ဒဂုန် ခင်ခင်လေး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၂၂ -
ဒဂုန် ခင်ခင်လေးသည် မန္တလေးမြို့ ဇာတိဖြစ်၍ ၁၂၆၅ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် (၁၉၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ဝ ရက်) စနေနေ့တွင် ဖွားမြင်သူ ဖြစ်သည်။ ဖခင်မှာ ရဲအင်စပိတ်တော် ဦးမောင်မောင်ကျော် ခေါ် ဦးမြတ်ကျော် ဖြစ်၍၊ မိခင်မှာ (ဝက်မစွတ် မြို့စားမင်း၏သမီးလတ်) ဒေါ်ခင်ခင်လတ် ဖြစ်သည်။ အဘိုးဖြစ်သူ ဝက်မစွတ် မြို့စားမင်းက မြေးဖြစ်သူကို ချစ်မြတ်နိုးသည့် အတွက် မိမိ အဘွားဖြစ်သူ၏ အမည်ကို ယူကာ 'ခင်လေးခင်' ဟု အမည် ပေးခဲ့သော်လည်း၊ ဒဂုန် ခင်ခင်လေးက အဘိုး၏ အဘွား အမည်ကို မိမိအမည် အဖြစ် သုံးလျှင် ရိုင်းရာကျသည်ဟု ယူဆကာ 'ခင်ခင်လေး' ဟု အမည် ပြောင်းလဲခဲ့သည်။ နှစ်ပေါင်း ၂ဝ တိုင်တိုင် ကလောင်ကိုင်၍ ဒဂုန်မဂ္ဂဇင်းကြီးနှင့် အဆက်မပြတ် ဆောင်းပါး၊ ဝတ္ထုတိုများရေးသားခဲ့ရာ ဒဂုန်မဂ္ဂဇင်းကြီးမှ ချီးကျူးဂုဏ်ပြုသည့်အနဖြေင့် ခင်ခင်လေး၏ရှေ့တွင် ‘ဒဂုန်’ ဟူ သောဘွဲ့ကို အမြဲထည့်သွင်း ဖော်ပြသည်ကို အကြောင်း ပြုပြီး ယနေ့တိုင်အောင် ‘ဒဂုန်ခင်ခင်လေး’ ဟု ဒဂုန်နှင့်တွဲ၍ ကျော်စောထင်ရှား လူသိများလျက် ရှိနေပေသည်။
 
ဒဂုန်ခင်ခင်လေး၏ဖခင်ဘက်မှအဘိုးမှာ ရတနာပုံမြိုတည်၊ နန်းတည် ပဌမသင်္ဂါယနာတင်ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးလက်ထက်မှစ၍ သီပေါ မင်းလက်ထက်တိုင် မြို့သူကြီးအဖြစ်လည်းကောင်း၊ ကျောက်ပန်းတောင်းနယ်တစ်ဝိုက် မြို့အုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ သော ကေအက်စ်အမ်ခေါ် ရွှေစလွယ်ရမြို့အုပ်မင်း ဦးဘိုးဆွဖြေစ်သည်။ မြို့အုပ်ကတော်မှာ သီပေါဘုရင်၏ မိဖုရားခေါင်ကြီး စုဖုရားလတ်၏ ရံရွေတော် မမသက်ဆိုသူဖြစ်သည်။ ဦးဘိုးဆွေနှင့် မမသက်တို့တွင် …
# ဦးမောင်မောင်ဝင်း
# ဦးမောင်မောင်ပု
စာကြောင်း ၇၉ -
ဒေါ်ခင်ခင်လေးသည် ယုဝတီဂျာနယ်ကို ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ တွင် စတင်ထုတ်ဝေခဲ့သည်။ အမျိုးသမီးကလောင်အဖွဲ့ကိုလည်း ၁၉၄၇ ခုနှစ်၌ ဖွဲ့စည်းခဲ့သည်။ ဒဂုန်ခင်ခင်လေး၏ ယုဝတီဂျာနယ်တွင် အမျိုးသမီးလေးများ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုစီရကြသည်။ စာစီ၊ စာခေါက်၊ စာအုပ်ချုပ်လုပ်ငန်းများနှင့် အမျိုးသမီးပန်းချီဆရာကိုပင် အားပေးချီးမြှင့် အသုံးပြုခဲ့သည်။ သင်္ကြန်ရေသဘင်ကိုလည်း ကလောင်ရှင် မဏ္ဍပ်ကြီးမှ မြန်မာ့ဆိုင်းဝိုင်းတူရိယာဖြင့် ကပြဧည့်ခံကာ ရိုးရာဆုများချီးမြင့်ပြီး နေ့စဉ်စတုဒီသာ ကျွေးမွေးလာခဲ့သည်။
 
တစ်ပြည်လုံးအတွက် စာပပြေိုင်ပွဲ၊စာပေပြိုင်ပွဲ၊ အလှမယ်၊ အားကစားမယ်၊ မယ်ပြိုင်ပွဲ များကိုလည်း အားပေးခဲ့သည်။ စာဆိုတော်နေ့ ကလောင်ရှင်ပြ ဇာတ်များကိုလည်း ဇာတ်ညွန်ရေး ဒါရိုက်တာလုပ်ပေးฑုံမကဒါရိုက်တာလုပ်ပေးရုံမက သူကိုယ်တိုင်လည်း ဝန်ကြီးအဖြစ်ပါဝင်ခဲ့သည်။ အမျိုးသမီးတစ်ရာကျော်နှင့် ‘ပန်သစ္စာ’၊ ‘ရာဇဓာတုကလျာ’၊ ‘မုဒုလက္ခဏာ’၊ ‘ရတနာ့ဂုဏ်ရည်’၊ ‘မြကြေီးမှ‘မြေကြီးမှ ရွှေသီး’ ပြဇာတ်ကြီး များတွင်ပြဇာတ်ကြီးများတွင် ကြေးစားအနုပညာသည်များထက် အဆင့်အတန်း မနိမ့်အောင် သရုပ်ဆောင်နိုင်ရန် ကြီးကြပ်ပေးခဲ့သည်။ အဆိုပါပြဇာတ်များသည် ရန်ပုံငွေ အမြောက်အများရရှိခဲ့ရာ အသင်း ပိုင်မြေတစ်ကွက်ကို ဗိုလ်တထောင်ဘုရားလမ်းပေါ်၌ စာပေမိခင်ကြီးကိုယ်တိုင် အုတ်မြစ်ချပေးခဲ့သည်။
 
အသက်လေးဆယ်ကျော်ခန့်တွင် ခင်ပွန်းသည်နှင့်အတူ မိမိစရိတ်ဖြင့် ၁၉၅၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၅၄ ခုနှစ်တွင်တစ်ကြိမ် ကမ္ဘာသို့ ၂ ကြိမ် လှည့်လည်လေ့လာခဲ့သည်။ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗာလီကျွန်း စသည်တို့ကို တစ်ဦးတည်း သွားရောက်လှည့်လည်ခဲ့ပြီးနောက် မျက်မြင်ကိုယ်တွေ့ ကမ္ဘာလှည့် ဆောင်းပါးပေါင်းချုပ်များကို ရေးသားခဲ့သည်။ ပြည်တွင်း ဆောင်းပါးရှည်၊ အရပ်ရပ်ဆောင်းပါးစု၊ နှစ်ပေါင်း ၆ဝ (အတ္ထုပ္ပတ္တိ)၊ ဝတ္ထုရှည် ၃ဝ ကျော်၊ ဝတ္ထုတို ၅ဝဝ ကျော်နှင့် ရှေးမြန်မာယဉ်ကျေးမှုစာပေဆိုင်ရာ တို့ကိုရေးသားခဲ့သည်။ အသက် ၇ဝ ကျော်တွင် ‘ရတနာပုံနိဒါန်းနှင့် နိဂုံး’ ကို ရေးသားထားခဲ့ပါသည်။
စာကြောင်း ၉၅ -
ဒဂုန်ခင်ခင်လေး၏ ၁၉၄၆ ခု၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ တစ်လလေးကြိမ်ထုတ် အမျိုးသမီးများအတွက်‘ယုဝတီဂျာနယ်’ကို ထုတ်ဝေခဲ့သည်။ အမျိုးသမီး အတိုင်ပင်ခံအယ်ဒီတာများ၊ ဘာသာရပ်ဆိုင်ရာ အယ်ဒီတာများ ထားရှိသည်။ ဒဂုန်ခင်ခင်လေးသည် ယုဝတီ ဂျာနယ်တွင် ‘ယုဝတီ လေနီ’ ကလောင်အမည်ဖြင့် ဟိုအရေး ဒီအရေး ဆောင်းပါးများ ရေးသားခဲ့သည်။ ပြည်တွင်းခရီးသွားဆောင်းပါးများကိုလည်း ရေးသားသည်။ ဒဂုန်ခင်ခင်လေးသည် အမျိုးသမီးကလောင်သစ်များကို စင်တင်ပေး၍ ယုဝတီဂျာနယ်တွင် ဝတ္ထုတို (၁ဝ) ပုဒ်ရေးသားဖော်ပြခြင်းခံရလျှင် ယုဝတီ ကလောင်ရှင်ဘွဲ့၊ ဝတ္ထုတို (၂၅) ပုဒ် ရေးသားဖော်ပြခြင်းခံရလျှင် ယုဝတီဘွဲ့များကိုချီးမြှင့်ခဲ့သည်။ ဒဂုန် ခင်ခင်လေး၏ ယုဝတီဂျာနယ်မှာ ၁၉၄၆ ခုမှ ၁၉၈၁ ခုနှစ်အထိ ယုဝတီနှင့် ယုဝတီ ကလောင်ရှင်ဘွဲ့ရ စာရေးဆရာမ (၅ဝ) ကျော်ကို မွေးထုတ်နိုင်ခဲ့သည်။
 
ဒဂုန်ခင်ခင်လေးသည် ၁၉၄၇ ခု၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မြန်မာပြည်အမျိုးသမီးကလောင်အဖွဲ့ကို ဖွဲ့စည်းတည်ထောင်၍ အဖွဲ့ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည်။ အဖွဲ့ရန်ပုံငွေအတွက် ပန်းသစ္စာ၊ ဓာတုကလျာ၊ မုဒုလက္ခဏာ၊ ရတနာ့ဂုဏ်ရည်၊ မြကြေီးမှရွှေသီး၊မြေကြီးမှရွှေသီး၊ ရတနာမြေမှ ပညာအမွပြေဇာတ်တို့ကိုပညာအမွေပြဇာတ်တို့ကို တင်ဆက်ခဲ့သည်။ ပန်သစ္စာ နှင့်ဓာတုကလျာပြဇာတ်များကို ဒဂုန်ခင်ခင်လေးကိုယ်တိုင်ဒါရိုက်တာလုပ်ခဲ့သည်။ အဖွဲ့ရန်ပုံငွေအတွက်တင်ဆက်ခဲ့သည့်ပြဇာတ် များအားလုံးအတွက်အဖွဲ့၏ နာယကဒဂုန်ခင်ခင်လေးမှာ ဇာတ်တိုက်သည်မှအစ ကာဌေးရုံ တွင် စင်တင်ကပြသည်အထိ နေ့စဉ်အကျွေးအမွေး၊ အကြိုအပို့၊ ထီးမူနန်းရာအသုံးအနှုန်း၊ ညွန်ကြားပြသမှုများပါမကျန် နှစ်စဉ်တာဝန် ယူခဲ့သည်။ ပြဇာတ်များက ရရှိသောဝင်ငွဖြေင့်ရရှိသောဝင်ငွေဖြင့် ဗိုလ်တထောင်ဘုရားလမ်းတွင် အသင်းအတွက် တိုက်မြေနေရာ ဝယ်ယူ ခဲ့သည်။ မြန်မာပြည် အမျိုးသမီး ကလောင်အဖွဲ့ (၁၉၄၇ – ၆၂) မှ ကလောင်ရှင်ဂျာနယ်ထုတ်ဝခြေင်း၊ ဝတ္ထုတိုဆောင်းပါး၊ ကဗျာပြိုင်ပွဲကျင်းပခြင်း၊ ဒေသန္တရ လေ့ လာရေးခရီးထွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
 
၁၉၅ဝ ပြည့်နှစ်တွင် ဒဂုန်ခင်ခင်လေးတို့မောင်နှံသည် ဗဟန်းမြို့နယ် ဘောင်ဒရီလမ်း (ဓမ္မစေတီလမ်း)၊ အမှတ် ၂၅၃ ရှိ သုံးဧကကျယ်ဝန်းသော မြေကွက်ပေါ်ရှိ နှစ်ထပ်တိုက်အိမ်ကြီးကိုဝယ်ယူ၍ ‘ဗမာ့ခေတ်’ ဗိမာန်သစ်ကြီးတို့ကို ထူထောင်ခဲ့လေသည်။
စာကြောင်း ၁၂၈ -
 
== ဘဝနိဂုံး ==
ဒဂုန်ခင်ခင်လေးသည် အမှတ် ၁၁၉၊ သိမ်ဖြူလမ်းတွင် မြေးများနှင့်အတူ နေထိုင်ရင်း ၁၉၈၁ ခုနှစ်၊ ဇွန်လ ၂၃ ရက် အင်္ဂါနေ့ ညနေ ၆း ၃ဝနာရီ နာရီတွင်မိနစ် ၃၀ တွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။ <ref>မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂၀၀၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ'</ref>re
စာပေမိခင်ကြီး ဒဂုန်ခင်ခင်လေးသည် ဝတ္တုရှည် ၃ဝ ကျော်၊ ဝတ္တုတို ၇ဝဝ ကျော်၊ ဆောင်းပါးပေါင်း ၁ဝဝဝ ကျော်၊ ရုပ်ရှင်ဇာတ်ညွန်း ၁ဝ ပုဒ် ရေးသားခဲ့ပေသည်။
== ထင်ရှားသော စာအုပ်အချို့ ==