမွန်ခြင်း မရှိဖြစ်နေပြီး မင်းသား ပီတာမှာလည်း အသက်အရွယ်အရ ငယ်ရွယ်သေး နေသည် ဖြစ်သည်။ နောက်ဆုံးတွင် မိဖုရား နာရီးရှ်ကီးနီ နှင့် လူကြီးမင်း အီအူအာကီးမာ( Иоакима) တို့၏ ထောက်ပံ့ မှု ဖြင့် ပီတာမင်းသား သည် ၁၆၈၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ပထမမြောက် ပီတာ ဘုရင် (ပျော်သရ် ပျဲရ်ဘီး ) အဖြစ် နန်းတက်ခဲ့လေသည်။ စင်စစ်အားဖြင့်မှု ပီတာဘုရင်သည် အသက် ၁၀ နှစ်သာ ရှိသေးပြီး ငယ်ရွယ်လွန်း နေသောကြောင့် ဘုရင့်အာဏာကို ရင်ခွင်ပိုက် အစိုးရ အနေဖြင့် မိဖုရား နာရီးရှကီးနီး ၏ အဖွဲ့ ဝင်များက ရယူထားလေသည်။