ဝိတိုရိယ ဘုရင်မ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁ -
==ဝိတိုရိယ ဘုရင်မ (ခရစ် ၁၈၁၉ - ၁၉ဝ၁)==
ဝိတိုရိယ ဘုရင်မသည် ဗြိတိသျှထီးနန်းတွင် နန်းသက်အရှည်ဆုံး ဘုရင်မဖြစ်သည့်အပြင် သမိုင်းအလိုအရ ဂရိတ်ဗြိတိန်နိုင်ငံ၌ ''ဝိတိုရိယခေတ်'' ဟုခေါ်တွင်သော တိုးတက်မှု ထွန်းကားရာခေတ်ကို ဖန်တီးဖြစ်ပေါ်စေခဲ့သူလည်းဖြစ်သည်။ ဝိတိုရိယဘုရင်မသည် စတုတ္ထ ဝီလျံဘုရင်၏ညီတော် ကင့်မြို့စား အက်ဒွပ်၏ တစ်ဦးတည်းသော သမီးဖြစ်၍ ၁၈၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ကင်ဆင်တန်နန်းတော်၌ ဖွားမြင်သည်။ တစ်နှစ်သမီးအရွယ် မရောက်မီကပင် ဖခင် ကင့်မြို့စား ကွယ်လွန်သဖြင့် မိခင်လက်ထဲတွင် ကြီးရသည်။ မိခင်ဂျာမန်မင်းသမီး ဝိတိုရိယ မာရီယာ လွီဇာက သမီးအား ဘာသာစကား၊ နိုင်ငံသမိုင်း၊ ဗြိတိသျှနိုင်ငံရေးစနစ် အစရှိသော ပညာရပ်များကို သင်ပေးခဲ့သည်သာမက နိုင်ငံတွင်း၌ လှည့်လည်၍ လူမှုရေးဆိုင်ရာ အခြေအနေတို့ကိုလည်း လေ့လာစေခဲ့သည်။
ဝိတိုရိယ ဘုရင်မသည် ဗြိတိသျှထီးနန်းတွင် နန်းသက်အရှည်ဆုံး ဘုရင်မဖြစ်သည့်အပြင်
သမိုင်းအလိုအရ ဂရိတ်ဗြိတိန်နိုင်ငံ၌ ''ဝိတိုရိယခေတ်'' ဟုခေါ်တွင်သော
တိုးတက်မှု ထွန်းကားရာခေတ်ကို ဖန်တီးဖြစ်ပေါ်စေခဲ့သူလည်းဖြစ်ပေသည်။
ဝိတိုရိယဘုရင်မသည် စတုတ္ထ ဝီလျံဘုရင်၏ညီတော် ကင့်မြို့စား အက်ဒွပ်
၏ တစ်ဦးတည်းသော သမီးဖြစ်၍ ၁၈၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင်
ကင်ဆင်တန်နန်းတော်၌ ဖွားမြင်သည်။ တစ်နှစ်သမီးအရွယ် မရောက်မီ
ကပင်ဖခင် ကင့်မြို့စား ကွယ်လွန်သဖြင့် မိခင်လက်ထဲတွင် ကြီးရသည်။
မိခင်ဂျာမန်မင်းသမီး ဝိတိုရိယ မာရီယာ လွီဇာက သမီးအား
ဘာသာစကား၊ နိုင်ငံသမိုင်း၊ ဗြိတိသျှနိုင်ငံရေးစနစ် အစရှိသော ပညာရပ်
များကို သင်ပေးခဲ့သည်သာမက နိုင်ငံတွင်း၌ လှည့်လည်၍ လူမှုရေးဆိုင်ရာ
အခြေအနေတို့ကိုလည်း လေ့လာစေခဲ့သည်။
 
ဝိတိုရိယ မင်းသမီးသည် ငါးယောက်မြောက် နန်းညွန့်နန်းလျာ ဖြစ်သော်လည်း သူ့ထက်အလျင်ကျသူ နန်းလျာလေးဦးမှာ သူငယ်ရွယ်စဉ် ကပင် ကွယ်လွန်သွားကြသည်။ ထို့ကြောင့် ဝိတိုရိယသည် အသက် ၁၈ နှစ်အရွယ်၌ ဦးရီးတော် စတုတ္ထဝီလျံဘုရင် ကွယ်လွန်သောအခါ ဗြိတိသျှ ထီးနန်းကို ဆက်ခံအုပ်စိုးရလေသည်။ သို့သော် မိန်မသားဖြစ်ခြင်းကြောင့် ဟန်နိုဗာမင်းအဖြစ်ဖြင့်မူကား မဆက်ခံနိုင်တော့ချေ။ (ဟန်နိုဗာမင်းဆက် -လည်းရှု။) ၁၈၃၈ ခုနှစ်တွင် ဝက်စမင်စတာ အက်ဗေးဘုရားရှိခိုးကျောင်း၌ ဘိသိက်ခံသည်။
ဝိတိုရိယ မင်းသမီးသည် ငါးယောက်မြောက် နန်းညွန့်နန်းလျာ
ဖြစ်သော်လည်း သူ့ထက်အလျင်ကျသူ နန်းလျာလေးဦးမှာ သူငယ်ရွယ်စဉ်
ကပင် ကွယ်လွန်သွားကြသည်။ ထို့ကြောင့် ဝိတိုရိယသည် အသက် ၁၈
နှစ်အရွယ်၌ ဦးရီးတော် စတုတ္ထဝီလျံဘုရင် ကွယ်လွန်သောအခါ ဗြိတိသျှ
ထီးနန်းကို ဆက်ခံအုပ်စိုးရလေသည်။ သို့သော် မိန်မသားဖြစ်ခြင်းကြောင့်
ဟန်နိုဗာမင်းအဖြစ်ဖြင့်မူကား မဆက်ခံနိုင်တော့ချေ။ (ဟန်နိုဗာမင်းဆက် -
လည်းရှု။) ၁၈၃၈ ခုနှစ်တွင် ဝက်စမင်စတာ အက်ဗေးဘုရားရှိခိုးကျောင်း၌
ဘိသိက်ခံသည်။
 
ဘုရင်မကလေးသည် မိမိကိုယ်တိုင် အနေအထိုင် အပြောအဆိုတို့၌ ခြိုးခြံစွာကျင့်သုံးတတ်သူ တစ်ယောက်ဖြစ်သည့်အားလျော်စွာ ထီးနန်းနှင့် ဆက်ဆံရသူအားလုံးတို့ကိုလည်း မိမိနည်းတူ ခြိုးခြံစွာကျင့်သုံးစေသည်။ အင်္ဂလိပ်လူမျိုး တစ်ရပ်လုံးသည်လည်း စိတ်နေစိတ်ထားမြင့်ခြင်း၊ လုံ့လဝိရိယရှိခြင်း၊ မိမိကိုယ်ကို မိမိအားကိုးလိုစိတ်ရှိခြင်း စသောအရည်အချင်းတို့နှင့် ပြည့်စုံလာကြသည်။ သို့ဖြစ်၍ ဝိတိုရိယခေတ်ဟု အမည်တွင်သော ထိုခေတ်၌ ဂရိတ်ဗြိတိန်နိုင်ငံသည် အထွတ်အထိပ်သို့ ရောက်ရှိလေသည်။ ပြည်တွင်း၌ စက်မှုလုပ်ငန်းများ တိုးတက်ထွန်းကားလာ၏။ ဗြိတိသျှ အင်ပိုင်ယာကြီးသည်လည်း ပို၍ကျယ်ဝန်းလာသည်။
ဘုရင်မကလေးသည် မိမိကိုယ်တိုင် အနေအထိုင် အပြောအဆို
တို့၌ ခြိုးခြံစွာကျင့်သုံးတတ်သူ တစ်ယောက်ဖြစ်သည့်အားလျော်စွာ ထီးနန်း
နှင့် ဆက်ဆံရသူအားလုံးတို့ကိုလည်း မိမိနည်းတူ ခြိုးခြံစွာကျင့်သုံးစေသည်။
အင်္ဂလိပ်လူမျိုး တစ်ရပ်လုံးသည်လည်း စိတ်နေစိတ်ထားမြင့်ခြင်း၊ လုံ့လ
ဝိရိယရှိခြင်း၊ မိမိကိုယ်ကို မိမိအားကိုးလိုစိတ်ရှိခြင်း စသောအရည်အချင်းတို့
နှင့် ပြည့်စုံလာကြသည်။ သို့ဖြစ်၍ ဝိတိုရိယခေတ်ဟု အမည်တွင်သော ထို
ခေတ်၌ ဂရိတ်ဗြိတိန်နိုင်ငံသည် အထွတ်အထိပ်သို့ ရောက်ရှိလေသည်။
ပြည်တွင်း၌ စက်မှုလုပ်ငန်းများ တိုးတက်ထွန်းကားလာ၏။ ဗြိတိသျှ
အင်ပိုင်ယာကြီးသည်လည်း ပို၍ကျယ်ဝန်းလာသည်။
 
ဘုရင်မကလေးသည် ငယ်ရွယ်သူဖြစ်၍ တိုင်းပြည်အုပ်ချုပ်ရေးတွင် အတွေ့အကြုံဗဟုသုတ နည်းသေးသော်လည်း ဝှစ်ပါတီခေါင်းဆောင် ဝန်ကြီးချုပ်လော့မဲလဗုန်းက တိုင်းပြည်အုပ်ချုပ်ရေးကိုလည်းကောင်း၊ လူမှုဆက်ဆံရေးကိုလည်းကောင်း ဖခင်သဖွယ် သွန်သင်လမ်းပြပေးခဲ့သည်။ ဝိတိုရိယဘုရင်မသည် နန်းတက်ပြီးနောက် သုံးနှစ်ခန့်ကြာသောအခါ မောင်တစ်ဝမ်းကွဲတော်စပ်သူ အဲလဗတ်မင်းသားနှင့် ထိမ်းမြားလက်ထပ်သည်။ သူတို့နှစ်ဦး၏ အိမ်ထောင်ရေးသည် ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာသာ ဖြစ်ခဲ့ပေသည်။ အဲလဗတ်မင်းသားသည် အကျင့်စာရိတ္တကောင်းမွန်၍ စာပေ၊ ဂီတနှင့် အနုပညာတို့ကို မြတ်နိုးသူလည်းဖြစ်သည်။ တိုင်းသူပြည်သားတို့၏ ကြည်ညိုလေးစားခြင်းကို ခံရသည်။ ဘုရင်မကလည်း မင်းသားကို အထူးပင်အားကိုးသည်ဖြစ်ရာ မိမိ၏အကြံပေးအရာရှိချုပ်အဖြစ်လည်းကောင်း၊ အတွင်းရေး အတွင်းဝန်အဖြစ်လည်းကောင်း တာဝန်ပေးအပ်ထားသည်။ ၁၈၅၇ ခုနှစ်တွင် အဲလဗတ်မင်းသားအား ကြင်ဖက်တော် မင်းသားဘွဲ့ကို အပ်နှင်းချီးမြှင့်ခဲ့သည်။ ဘုရင်မနှင့် ကြင်ဖက်တော်မင်းသားတို့တွင် သားသမီးကိုးယောက် ထွန်းကားခဲ့ရာ သားတော်များထဲက အကြီးဆုံးဖြစ်သူသည် နောင်အခါ၌ သတ္တမ အက်ဒွပ်ဘုရင်အဖြစ် အရိုက်အရာကို ဆက်ခံရလေသည်။
ဘုရင်မကလေးသည် ငယ်ရွယ်သူဖြစ်၍ တိုင်းပြည်အုပ်ချုပ်ရေး
တွင် အတွေ့အကြုံဗဟုသုတ နည်းသေးသော်လည်း ဝှစ်ပါတီခေါင်းဆောင်
ဝန်ကြီးချုပ်လော့မဲလဗုန်းက တိုင်းပြည်အုပ်ချုပ်ရေးကိုလည်းကောင်း၊ လူမှု
ဆက်ဆံရေးကိုလည်းကောင်း ဖခင်သဖွယ် သွန်သင်လမ်းပြပေးခဲ့သည်။
ဝိတိုရိယဘုရင်မသည် နန်းတက်ပြီးနောက် သုံးနှစ်ခန့်ကြာသော
အခါ မောင်တစ်ဝမ်းကွဲတော်စပ်သူ အဲလဗတ်မင်းသားနှင့် ထိမ်းမြားလက်
ထပ်သည်။ သူတို့နှစ်ဦး၏ အိမ်ထောင်ရေးသည် ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာသာ
ဖြစ်ခဲ့ပေသည်။ အဲလဗတ်မင်းသားသည် အကျင့်စာရိတ္တကောင်းမွန်၍ စာပေ၊
ဂီတနှင့် အနုပညာတို့ကို မြတ်နိုးသူလည်းဖြစ်သည်။ တိုင်းသူပြည်သားတို့၏
ကြည်ညိုလေးစားခြင်းကိုလည်းခံရသည်။ ဘုရင်မကလည်း မင်းသားကို
အထူးပင်အားကိုးသည်ဖြစ်ရာ မိမိ၏အကြံပေးအရာရှိချုပ်အဖြစ်လည်း
ကောင်း၊ အတွင်းရေး အတွင်းဝန်အဖြစ်လည်းကောင်း တာဝန်ပေးအပ်ထား
သည်။ ၁၈၅၇ ခုနှစ်တွင် အဲလဗတ်မင်းသားအား ကြင်ဖက်တော် မင်းသား
ဘွဲ့ကို အပ်နှင်းချီးမြှင့်ခဲ့သည်။ ဘုရင်မနှင့် ကြင်ဖက်တော်မင်းသားတို့တွင်
သားသမီးကိုးယောက် ထွန်းကားခဲ့ရာ သားတော်များထဲက အကြီးဆုံးဖြစ်သူ
သည် နောင်အခါ၌ သတ္တမ အက်ဒွပ်ဘုရင်အဖြစ် အရိုက်အရာကို ဆက်ခံရ
လေသည်။
 
ဝိတိုရိယ ဘုရင်မလက်ထက်တွင် ဆာရောဗတ်ပီး၊ လော့ပါမာ စတန်၊ ဗင်ဂျမင်ဒစ်ဇရေလီ၊ ဂလက်စတုန်း၊ လော့ဆော့စဗရီ စသော ထူးချွန်သည့် ဝန်ကြီးချုပ်များ ပေါ်ထွက်လာခဲ့သဖြင့် ဗြိတိသျှအင်ပိုင်ယာကြီးသည် တန်ခိုးအာဏာ တိုးတက်ကြီးမြင့်ခဲ့လေသည်။ အရေးကြီးသော အဖြစ်အပျက်များနှင့်လည်း တွေ့ကြုံခဲ့ရသည်။ ၁၈၃၇ ခုနှစ်တွင် ကနေဒါပြည်၌ ပုန်ကန်မှု ပေါ်ပေါက်လာပြီးနောက် ၁၈၄ဝ ပြည်နှစ်တွင် အထက်နှင့် အောက်ပြည်နယ်တို၌ကို ပေါင်းစည်း၍ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးခဲ့သည်။ ထိုနှစ်၌ပင် ဗြိတိန်နိုင်ငံသည် တရုတ်နိုင်ငံတွင် ဘိန်းစစ်ပွဲကို တိုက်ခဲ့ရသည်။ တစ်ဖန် ၁၈၅၄ ခုနှစ်တွင် ကရိုင်း မီးယားစစ်ပွဲကိုလည်းကောင်း၊ ၁၈၉၉ ခုနှစ်တွင် တောင်အာဖရိက စစ်ပွဲကိုလည်းကောင်း တိုက်ခဲ့ရလေသည်။
ဝိတိုရိယ ဘုရင်မလက်ထက်တွင် ဆာရောဗတ်ပီး၊ လော့ပါမာ
စတန်၊ ဗင်ဂျမင်ဒစ်ဇရေလီ၊ ဂလက်စတုန်း၊ လော့ဆော့စဗရီ စသော
ထူးချွန်သည့် ဝန်ကြီးချုပ်များ ပေါ်ထွက်လာခဲ့သဖြင့် ဗြိတိသျှအင်ပိုင်ယာကြီး
သည် တန်ခိုးအာဏာ တိုးတက်ကြီးမြင့်ခဲ့လေသည်။ အရေးကြီးသော အဖြစ်
အပျက်များနှင့်လည်း တွေ့ကြုံခဲ့ရသည်။ ၁၈၃၇ ခုနှစ်တွင် ကနေဒါပြည်၌
ပုန်ကန်မှု ပေါ်ပေါက်လာပြီးနောက် ၁၈၄ဝ ပြည်နှစ်တွင် အထက်နှင့်
အောက်ပြည်နယ်တို၌ကို ပေါင်းစည်း၍ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးခဲ့သည်။ ထို
နှစ်၌ပင် ဗြိတိန်နိုင်ငံသည် တရုတ်နိုင်ငံ တွင် ဘိန်းစစ်ပွဲကို တိုက်ခဲ့ရသည်။
တစ်ဖန် ၁၈၅၄ ခုနှစ်တွင် ကရိုင်း မီးယားစစ်ပွဲကိုလည်းကောင်း၊ ၁၈၉၉
ခုနှစ်တွင် တောင်အာဖရိက စစ်ပွဲကိုလည်းကောင်း တိုက်ခဲ့ရလေသည်။
 
၁၈၅၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ တပ်တွင်းပုန်ကန်မှု ဖြစ်ပွားခဲ့၍ နောက်နှစ်တွင် အိန္ဒိယနိုင်ငံအုပ်ချုပ်ရေးကို အရှေ့အိန္ဒိယကုမ္ပဏီလက်မှ အစိုးရလက်သို့ လွှဲပြောင်းပေးခဲ့လေသည်။ အင်္ဂလိပ်အစိုးရသည် အီဂျစ်ပြည်၌ကြီးစိုး၍ အင်ပိုင်ယာကိုလည်း တိုးချဲ့ခဲ့သည်။ မြောက်အမေရိကတိုက်နှင့် ဩစတြေးလီးယားတိုက်ရှိ ပြည်နယ်များကို ပြည်ထောင်စုများအဖြစ် အသီးသီးစုပေါင်းခဲ့၍ ကိုယ်ပိုင်အုပ်ချုပ်ရေးကိုလည်း ပေးခဲ့၏။ ပါလီမန်သည် အလုပ်သမားတို့၏ အခြေအနေ တိုးတက်ရန်သော်လည်းကောင်း၊ မသင်မနေရ ပညာရေးဖြစ်ပေါ်လာရန်သော်လည်းကောင်း၊ အက်ဥပဒေများ ပြုလုပ်ပြဋ္ဌာန်းပေးခဲ့သည်။ မြို့ပြအုပ်ချုပ်ရေးစနစ်ကိုလည်း ပြုပြင်ပေးခဲ့သည်။ မဲဆန္ဒပေးနိုင်ခွင့်ကို တိုးချဲ့သတ်မှတ်ခဲ့၍ ဒေသန္တရအုပ်ချုပ်ရေးတွင် ဒီမိုကရေစီသဘော သက်ဝင်အောင် ပြုပြင်ပေးခဲ့၏။ အယူဝါဒဆိုင်ရာတွင် သာတူညီမျှမှုရှိစေရန်ကိုလည်း အစိုးရက ဆောင်ရွက်ပေးခဲ့သည်။ အိုင်ယာလန်ပြည်၌ လယ်မြေစနစ်ကို ပြုပြင်ပေးခဲ့သည်။ ထို့ပြင် ဂရိတ်ဗြိတိန်နိုင်ငံသည် လွတ်လပ်စွာ ကုန်သွယ်ခွင့်ပေးသော နိုင်ငံလည်းဖြစ်လာသည်။ ယင်းသို့ဖြင့် ဝိတိုရိယနန်းတက်စ ဂရိတ်ဗြိတိန်နိုင်ငံ၏ အခြေအနေနှင့် ဝိတိုရိယ ဘုရင်မကွယ်လွန်သည့်အချိန်က ဂရိတ်ဗြိတိန်နိုင်ငံ၏ အခြေအနေတို့မှာ များစွာပြောင်းလဲခဲ့လေသည်။
၁၈၅၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ တပ်တွင်းပုန်ကန်မှု ဖြစ်ပွားခဲ့၍
နောက်နှစ်တွင် အိန္ဒိယနိုင်ငံအုပ်ချုပ်ရေးကို အရှေ့အိန္ဒိယကုမ္ပဏီလက်မှ
အစိုးရလက်သို့ လွှဲပြောင်းပေးခဲ့လေသည်။ အဂ‡လိပ်အစိုးရသည် အီဂျစ်ပြည်
၌ကြီးစိုး၍ အင်ပိုင်ယာကိုလည်း တိုးချဲ့ခဲ့သည်။ မြောက်အမေရိကတိုက်နှင့်
ဩစတြေးလီးယားတိုက်ရှိ ပြည်နယ်များကို ပြည်ထောင်စုများအဖြစ် အသီး
အသီးစုပေါင်းခဲ့၍ ကိုယ်ပိုင်အုပ်ချုပ်ရေးကိုလည်း ပေးခဲ့၏။ ပါလီမန်သည်
အလုပ်သမားတို့၏ အခြေအနေ တိုးတက်ရန်သော်လည်းကောင်း၊ မသင်
မနေရ ပညာရေးဖြစ်ပေါ်လာရန်သော်လည်းကောင်း၊ အက်ဥပဒေများ ပြုလုပ်
ပြဋ္ဌာန်းပေးခဲ့သည်။ မြို့ပြအုပ်ချုပ်ရေးစနစ်ကိုလည်း ပြုပြင်ပေးခဲ့သည်။
မဲဆန္ဒပေးနိုင်ခွင့်ကို တိုးချဲ့သတ်မှတ်ခဲ့၍ ဒေသန္တရအုပ်ချုပ်ရေးတွင် ဒီမို
ကရေစီသဘော သက်ဝင်အောင် ပြုပြင်ပေးခဲ့၏။ အယူဝါဒဆိုင်ရာတွင်
သာတူညီမျှမှုရှိစေရန်ကိုလည်း အစိုးရက ဆောင်ရွက်ပေးခဲ့သည်။ အိုင်ယာ
လန်ပြည်၌ လယ်မြေစနစ်ကို ပြုပြင်ပေးခဲ့သည်။ ထို့ပြင် ဂရိတ်ဗြိတိန်
နိုင်ငံသည် လွတ်လပ်စွာ ကုန်သွယ်ခွင့်ပေးသော နိုင်ငံလည်းဖြစ်လာသည်။
ယင်းသို့ဖြင့် ဝိတိုရိယနန်းတက်စ ဂရိတ်ဗြိတိန်နိုင်ငံ၏ အခြေအနေနှင့်
ဝိတိုရိယ ဘုရင်မကွယ်လွန်သည့်အချိန်က ဂရိတ်ဗြိတိန်နိုင်ငံ၏ အခြေ
အနေတို့မှာ များစွာပြောင်းလဲခဲ့လေသည်။
 
ဘုရင်မကြီးသည် နန်းတက်စက ဝှစ်ပါတီကို အားပေးခဲ့သော်လည်း နောင်အခါတွင် တိုရီ (ဝါ) ကွန်ဆားဗတစ် ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဒစ်ဇရေလီကို စွဲစွဲမြဲမြဲအားပေးခဲ့၏။ ဝန်ကြီးချုပ်များထဲတွင် ဘုရင်မကြီးသည် ဒစ်ဇရေလီကို အရေးအပေးဆုံးဖြစ်၍ ဂလက်စတုန်းကိုမူ သဘောမကျဆုံးဖြစ်သည်။
ဘုရင်မကြီးသည် နန်းတက်စက ဝှစ်ပါတီကို အားပေးခဲ့သော်
လည်း နောင်အခါတွင် တိုရီ ( ဝါ ) ကွန်ဆားဗတစ် ပါတီခေါင်းဆောင်
ဝန်ကြီးချုပ်ဒစ်ဇရေလီကို စွဲစွဲမြဲမြဲအားပေးခဲ့၏။ ဝန်ကြီးချုပ်များထဲတွင်
ဘုရင်မကြီးသည် ဒစ်ဇရေလီကို အရေးအပေးဆုံးဖြစ်၍ ဂလက်စတုန်းကိုမူ
သဘောမကျဆုံးဖြစ်သည်။
 
၁၈၇၆ ခုနှစ်တွင် ဒစ်ဇရေလီသည် ဘုရင်မကြီးအား အိန္ဒိယနိုင်ငံ၏ ဧကရီဘုရင်မဘွဲ့ကို ခံယူရအောင် ကြိုးပမ်းခဲ့သည်။ ဒစ်ဇရေလီ ဝန်ကြီးချုပ်အဖြစ်မှ ပြုတ်ကျသွားပြီးနောက်၌ပင် ဘုရင်မကြီးသည် နိုင်ငံရေးကိစ္စများတွင် ထိုပုဂ္ဂိုလ်နှင့် လျှို့ဝှက်စွာဆက်သွယ်ခဲ့သည်။ ဘုရင်မကြီးသည် နန်းသက်နောက်ပိုင်းတွင် ရုရှနှင့်စစ်ဖြစ်တော့မည့် အခြေသို့ရောက်အောင် တူရကီအားကူညီ၍ ကမ္ဘာ့ရေးရာ၌ ပါဝင်ရမည်ဟူသော နိုင်ငံခြားဝါဒကိုပါ ကျင့်သုံးခဲ့လေသည်။
၁၈၇၆ ခုနှစ်တွင် ဒစ်ဇရေလီသည် ဘုရင်မကြီးအား အိန္ဒိယ
နိုင်ငံ၏ ဧကရီဘုရင်မဘွဲ့ကို ခံယူရအောင် ကြိုးပမ်းခဲ့သည်။ ဒစ်ဇရေလီ
ဝန်ကြီးချုပ်အဖြစ်မှ ပြုတ်ကျသွားပြီးနောက်၌ပင် ဘုရင်မကြီးသည် နိုင်ငံရေး
ကိစ္စများတွင် ထိုပုဂ္ဂိုလ်နှင့် လျှို့ဝှက်စွာဆက်သွယ်ခဲ့သည်။ ဘုရင်မကြီးသည်
နန်းသက်နောက်ပိုင်းတွင် ရုရှနှင့်စစ်ဖြစ်တော့မည့် အခြေသို့ရောက်အောင်
တူရကီအားကူညီ၍ ကမ္ဘာ့ရေးရာ၌ ပါဝင်ရမည်ဟူသော နိုင်ငံခြားဝါဒကိုပါ
ကျင့်သုံးခဲ့လေသည်။
 
၁၈၆၁ ခုနှစ်တွင် ကြင်ဖက်တော်မင်းသား ကွယ်လွန်သဖြင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်များကို မပျက်မကွက် ထမ်းရွက်သည်မှတစ်ပါး နှစ်ပေါင်းများစွာ မင်းပွဲသဘင်များသို့ တက်ရောက်ခြင်း မပြုခဲ့ချေ။ ၁၈၈၇ ခုနှစ်တွင် ဘုရင်မကြီး၏ နန်းသက်အနှစ်ငါးဆယ်မြောက် ရွှေရတုသဘင်ပွဲတော်နှင့် ၁၈၉၇ ခုနှစ်တွင်း နန်းသက်အနှစ်ခြောက်ဆယ်မြောက် စိန်ရတု သဘင်ပွဲတော် ကျင်းပသည့်အခါများတွင်သာ မင်းပွဲများသို့ ကိုယ်တိုင်တက်ရောက်၍ ပြည်သူလူထု၏ ကောင်းချီးဩဘာပေးခြင်းကို ခံယူလေသည်။ ဘုရင်မကြီးသည် ကြင်ဖက်တော်ကွယ်လွန်ပြီးနောက်တွင် လန်ဒန်မြို့၌ စံနေသည် ဟူ၍မရှိဘဲ ဝင်ဆာနန်းတော်တွင်လည်းကောင်း၊ ကြင်ဖက်တော် ပုံစံထုတ် လုပ်သည့်အတိုင်း ဆောက်လုပ်ခဲ့သော ဗယ်လမိုးရဲ နန်းတော်၌လည်းကောင်း၊ ဝိုက်ကျွန်းရှိ ဆောင်းရာသီ စံအိမ်တော်၌လည်းကောင်း စံနေခဲ့သည်သာ များလေသည်။
၁၈၆၁ ခုနှစ်တွင် ကြင်ဖက်တော်မင်းသား ကွယ်လွန်သဖြင့်
အုပ်ချုပ်ရေးဆိုင်ရာ တာဝန်များကို မပျက်မကွက် ထမ်းရွက်သည်မှတစ်ပါး
နှစ်ပေါင်းများစွာ မင်းပွဲသဘင်များသို့ တက်ရောက်ခြင်း မပြုခဲ့ချေ။ ၁၈၈၇
ခုနှစ်တွင် ဘုရင်မကြီး၏ နန်းသက်အနှစ်ငါးဆယ်မြောက် ရွှေရတုသဘင်
ပွဲတော်နှင့် ၁၈၉၇ ခုနှစ်တွင်း နန်းသက်အနှစ်ခြောက်ဆယ်မြောက် စိန်ရတု
သဘင်ပွဲတော် ကျင်းပသည့်အခါများတွင်သာ မင်းပွဲများသို့ ကိုယ်တိုင်တက်
ရောက်၍ ပြည်သူလူထု၏ ကောင်းချီးဩဘာပေးခြင်းကို ခံယူလေသည်။
ဘုရင်မကြီးသည် ကြင်ဖက်တော်ကွယ်လွန်ပြီးနောက်တွင် လန်ဒန်မြို့၌
စံနေသည် ဟူ၍မရှိဘဲ ဝင်ဆာနန်းတော်တွင်လည်းကောင်း၊ ကြင်ဖက်တော်
ပုံစံထုတ် လုပ်သည့်အတိုင်း ဆောက်လုပ်ခဲ့သော ဗယ်လမိုးရဲ
နန်းတော်၌လည်း ကောင်း၊ ဝိုက်ကျွန်းရှိ ဆောင်းရာသီ
စံအိမ်တော်၌လည်းကောင်း စံနေခဲ့ သည်သာ များလေသည်။
 
ဝိတိုရိယဘုရင်မကြီးသည် ၆၃ နှစ်မျှ နန်းစံ ပြီးနောက် သက်တော် ၈၁၈၁နှစ်အရွယ် ၁၉ဝ၁ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကွယ်လွန်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
နှစ်အရွယ် ၁၉ဝ၁ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကွယ်လွန်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
 
== ကိုးကား ==