မင်းကွန်းတိပိဋကဆရာတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၄၂ -
အသက် ၁၃ နှစ်တွင် မြင်းခြံ သံဃသမဂ္ဂီ အဖွဲ့မှ စစ်ဆေးသော [[ဝိနယ]] စာမေးပွဲကိုဖြေဆို အောင်မြင်ပြီး မြင်းခြံ ဘာသာရေး အသိုင်းအဝိုင်းတွင် ထင်ရှားကျောဇောလာခဲ့သည်။
နောက်တစ်နှစ်တွင်လည်း [[ပရိယတ္တိ]] စာမေးပွဲကိုလည်း အာဂုံဆောင် ဖြေဆိုနိုင်ခဲ့သည်။ ၁၅ နှစ်သားတွင် ပထမငယ်တန်း၊ ၁၇ နှစ်သားတွင် ပထမလတ်တန်း နှင့် အသက်၂၀
အရွယ်တွင် ပထမကြီးတန်းတို့ကို ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၉၃၃ခုနှစ်(မြန်မာသက္ကရာဇ် ၁၂၉၅ ခု) တွင် အစိုးရ ပထမကြီးတန်းကို ပထမကျော် ဟူသော် ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့သည်။ထိုနှစ်တွင်ပင် [[သကျသီဟစာသင်တန်း]]ကိုလည်းကောင်း၊ ၁၉၃၄ခုနှစ်တွင် စာချတန်းကို လည်းကောင်း တစ်ဆက်တည်းအောင်မြင်၍ [[၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့)]] ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ၁၉၃၄ ခုနှစ်တွင်ပင်တွင် မဟာသံဃသမဂ္ဂီ အဖွဲ့မှ ဘိဝံသ ဘွဲ့ကို ချီးမြှင့်ခဲ့ပြီးနောက် ဘွဲ့တော်မှာ ဦးဝိစိတ္တသာရာဘိဝံသ ဟူ၍ဖြစ်သည်။ ဆရာတော်သည် ၁၉၅၀ ခုနှစ်မှ ၁၉၅၃ ခုနှစ်အတွင်း တိပိဋကဓရ စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပြီးနောက် [[တိပိဋက|ပိဋကတ်သုံးပုံ]]ကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့် နိုင်ငံတော်မှ တရားဘဏ္ဍာစိုးဟုအဓိပ္ပါယ်ရသော [[တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကတိပိဋကဓမ္မဘဏ္ဍာဂါရိက]]ဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။
[[Image:Mingun 88.JPG|thumb|left|320px|မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ၏ ပုံတူရုပ်ထုမှ မှတ်တမ်းကျောက်စာ]]
=== ပိဋကသုံးပုံ အာဂုံဆောင်ခြင်း ===