ဂျိုက်ဂွါး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၁၈ -
'''ဂျိုက်ဂွါး'''(Jaguar) သည် ပင်သီရာအုံကာ မျိုးစိတ်ဖြစ်၍ [[ကြောင်မျိုးရင်း]] ဝင်ဖြစ်ပြီး [[တောင်အမေရိက]]နှင့် [[အမေရိကအလယ်ပိုင်း]]တွင် နေထိုင်ကျက်စားကြသည်။ ဂျိုက်ဂွါးသည် [[ကျား]]နှင့် [[ခြင်္သေ့]]တို့ ပြီးလျှင် တတိယမြောက် အကြီးဆုံးသော ကြောင်မျိုးရင်းဝင် သတ္တဝါဖြစ်သည်။ အနောက်ကမ္ဘာခြမ်းတွင် အကြီးဆုံးနှင့် အားအကောင်းဆုံး ကြောင်မျိုးရင်းဝင် သတ္တဝါလည်း ဖြစ်သည်။
 
ဂျိုက်ဂွားတို့သည် ၄င်းတို့တွင်၎င်းတို့တွင် ရှိသော အစက်အပြောက်များကြောင့် [[ကျားသစ်]]နှင့် ပုံစံတူသည်။ သို့သော် ဂျိုက်ဂွါးများက ပို၍ သန်မာပြီး ခွန်အားလည်း ပိုကြီးကြကာ ၄င်းတို့၏၎င်းတို့၏ အမူအကျင့်မှာ ကျားနှင့် ပို၍ဆင်သည်။ ၄င်းတို့သည်၎င်းတို့သည် ရေနှင့်နီးသော နေရာတွင် နေထိုင်ရန် နှစ်သက်တတ်ကြပြီး ကျားကဲ့သို့ပင် ရေကူးရန် ခုံမင်လေ့ရှိကြသည်။ သားကောင်ရှာဖွေရာတွင် တစ်ကောင်တည်း ရှာဖွေလေ့ ရှိကြသည်။ ဂျိုက်ဂွါး၏ ကိုက်အားမှာ အခြား ကြောင်မျိုးနွယ် သတ္တဝါကြီးများနှင့် ယှဉ်လျှင် ပို၍ သန်မာသည်။ သူတို့၏ သန်မာသော ကိုက်အားကြောင့် ဂျိုက်ဂွါးတို့သည် အခွံမာသော တွားသွားသတ္တဝါများကိုပင် ပြတ်အောင် ကိုက်နိုင်ပြီး ၄င်းတို့၏၎င်းတို့၏ သားကောင်များကို တမူထူးခြားစွာ သတ်ဖြတ် လေ့ ရှိကြသည်။ ၄င်းတို့သည်၎င်းတို့သည် သားကောင်များကို နားရွက် နှစ်ဖက်ကြား ဦးခေါင်းခွံမှ စ၍ ဦးနှောက်ကို ပေါက်ထွက်သည့်တိုင်အောင် ကိုက်လေ့ရှိသည်။
 
== ပုံပန်းသဏ္ဍာန် ==
ဂျိုက်ဂွါးတို့တွင် အဝါရောင်နှင့် လိမ္မော်နှင့်အဝါ ရောယှက်နေသော အမွှေးအမျှင် များ ရှိကြပြီး အညိုနှင့် အနက်ရောင် အစက်အပြောက်များ ရှိကြသည်။ အနက်ရောင် တစ်ကိုယ်လုံးဖွေးတဲ့ ရှားရှားပါးပါး များကတော့ [[ကျားသစ်နက်]]ဟု အမည်ပေးရပါသည်။ ရွှေရောင်၊ လိမ္မော်ရောင်၊ အဝါရင့်ရောင်ပေါ်မှာ အနက်ရောင်၊ အညိုရောင် အကွက်ကွက်တွေ့ရှိရင် ဂျိုက်ဂွားဖြစ်ပြီး အမြီးထိပ်ကလည်း မဲနေမှာ ဖြစ်ပါသည်။
 
၄င်းတို့သည်၎င်းတို့သည် ကြီးမား၍ အလေးချိန်စီးပြီး သန်မာသော ကြွက်သားများလည်း ရှိကြသည်။ တခါတရံတွင် လုံးဝမည်းနက်နေသော ဂျိုက်ဂွါးများရှိသော်လည်း အနီးကပ်ကြည့်ရှုပါက အစက်အပြောက်များကို မြင်တွေ့နိုင်သည်။ ၄င်းတို့ကို၎င်းတို့ကို ကျားသစ်နက် ဟု ခေါ်လေ့ ရှိကြသည်။
 
အရွယ်အစားကတော့ သာမန်ကျားသစ်မျိုးများထက် ကြီးပါသည်။ ဦးခေါင်းထိပ်မှ အမြီးမပါ တစ်ကိုယ်လုံး အရှည်က ၄ ပေမှ ၆ ပေအထိ ရှိတတ်ပါသည်။ အမ က အထီးများထက် ပိုငယ်ပါသည်။ အသက် ၃ နှစ်ဆိုရင် အရွယ်ရောက်ပြီလို့ သတ်မှတ် ရပြီ ဖြစ်ပါသည်။ ယင်းအရွယ်မှာ အလေးချိန်အားဖြင့် ပေါင် ၂၂၀ ကျော်ပါသည်။ တစ်နေရာနဲ့ တစ်နေရာမတူပါ။ ဥပမာ [[ဘရာဇီး]]မှာဆိုရင် ပေါင် ၃၀၀ လောက် အလေးချိန်စီးတဲ့ ဂျိုက်ဂွား ကျားသစ်များတောင် ရှိပါသည်။ အငယ်ဆုံးကတော့ ပေါင် ၁၁၀ ပဲ ဖြစ်ပါသည်။ ဂျိုက်ဂွါးတို့သည် အမြင့်တက်ရာတွင် မကျွမ်းကျင်သော်လည်း ရေကူးကျွမ်းကျင်သော သတ္တဝါများ ဖြစ်ကြသည်။
 
== နေထိုင်ကျက်စားရာ ဒေသ ==
ဂျိုက်ဂွါးတို့သည် တောင်အမေရိကနှင့် အမေရိက အလယ်ပိုင်းတို့တွင် ကျက်စားလေ့ ရှိကြသည်။ ၄င်းတို့သည်၎င်းတို့သည် အများအားဖြင့် မိုးသစ်တောများတွင် နေလေ့ရှိသော်လည်း ဆဗားနားမြက်ခင်းပြင်များ၊ ညွှန်တောများနှင့် သဲကန္တာရဒေသများတွင်လည်း နေထိုင်လေ့ ရှိကြသည်။ ဂူထဲမှာ နေတာထက် သစ်ပင်ပေါ်မှာ ပိုနေတတ်တဲ့ [[တိရစ္ဆာန်]]များ ဖြစ်ပါသည်။
 
== နေထိုင်မှု ဘဝ ==
ဂျိုက်ဂွါးတို့သည် အစားအသောက်ကို ရွေးချယ်စားသုံးလေ့ မရှိပဲ ရသမျှကို အကုန်စားလေ့ ရှိကြသည်။ [[နို့တိုက်သတ္တဝါ]] အကောင် အကြီးနှင့် အသေးများ၊ [[ငှက်]]များ၊ [[တွားသွားသတ္တဝါ]]များ၊ [[ငါး]]များနှင့် ကျွဲနွားများကို စားလေ့ ရှိကြသည်။ သားကောင်ဖမ်းဆီးရာတွင် ၄င်းတို့သည်၎င်းတို့သည် သားကောင်၏ အနီးသို့ တိတ်တဆိတ် ချဉ်းကပ်သွားပြီးမှ ရုတ်တရက် ခုန်အုပ်၍ ဖမ်းဆီးလေ့ရှိသည်။ ဂျိုက်ဂွါးတို့သည် သားကောင်တို့၏ ဦးခေါင်းခွံကို ကိုက်ခွဲ၍ သတ်ဖြတ်လေ့ ရှိကြသည်။ ထို့နောက် သားကောင်ကို လုံခြုံသော နေရာသို့ သယ်ဆောင်သွားပြီးမှ စားသုံးလေ့ရှိသည်။
 
တောင်အမေရိက၊ မြောက်အမေရိကမှာ တောပစ်ထွက်ရင်၊ လေ့လာရေးထွက်ရင် သစ်ပင်ကိုရှောင်ကြပါသည်။ ဂျိုက်ဂွားတွေက သစ်ပင် ကနေ ခုံအုပ်တာ အတော်ကျွမ်းတဲ့ ကျားသစ်မျိုး ဖြစ်ပါသည်။ လိပ်က အစ ဆင်အဆုံး အကောင်ကြီးကြီးတွေအထိ တိုက်ခိုက် စားသောက်နိုင် သူ ဖြစ်ပါသည်။ အမဲလိုက်ရင်တောင် တစ်ကောင်တည်း လိုက်ပြီး ရန်သူတွေအဖွဲ့လိုက်ကိုလည်း ရင်ဆိုင်ရဲသူ ဖြစ်ပါသည်။ ဇွဲလဲ အင်မတန်ကြီး ပါသည်။ လိပ်တစ်ကောင်ကို အမဲလိုက်ပြီဆိုရင် မြစ်လယ် ထိရောက်အောင်တောင် ရေကူးပြီး လိုက်ဖမ်းပါသည်။ ရေကူးလည်း အင်မတန်ကျွမ်းတဲ့အတွက် ရေသတ္တဝါများကိုလည်း အလွတ်မပေး သူ ဖြစ်ပါသည်။ ရတဲ့ သားကောင်ကို ချက်ချင်းမစားပဲ ဘယ်ကောင်မှ မရှိတဲ့နေရာတွေမှာ စားသုံးပါသည်။