ဆာရာဝပ်ပြည်နယ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
ဆာရာဝပ်ပြည်နယ်သည် [[ဘော်နီယိုကျွန်း]] အနောက်မြောက်ဖက် ကမ်းခြေဒေသရှိ [[မလေးရှားနိုင်ငံ]] ပိုင် ပြည်နယ် တစ်ခုဖြစ်သည်။ ထိုနယ်၏ အနောက်မြောက်ဖက်တွင် [[ဘရူနိုင်းနိုင်ငံ]] ၊အရှေ့မြောက်ဘက်တွင် မလေးရှားနိုင်ငံပိုင် ဆာဘားပြည်နယ် ရှိသည်။
 
ဆာရာဝပ်ပြည်နယ်သည် စတုရန်း မိုင် ၄၇ဝဝဝ မိုင်ခန့် ကျယ်ဝန်းသည်။ ၁၉၅၄ ခုနှစ်အတွက် လူဦးရေခန့်မှန်းခြေ ၆ဝဝဝဝဝ ရှိသည်။ လူများစုမှာ ဒယက်လူမျိုး၊ မလေးလူမျိုးနှင့် တရုတ် လူမျိုးတို့ဖြစ်ကြသည်။ မြစ်ကြီးမြစ်ငယ် အသွယ်သွယ် တို့သည် ဆာရာဝပ်ပြည်နယ်ကို ဖြတ်သန်းစီးဆင်းလျက်ရှိကြသည်။ အချို့သော မြစ်များသည် လှေသင်္ဘောများ မိုင်ပေါင်းများစွာ ဆန်တက်သွားလာနိုင် လောက်အောင်ကြီးကျယ်လေသည်။ ဆာရာဝပ်ပြည်နယ်၏ ကမ်းရိုးတန်းမှာ မိုင် ၄၅ဝ မျှရှည်လျားသည်။ဆာရာဝပ်ပြည်နယ်သည် အပူပိုင်းဒေသတွင် တည်ရှိသဖြင့်