ဆေးလိပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 95 interwiki links, now provided by Wikidata on d:q1566 (translate me)
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၂၁ -
 
ဤသို့ဖြင့် [[အမေရိကတိုက်]]မှ ဆေးရွက်ကြီးများသည် ကမ္ဘာတခွင်လုံးသို့ ပြန့်နှံ့လာခဲ့ပါသည်။ ခရစ်နှစ် ၁၆၁၂-တွင် အမေရိကနိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၌ ဆေးရွက်ကြီးကို စတင်စိုက်ပျိုးခဲ့ရာ အထူးအောင်မြင်ပြီး ကမ္ဘာ့ဆေးရွက်ကြီးဈေးကွက်ကို လွှမ်းမိုးနိုင်ခဲ့ပါသည်။
စီးကရက်ကို စတင်သုံးစွဲသူများမှာ စပိန်နိုင်ငံ၊ ဆီဗီးလ်မြို့မှ သူတောင်းစားများဖြစ်ပါသည်။ သူတို့သည် စွန့်ပစ်ထားသော ဆေးလိပ်တိုများမှ ဆေးရွက်ကြီးအမှုန့်များကိုရရာ စက္ကူများဖြင့် ပတ်ပြီး သောက်သုံးခဲ့ပါသည်။ ၄င်းဆေးလိပ်မျိုးကို၎င်းဆေးလိပ်မျိုးကို [[စပိန်ဘာသာ]]ဖြင့် စီဂါရီလို (Cigarello) ဟုခေါ်ဆိုပါသည်။ နောင်တွင်မှ [[ပြင်သစ်]]တို့က [[စီးကရက်]] (Cigarette) ဟုအမည်ပေးခဲ့ပါသည်။
 
==တွင်ကျယ်လာခြင်း==
စာကြောင်း ၃၁ -
ရှေးဦးအစ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်တတ်ကြောင်း မသိရှိကြပါ။ ၁၉၃၀-ပတ်ဝန်းကျင်က ထွက်ပေါ်လာသော ဆေးသုတေသန စာတမ်းတစောင်က ယခင်က အဖြစ်နည်းသော အဆုတ်ကင်ဆာရောဂါသည် ပထမကမ္ဘာစစ်အပြီးတွင် အဖြစ်များလာကြောင်း၊ အကြောင်းရင်းမှာ ဆေးလိပ်သောက်သုံးမှုကြောင့် ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ပါသည်။ သို့သော် မည်သူကမှျ ဂရုမပြုကြပါ။ နောက်ပိုင်းတွင်အဆုပ်ကင်ဆာဖြစ်ပွားမှုနှုန်းမှာ သိသိသာသာ တိုးပွားလာသဖြင့် အစိုးရများမှာ အမှုမဲ့မနေနိုင်တော့ပါ။
 
၁၉၆၂-ခုနှစ်တွင် အမေရိကန်အစိုးရသည် သိပ္ပံပညာရှင် ၁၀-ဦးကို ဆေးလိပ်သောက်ခြင်းအကြောင်း သုတေသနပြုစေပါသည်။ ၄င်းတို့သည်၎င်းတို့သည် ၂-နှစ်ကြာ သုတေသနပြုပြီးနောက် ၁၉၆၄-ခုနှစ် ခွဲစိတ်ကုဆရာဝန်များညီလာခံတွင် ဆေးလိပ်သောက်ခြင်းကြောင့် အဆုပ်ကင်ဆာဖြစ်ပွားနိုင်ကြောင်း အထောက်အထားများဖြင့် တင်ပြနိုင်ပါသည်။ ထိုအချိန်မှစ၍ စီးကရက်ဘူးခွံများတွင် ဆေးလိပ်သောက်ခြင်း သည် အန္တရာယ်ရှိကြောင်း သတိပေးချက်များ ထွက်ပေါ်လာပါသည်။
 
ယခုအခါတွင် အမေရိကန်တနိုင်ငံတည်းမှာပင် စီးကရက်သောက်သုံးမှုကြောင့် နှစ်စဉ် လူဦးရေ ၄၄၂၀၀၀-သေဆုံးလျက်ရှိပါသည်။ အဆုပ်ကင်ဆာဖြစ်ပွားသူ ၉၀% မှာ ဆေးလိပ်ကြောင့်ပင် ဖြစ်ပါသည်။