စာပေဗိမာန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၂၈ -
စာပေဗိမာန်သည် မူလက အဖွဲ့အစည်းတစ်ခုမျှသာ ဖြစ်ရာ တော်လှန်ရေးကောင်စီ တာဝန်ယူပြီးနောက် ၁၉၆၃ ခုနှစ်တွင် စာပေဗိမာန် အဆောက်အအုံကို ပြည်သူပိုင်သိမ်းလိုက်ပြီး ဒုတိယဗိုလ်မှုးကြီးတင်ထွန်း၊ ဗိုလ်မှုးကိုလေး၊ ဦးထင်ကြီး(တက္ကသိုလ်ထင်ကြီး)တို့ ပါဝင်သော စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ အုပ်ချုပ်ရေးကိစ္စ အဝဝကို တာဝန်ယူစေသည်။ စာပေဗိမာန် အုပ်ချုပ်ရေး အဖွဲ့ ဥပဒေကိုလည်း ပြဌာန်းပေးသည်။
 
စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ ဥပဒေအရ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးသည် အဖွဲ့၏ ဥက္ကဌဥက္ကဋ္ဌ ဖြစ်ပြီး စာပေဗိမာန် အုပ်ချုပ်ရေးမှူးသည် အဖွဲ့၏ အတွင်းရေးမှူး ဖြစ်သည်။ စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ကို နောင်တွင် စာပေဗိမာန် အဖွဲ့ဟု ပြောင်းလဲ ခေါ်တွင်သည်။ စာပေဗိမာန် ဥပဒေကို ၁၉၉၀ ပြည့်နှစ်တွင် ပယ်ဖျက်ခဲ့သည်။
စာပေဗိမာန်၏ အုပ်ချုပ်ရေးမှူး ရာထူးကို ဒုတိယ အထွေထွေ မန်နေဂျာ၊ ညွှန်ကြားရေးမှူး (စာပေ)စသည်ဖြင့် ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ယခုအခါ စာတည်းမှူးချုပ်ဟု သတ်မှတ်ခေါ်ဝေါ်သည်။