မြန်မာ ငွေစက္ကူ သမိုင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး removed ZWSP
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၂ -
မြန်မာနိုင်ငံသည် ဗြိတိသျှထံမှ လွတ်လပ်ရေးမရမီ အိန္ဒိယလက်အောက်ခံပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။ ထိုအချိန်တွင် မြန်မာငွေကြေးအဖြစ် ရူပီးကိုအသုံးပြုခဲ့ပါသည်။ မြန်မာနှင့် အိန္ဒိယနိုင်ငံသုံး ရူပီးငွေသည် စတာလင်ပေါင်နှင့် ချိတ်ဆက်ထားပြီး တစ်သျှီလင် ခြောက်ပဲနိဖြင့် တန်ဖိုးသတ်မှတ်ထားပါသည်။
 
၁၉၄၆ခုနှစ် ငွေကြေးနှင့် ငွေအကြွေအက်ဥပဒေ ပထမအစီအစဉ်အရ ၁,၅,၁၀,၁၀၀ ရူပီးငွေစက္ကူများ အဖြစ်ထုတေ်၀ရန်နှင့် ဒုတိယအစီအစဉ်အရ ၂၀ နှင့် ၅၀ရူပီး ငွေအကြွေတို့ကို ဘုတ်အဖွဲ့မှ ထုတ်ဝေခဲ့ပါသည်။ ထိုငွေစက္ကူ များတွင် ဒေါင်းတံဆိပ်ရေစာအမှတ်အသားပါရှိခဲ့ပြီး ဘုတ်အဖွဲ့၏ဥက္ကဌမှဘုတ်အဖွဲ့၏ဥက္ကဋ္ဌမှ ထုတ်ဝေခွင့် ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံတော် ငွေကြေးအုပ်ချုပ်မှုအဖွဲ့ မြန်မာပြည်တွင်း၌သာ သုံးပိုင်ခွင့်ရှိသည် (Burma Currency Board Legal Tender in Burma Only) ဟု အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ထား သောစာတန်းများပါရှိသည်။
==လွတ်လပ်ရေးခေတ်==
အင်္ဂလိပ်တို့ထံမှ မြန်မာလွတ်လပ်ရေးရရှိပြီးသောအခါ မြန်မာနိုင်ငံသည် ပြည်ထောင်စုသမ္မတနိုင်ငံ ဖြစ်လာခဲ့ပြီး ငွေစက္ကူ၏ခေါင်းစည်းစာတန်းကို Government of the Union of Burma ဟု ပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံ ငွေကြေးအုပ်ချုပ်မှုအဖွဲ့သည် Legal Tender Currency in Burma Only စာတန်းပါသော အိန္ဒိယနိုင်ငံထုတ် ငွေစက္ကူများကို ရုပ်သိမ်းခဲ့ပြီး ၁၉၄၈ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် အဆိုပါ Government of the Union of Burma ခေါင်းစည်းစာတန်းပါ ငွေစက္ကူကို တိုးချဲ့ ထုတ်ဝေခဲ့သည်။ သို့ရာတွင် ၁၉၅၀ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့တွင် ငွေအကြွေ အမျိုးအစားအားလုံး သုံးစွဲခွင့်အား ရပ်စဲခဲ့သည်။