ဘဦး (နိုင်ငံတော်သမ္မတ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၁၀၁ -
 
==နိုင်ငံရေးဘ၀==
ဒေါက်တာ ဦးဘဦးသည် တရားဝန်ကြီးအဖြစ် ဆောင်ရွက်နေစဉ် ၁၉၃၇ခုနှစ်တွင် ရွေးကောက်ပွဲဆိုင်ရာ [[အထူး ခုံရုံး]] ဥက္ကဌဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ရသည်။ ၁၉၄၂ ခုနှစ်တွင် [[ဂျပန်]]တို့မှ အုပ်ချုပ်ရေး ကဏ္ဍတွင် တရားရေး ဘက်မှ ဝင်ရောက် တာဝန်ယူ ထမ်းဆောင်ရန် ကမ်းလှမ်းခဲ့သည်။ ဒေါက်တာဘဦးသည် ဂျပန် တို့ ကမ်းလှမ်းချက် ကို ငြင်းပယ် ခဲ့ရာ ဂျပန်များက ဖိအားပေးသဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းနောက် အဓိပတိ [[ဒေါက်တာဘမော်]] အစိုးရ လက်ထက်တွင် တရား လွှတ်တော်ချုပ် တရားဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ရသည်။ အင်္ဂလိပ် တို့ မြန်မာနိုင်ငံအား ပြန်လည် ဝင်ရောက်ချိန် ၁၉၄၅ ခုနှစ်၊ ဧပြီတွင် [[ရန်ကုန်မြို့ အုပ်ချုပ်ရေး အဖွဲ့]]တွင် အဖွဲ့ဝင်အဖြစ် တာဝန် ပေးအပ်ခြင်း ခံရသည်။ {{note|c|C}} ၁၉၄၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ တွင် နယ်ချဲ့တို့သည် [[ရန်ကုန်မြစ်]] အတွင်းရှိ ကမ်းဘာလင်း ([[Cumberland]]) စစ်သင်္ဘော ပေါ်သို့ဖိတ်ခေါ်၍ စက္ကူဖြူ စာတမ်းပါ အချက် အလက် များကို မြန်မာတို့ လက်ခံအောင် စည်းရုံးခဲ့သည်။ ဆွေးနွေးပွဲတွင် မြန်မာတို့ ဘက်မှ [[ဗိုလ်ချုပ်အောင်ဆန်း]] နှင့် အတူ ဒေါက်တာဘဦး လည်း တက်ရောက် ခဲ့သည်။ {{note|d|D}}{{note|e|E}}
 
၁၉၄၇ ခုနှစ် မေလ ၂၆ ရက်နေ့ တွင် အသက် ၆၀ ပြည့်ရာ ဥပဒေနှင့်ထုံးတမ်းအရ အငြိမ်းစားယူရန်ဖြစ် သော် လည်း ဘုရင်ခံ [[ဆာဟူးဘတ်ရန့်]]က ဆာဘဦးအား တစ်နှစ်သက်တမ်းတိုးပေးခဲ့သည်။ စစ်ပြီးသော အခါမှစ၍ လွတ်လပ်ရေး မရမီ စပ်ကြား ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့အထိ လက်ရှိ တရား လွှတ်တော် တရား ဝန်ကြီး အဖြစ် ဆက်လက် တာဝန်ယူ ဆောင်ရွက်ခဲ့ ရသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီ ကလေးတွင် ဗြိတိသျှ အစိုးရ တို့က '[[ဆာ]]'ဘွဲ့ဖြင့် သူကောင်း ပြုခြင်းကို ခံရသည်။ အာရှ အရှေ့ တောင်ပိုင်း ဆိုင်ရာ မဟာမိတ် တပ်ဖွဲ့ သေနာပတိ [[လော့ဒ် မောင့်ဘက်တန်]] မြန်မာနိုင်ငံသို့ လာရောက် သော အခါ ဒေါက်တာ ဆာ ဘဦး သည် [[အိုရီယင့် ကလပ်]] ဥက္ကဌဥက္ကဋ္ဌ အဖြစ် ဧည့်ခံခဲ့သည့်အချိန်တွင် စကား ပြောဆိုရင်း မြန်မာနိုင်ငံ အား ကိုယ်ပိုင် အုပ်ချုပ်ရေး ပေး ရန် စကား ဆိုခဲ့သည်။ ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာ ၌ လည်း ဒေါက်တာ ဆာ ဘဦး သည် အရေးပါသော နေရာမှ ထိရောက်စွာ ပါဝင်ဆောင်ရွက်ခဲ့သည်။
 
၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသောအခါ ဒေါက်တာ ဆာဘဦးကိုပင် တရားလွှတ်တော်ချုပ်၊ တရားဝန်ကြီးချုပ်အဖြစ် တင်မြှောက်ကြပြန်သည်။ ယင်းသို့ ဆောင်ရွက် နေစဉ် ဒေသ ဆိုင်ရာ အုပ်ချုပ်မှု စုံစမ်းရေး ကော်မတီ နှင့် ရွေးကောက်ပွဲ ကြီးကြပ်ရေး ကော်မရှင် တို့တွင် ဥက္ကဌအဖြစ်ဥက္ကဋ္ဌအဖြစ် ထမ်းဆောင် ခဲ့သည်။
 
၁၉၄၈ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် တရား လွှတ်တော်ချုပ် ၏ တရားဝန်ကြီး ဒေါက်တာဘဦး ခေါင်းဆောင် ပြီး လူမျိုးစု ကိုယ်စားလှယ်များ ပါဝင်သော ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်မှု စုံစမ်းရေး ကော်မရှင် ကို လည်းကောင်း၊ ဖွဲ့စည်းပေးပြီး ကရင်ပြည်နယ်အရေးကို ဖြေရှင်းဆောင်ရွက်ခဲ့သည်။ ဆာဘဦး ခေါင်းဆောင် သော ရွေးကောက်ပွဲကြီးကြပ်စီမံရေးအဖွဲ့ကို ၁၉၄၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင်
စာကြောင်း ၁၁၈ -
၁၉၅၆ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ တွင် [[ဆိုဗီယက်နိုင်ငံတော်]] အစိုးရမှ ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီးအား ဆိုဗီယက် မော်တော်ကား တစ်စီး ပေးအပ်ခဲ့သည်။ ၁၉၅၇ခုနှစ်၊ သမ္မတရာထူး သက်တမ်း ကုန်ဆုံးသောအခါ အငြိမ်းစားယူခဲ့သည်။
 
သို့သော် ၁၉၆၀ပြည့်နှစ်တွင် [[ဦးနု]] ဦးဆောင်သော ပထစအစိုးရတက်လာသောအခါ ဧပြီလ ၂၉ ရက်နေ့တွင် [[နိုင်ငံတော် အစိုးရ အကြံပေးအဖွဲ့]] ဥက္ကဌအဖြစ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ရသည်။ ဒေါက်တာဘဦး ဦးဆောင်သော အကြံပေး အဖွဲ့များ၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးအဖွဲ့ အစည်း များ ပါဝင် သော ဆွေးနွေးပွဲ တစ်ရပ်ကို ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၃ ရက်နေ့တွင် ကျင်းပခဲ့သည်။ ဒေါက်တာ ဘဦး သည် ဆွေးနွေးပွဲ ၌ မွန်လူထု၊ ရခိုင်လူထု၏ဆန္ဒမည်သို့ရှိသည်ကို သိရှိနိုင်ရန် ဆန္ဒခံယူပွဲ (Plebiscite) ပြုလုပ်သည့် နည်းသည် ပါလီမန် ဒီမိုကရေစီ နည်းအကျဆုံး၊ အကောင်းဆုံး နည်းလမ်း ဖြစ်ကြောင်း၊ လူထု ဆန္ဒခံယူပွဲ ပြုလုပ်သည့်စနစ်ကို ကမ္ဘာ၌လည်း အသုံးပြု လျက်ရှိကြောင်း၊ လူထု ဆန္ဒခံယူပွဲ ပြုလုပ်ရာ ၌ အခြေအနေ နှင့် ကိုက်ညီသည် မကိုက်ညီသည် ဆိုသော အချက်မှာ အစိုးရနှင့်သာ သက်ဆိုင် ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။{{note|g|G}} ဆက်လက်ပြီး ဒေါက်တာဘဦး ဦးဆောင်သော အကြံပေး အဖွဲ့သည် ၁၉၆၀ ပြည့်နှစ်၊ မေလ ၆ ရက်နေ့မှစတင်ပြီး ရခိုင်ပြည်နယ် နှင့် ပတ်သက်၍ ရခိုင် အမျိုးသား ခေါင်းဆောင် ကြီးများ၊ လူမှုရေးအသင်းအဖွဲ့များအား ဖိတ်ကြား၍ ဆွေးနွေး ခဲ့ပါသည်။ {{note|h|H}}
 
သမ္မတဟောင်း ဒေါက်တာဘဦးသည် လူမှုဝန်ထမ်း လုပ်ငန်းများ ဖြစ်သော [[ကြက်ခြေနီအသင်း]]၊ [[ပြည်သူ့ သူနာပြုအဖွဲ့]]၊ [[တက္ကသိုလ် ရန်ပုံငွေအဖွဲ့]]၊ [[ပန်းဥယျာဉ် အသင်း]] စသည်တို့တွင် ဥက္ကဌအဖြစ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ရသော ပုဂ္ဂိုလ်ထူး ဖြစ်သည်။ ၁၉၅၇ခုနှစ်တွင် 'ကျွန်ုပ်၏ မြန်မာနိုင်ငံ' ခေါ် ကိုယ်ရေး အတ္ထုပ္ပတိ စာအုပ်ကို အင်္ဂလိပ် ဘာသာ ဖြင့် ရေးသားထုတ်ဝေခဲ့သည်။
 
==ဂုဏ်ပြုချီးကျူးမှုများ==