ဧကန်မုချဖြစ်ခြင်းနှင့် လုံလောက်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး linked
အရေးမကြီး →‎လုံလောက်ခြင်း: fixed
စာကြောင်း ၄၄ -
 
== လုံလောက်ခြင်း ==
'''အဆို က''' နှင့် '''အဆို ခ''' ဟူ၍ အဆိုနှစ်ခု ရှိသည်ဆိုပါစို့။ အဆို က မှန်လျှင် အဆို ခ မှန်ကို မှန်ရမည် (သင်္ကေတအားဖြင့် '''အဆို က <math>\implies</math> အဆို ခ''') ဖြစ်ပါက '''အဆို က ကို အဆို ခ ၏ လုံလောက်သော ပေးထားချက် (necessarysufficient condition) ဟု ခေါ်သည်။''' တနည်းဆိုသော် '''အဆို က သည် အဆို ခ ၏ လုံလောက်သော အကြောင်း''' ဖြစ်သည်။
 
အထက်ပါ သာဓကကိုပင် ပြန်ကြည့်ပါ။ ကိန်း <math>x</math> သည် ကိန်းစစ်တစ်ခု ဖြစ်သည်ဟုသာ သိထားသည့် အခြေအနေတွင် အဆို ၂ မှန်သည်ဟု ကောက်ချက်ဆွဲလိုပါက အဆို ၁ မှန်ကြောင်းပြရန်သာလိုသည်။ တနည်းဆိုရသော် ''အဆို ၂ မှန်ကြောင်း ကောက်ချက်ဆွဲလိုလျှင် အဆို ၁ '''မှန်ကြောင်း သိရုံမျှနှင့် လုံလောက်သည်။''''' (ကိန်း <math>x</math> ကို ၂ ဖြင့်စား၍ ပြတ်သည်ဟု ကောက်ချက်ဆွဲလိုလျှင် ကိန်း <math>x</math> ကို ၄ ဖြင့်စား၍ ပြတ်သည်ဟု သိထားပါက လုံလောက်သည်။ ၄ ဖြင့်စား၍ ပြတ်သော ကိန်းတိုင်းကို ၂ ဖြင့်လည်း စား၍ ပြတ်သောကြောင့် ဖြစ်၏။) ထို့ကြောင့် အဆို ၁ သည် အဆို ၂ ၏ လုံလောက်သည့် ပေးထားချက် အကြောင်းဖြစ်သည်။ အလားတူပင် အဆို ၂ သည် အဆို ၃ ၏၊ အဆို ၃ သည် အဆို ၄၏ လုံလောက်သည့် အကြောင်းများ အသီးသီးဖြစ်ကြသည်။ အဆို ၃ မှန်သည်ဟု ကောက်ချက်ဆွဲရန် အဆို ၁ မှန်သည်၏ သိရုံမျှနှင့်လည်း လုံလောက်သည်၊ အဘယ်ကြောင့်ဆိုသော် အဆို ၁ မှန်ပါက၊ အဆို ၂ လည်းမှန်ပြီး၊ အဆို ၂ မှန်ပါက အဆို ၃ လည်း မှန်သောကြောင့်ပင်။ (အထက်ပါ ကျိုးကြောင်းပြ လမ်းစဉ်ကို ကြည့်ပါ။) အကျုဉ်းချုပ်သော် '''အဆို ၁ သည် အဆို ၂၊ အဆို ၃ နှင့် အဆို ၄ တို့၏ လုံလောက်သော အကြောင်း၊ အဆို ၂ သည် အဆို ၃ နှင့် အဆို ၄ တို့၏ လုံလောက်သော အကြောင်း၊ အဆို ၃ သည် အဆို ၄ ၏ လုံလောက်သော အကြောင်းများ အသီးသီး ဖြစ်ကြသည်။'''