စတီဗင် ဂျရတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Edit merged articles
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၃၄ -
'''စတီဗင်ဂျရတ်'''သည် အင်္ဂလန်ဘောလုံးအားကစားသမားတစ်ယောက်ဖြစ်ပြီး ၎င်းကို ၁၉၈၀ မေ ၃၀ တွင်မွေးဖွားခဲ့သည်။ သူသည် အင်္ဂလန် ပရီးမီးယားလိဂ် [[လီဗာပူးဘောလုံးအသင်း]]၏ အသင်းခေါင်းဆောင်ဖြစ်ပြီး အင်္ကျီနံပါတ် ၈ ကိုဝတ်ဆင်ကစားနေသည်။ စတီဗင်ဂျရတ်သည် အင်္ဂလန် နိုင်ငံလက်ရွေးစင်အသင်း၏ ကွင်းလယ်ကစားသမားလည်းဖြစ်ပြီး အင်္ကျီနံပါတ် ၄ ကို ဝတ်ဆင်လေ့ရှိသည်။ သူဟာ အလယ်တန်းဗဟိုနေရာမှာ ကစားသမားဖြစ်သော်လည်း တစ်ခါတစ်လေ ညာတောင်ပံ နေရာမှာလည်း ကစားနေရသူပါ။ ဆုပေါင်းများစွာကို ရရှိဖူးသော ကစားသမား တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။
 
လီဗာပူး လူငယ်အသင်းကို မရောက်ခင် ငယ်စဉ်ကစားသမားဘဝ ကို ဝှစ်တန် အသင်းမှာ ကစားနေရသူလည်း ဖြစ်ပါတယ်။ ထူးဆန်းစွာပဲ သူ့အသက် ၁၇ နှစ်မှာ လီဗာပူးရဲ့ အသင်းကြီး အတွက် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ သူရဲ့ ပထမဦးဆုံးဥရောပ ပွဲအတွေ့အကြုံကတော့ UEFA မှာ ဆယ်တာဗီဂိုနဲ့ ကန်ရတဲ့ ပွဲဖြစ်ပြီး အသင်းဖော် ရက်နက် နာသွားသော အချိန်မှာ လူစားဝင်ကစားရခြင်းဖြစ်ပြီး ၄င်းရာသီအတွင်း၎င်းရာသီအတွင်း လီဗာပူးဘောလုံးအသင်း အတွက် ၁၃ပွဲ ကစားပေးခဲ့သော ဘောလုံးသမားပါ။
 
လီဗာပူးဘောလုံးအသင်းရဲ့ အသင်း၏ အသင်းခေါင်းဆောင်နေရာကို နည်းပြ ဟူလီယာက အောက်တိုဘာ ၂၀၀၃ မှာ ပေးအပ်ခဲ့ခြင်းကိုရရှိတာပါ။ သူ့ရဲ့ နိုင်လိုဇောကြီးမှု့၊ အသင်းဖော်များအား လွမ်းမိုးနိုင်မှု့ကြောင့် အသင်းခေါင်းဆောင် လက်ပတ်ကို ရရှိခဲ့တာဟာ မှားမယ် မထင်ပါဘူး။ ပြီးနောက် ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှု့ကို ပယ်ချခဲ့တာဟာ သူက လီဗာပူးဘောလုံးအသင်းကို ဘယ်လောက်ချစ်ကြောင်း သက်သေပြခဲ့ပဲ ဖြစ်ပါတယ်။