မဟာပီတာ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး Reverted edits by 87.150.37.74 (talk) to last revision by NayiMuu စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
→ပီတာဘုရင်၏ ငယ်ဘဝ: Addet Content စာတွဲများ: အီမိုဂျီ မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
||
စာကြောင်း ၆ -
ပီတာဘုရင်သည် ၁၆၇၂ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဖခင်ဇာဘုရင် အလက်ဆီ မီခိုင်းလော့ဗစ်ချ်၏ ဒုတိယမြောက် မိဖုရားကြီး နာတာလျာ နာရီးရှ်ကီးနာ မှ ဖွားမြင်ခဲ့သည်။ ဇာဘုရင်၏ ၁၄ ယောက်မြောက်သားတော် ဖြစ်ပြီး ဒုတိယမြောက် မိဖုရားကြီး၏ အကြီးဆုံးသား လည်းဖြစ်သည်။ ပီတာဘုရင် ဖွားမြင်ခဲ့ရာနေရာကိုမူ တိကျစွာ မသိရှိရပေ။ သမိုင်းမှတ်တမ်း အချို့က ကျယ်ရယ်မနွေးနန်းတော် ( Теремной дворец) တွင် မွေးဖွားခဲ့သည်ဟု ဆိုကြပြီး လက်ဆင့်ကမ်း သမိုင်းမှတ်တမ်းများကမူ ကာလာမျန်းစကားရဲ (Коломенское) ရွာတွင် မွေးဖွားခဲ့သည်ဟု ဆိုကြပြီး အချို့ကမူ အီဇမိုင်အိလော့ဗာ (Измайлово) ရွာဟု ဖော်ပြကြသည်။
ပီတာ ဟုသော အမည်သည် ရိုမန်နော့ မင်းဆက်တွင် ရှားပါးသော အမည်တစ်ခုဖြစ်ပြီး အခြား ပီတာ ပါသော ဘုရင်တစ်ပါးမှာ ပီတာ ဒမီသရော့ဗစ်ချ် (၁၄၂၈ ကွယ်လွန်) ဖြစ်ပါသည်။
၁၆၇၆ ခုနှစ် ပီတာမင်းသား ၄ နှစ်သားအရွယ်တွင် ဖခင် ဇာဘုရင် နတ်ရွာစံခဲ့ပြီးနောက် မိဖုရား မာရီယာ အီလျီညီးချနာမှ ဖွားမြင်သော သားကြီး ဖရိုဒါ (Фёдор) မင်းသားသည် တတိယမြောက် ဖရိုဒါ ဘုရင်အဖြစ်
== နန်းရရှိခြင်း ==
ဖရိုဒါ ဘုရင်သည် ကျန်းမာရေး ဆိုးရွားခဲ့ပြီး နန်းသက် ၆ နှစ်အကြာ ၁၆၈၂ ခုနှစ်တွင် ကံကုန်ခဲ့ပြီး ထီးမွေဆက်ခံမည့်သူ မကျန်ခဲ့ရာ နန်းတင်ရန်အတွက် ဘုရင့်မိသားစုအတွင်း အားပြိုင်မှုများ ဖြစ်ပေါ်လာခဲ့သည်။ အဓိကမှာ အကြီးဆုံးဖြစ်သူ မင်းသား အီဗန် (Иван) နှင့် မင်းသား ပီတာ တို့အား မည်သူ့ကို ရွေးချယ်ရန် ဖြစ်လာခဲ့သည်။ မင်းသား အီဗန်သည် အသက်အရွယ်အရ သင့်တော်ပြီ ဖြစ်သော်လည်း ကျန်းမာရေး ကောင်းမွန်ခြင်းမရှိဖြစ်နေပြီး မင်းသား ပီတာမှာလည်း အသက်အရွယ်အရ ငယ်ရွယ်သေးနေသည် ဖြစ်သည်။ နောက်ဆုံးတွင် မိဖုရား နာရီရှ်ကီးနီနှင့် လူကြီးမင်း အီအူအာကီးမာ (Иоакима) တို့၏ ထောက်ပံ့မှုဖြင့် ပီတာမင်းသား သည် ၁၆၈၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ပထမမြောက် ပီတာဘုရင် အဖြစ် နန်းတက်ခဲ့လေသည်။ စင်စစ်အားဖြင့်မူ ပီတာဘုရင်သည် အသက် ၁၀ နှစ်သာ ရှိသေးပြီး ငယ်ရွယ်လွန်းနေသောကြောင့် ဘုရင့်အာဏာကို ရင်ခွင်ပိုက် အစိုးရအနေဖြင့် မိဖုရား နာရီးရှ်ကီးနီး ၏ အဖွဲ့ဝင်များက ရယူထားလေသည်။
|