ဆင်ခြေထောက်ရောဂါ: တည်းဖြတ်မှု မူကွဲများ

from English (EN) Wikipedia with help from Translators Without Borders (human translation). CC-BY-SA
(ကွဲပြားမှု မရှိ)

၂၂:၃၁၊ ၃ နိုဝင်ဘာ ၂၀၁၅ ရက်နေ့က မူ

ဆင်ခြေထောက်ရောဂါelephantiasis ဟုလည်း ခေါ်ဝေါ် သော လင်ဖဲတစ် ဖီလရီအဲစစ်Lymphatic filariasisလရောဂါသည် ဖိလဲရီယွိုင်ဒီးအားFilarioideaခေါ်​[parasitic worm]]ကပ်ပါးသံကောင်မျိုးမှ ဖြစ်ပွားသည်။ ရောဂါသည်အများအား လက္ခဏာအသွင်အပြင်မပြချေ။ Some however develop large amounts of swelling of the arms, legs, or genitals. သို့သော အချို့လူများတွင် လက်မောင်းများ၊ ခြေများ ကျားမအင်္ဂါများဖိုမ အင်္ဂါများ အလွန်အမင်းဖူးရောင်တတ်သည်။ အသားအ​ရေသည်လည်း ထူထဲလာတတ်ကာ နာကျင်မှုလည်း ဖြစ်တတ်သည်။ ခန္တာကိုယ်တွင် ပြောင်းလဲမှုများဖြစ်ပေါ်တတ်ပြီး ယင်းကြောင့် ဝေဒနာရှင်သည် လူမှုရေးစီးပွားရေး ပြသနာများနှင့် ရင်ဆိုင်ရတတ်သည်။[၁]

ဆင်ခြေထောက်ရောဂါ
ဆင်ခြေထောက်ရောဂါရှိသူ အမျိုးသမီးတစ်ဦး၏ပုံ။ DiseasesDB =
အထူးပြုကူးစက်ရောဂါ Edit this on Wikidata

ခြင်ကိုက်ခံရခြင်းမှ သံကောင်ပိုးများ ကူးစက်ပြန့်နှံသည်။ လူများတွင် ကူးစက်မှုသည် အများအားဖြင့် ခလေးအရွယ်မှစတင်သည်။ ရောဂါဖြစ်ပွားမှုသည် Wuchereria bancrofti, Brugia malayi, နှင့် Brugia timoriသံကောင်သုံးမျိုးမှ ဖြစ်ပွားသည်။ Wuchereria bancrofti သည် ပေါ်များဆုံးဖြစ်သည်။ သံကောင်ပိုးများသည် လက်ဖက်တစ်စနစ်lymphatic systemကို ထိခိုက်ပျက်စီးစေသည်။

ညအချိန်တွင် ထုတ်ယူထားသောသွေးကို အနုစိတ်မှန်ဘီလူးဖြင့် ကြည့်ရှုစစ်ဆေးခြင်းအားဖြင့် ခွဲခြားစိတ်ဖြာနိုင်သည်။ သွေး၏အသွင်သည် ထူပြစ်ချွဲနေပြီး ဂျီအဲမ်စာGiemsa များဖြင့် ပေလူးနေရမည်။ ရောဂါကို တိုက်ဖျက်သည့် အင်တီဘော်ဒီများ အတွက် စစ်ဆေးခြင်းကိုလည်း အသုံးလေ့ရှိပြုတတ်သည်။ [၂]


ကြိုတင်ကာကွယ်ခြင်းသည် ရောဂါ မျိုးပြုတ်ရေးကို ရှေ့ရှု၍ ရောဂါရှိသော လူအုပ်စုတစ်စုလုံးကို နှစ်စဉ် ကုသနည်ဖြစ်သည်။ ယင်းသည် (၆)နှစ်ခန့်ကြာတတ်သည်။ ကုသဆေးများတွင် albendazoleနှင့် တွဲလျက်ivermectinကိုသော်၎င်း သို့မဟုတ် albendazole နှင့်တွဲလျက်diethylcarbamazineတို့ပါဝင်သည်။ ကုသဆေးများသည် အရွယ်ရောက်ပြီးသံကောင်များကို မသတ်သော်လည်း သံကောင်များမိမိအလျောက်သေသည်အထိ ရောဂါ ဆက်မပြန့်ရန် ကာကွယ်ပေးသည်။

ခြင်ကိုက်မခံရစေအောင်ကာကွယ်ရန် ကြိုးပမ်းမှုများကိုလည်း ပြုသင့်သည်။ ယင်းထဲတွင် ခြင်ကောင်ဦးရေလျော့စေခြင်းနှင့် ခြင်ထောင်များ သုံးခြင်းတို့ပါဝင်သည်။ (---တွင်) လူသန်း ၁၂၀ကျော်သည် ဆင်ခြေထောက်ရောဂါ lymphatic filariasis ခံစားနေရသည်။ နိုင်ငံပေါင်း(၇၃)နိုင်ငံရှိ လူသန်းပေါင်း (၁၄၀၀)ခန့်သည် ဤဝေဒနာကို ခံစားနေရသည်။ ရောဂါအဖြစ်အများဆုံးဒေသများသည် အာဖရိကတိုက်နှင့် အာရှတိုက်တို့တွင်ဖြစ်သည်။ ရောဂါကြောင့် တစ်နှစ်လျှင် စီးပွားရေးဆုံးရှုံးမှု အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးသည်။

မှီငြမ်းကျမ်းများ

  1. Lymphatic filariasis Fact sheet N°102World Health Organization (March 2014)။ 20 March 2014 တွင် ပြန်စစ်ပြီး။
  2. Parasites - Lymphatic Filariasis DiagnosisCDC (June 14, 2013)။ 21 March 2014 တွင် ပြန်စစ်ပြီး။