နယူတန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
အရေးမကြီး →‎ကယ်ကူလပ် ရဲ့ဖခင်: linked
စာကြောင်း ၈၇ -
== ကယ်ကူလပ် ရဲ့ဖခင် ==
 
ဂျာမန်ဒဿန ပညာရှင် [[ဂေါ့ဖရိဒ် ဝီလ်ဟမ် လိုက်ဘနစ်|ဂေါ့ဖရိဒ် လိုက်ဘနစ်]] (Gollfried Leibniz) နဲ့လည်း ပြဿနာ အကြီးအကျယ်ဖြစ်ခဲ့ဘူးတယ်။ Leibniz နဲ့ Newton တို့နှစ်ယောက်လုံး သီးခြားစီ Calculus ကို စတင် ဖေါ်ထုတ်ခဲ့ကြတယ်။ နောက်ပိုင်းမှ သိရတာက Newton က Leibniz ထက် စောပြီး Calculus ကို တွေ့ရှိခဲ့ပေမယ့်၊ နောက်ကျမှ ထုတ်ပြန်ခဲ့တယ်။ အဲဒါကြောင့် Calculus ကို ဘယ်သူအရင်တွေ့ခဲ့တာလည်း ဆိုတဲ့ အငြင်းပွားမှုစတင်ခဲ့ပြီး သိပ္ပံပညာရှင်တွေကြားမှာ သူ့ဘက် ကိုယ့်ဘက် ငြင်းခုံကြတယ်။ Newton ဘက်က ရှင်းလင်းတဲ့ ဖြေရှင်းချက်တွေက သူ့မိတ်ဆွေတွေရဲ့ နာမည်နဲ့ ဖြစ်နေပေမယ့် Newton ကိုယ်တိုင် ရေးသားခဲ့တာပါ။
အငြင်းပွားမှုကို ဖြေရှင်းပေးဖို့ Leibniz က Royal Society ကို အယူခံဝင်ခဲ့တယ်။ Newton က ဥက္ကဋ္ဌ အနေနဲ့ ဘက်မလိုက်တဲ့ ကော်မတီတစ်ရပ်ကို ဖွဲ့ပေးခဲ့တယ်။ ဒါပေမယ့် အဲဒီကော်မတီမှာ သူ့မိတ်ဆွေတွေပဲ ပါဝင်ခဲ့တယ်။ ဒါတင်မကသေးဘူး ကော်မတီရဲ့ အစီရင်ခံစာကို Newton ကပင်ရေးသားပြီး Royal Society အနေနဲ့ ထုတ်ပြန်ခဲ့တယ်။ အစီရင်ခံစာမှာ Leibniz အား သူတစ်ပါး အလုပ်ကို ခိုးချခဲ့သည် လို့လည်း တရားဝင်စွပ်စွဲခဲ့တယ်။ ဒီမျှနဲ့ မကျေနပ်သေးပဲ Royal Society က ထုတ်ဝေတဲ့ စာစောင်မှာလည်း အစီရင်ခံစာနဲ့ပတ်သက်တဲ့ ခေါင်းစဉ်နဲ့ Leibniz ကို ဝေဖန်ထားတဲ့စာကို အမည်မဖေါ်လိုသူ (Anonymous) နာမည်နဲ့ ရေးသားခဲ့သေးတယ်။