ထွန်းကော်မာရှယ်ဘဏ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
အရေးမကြီးNo edit summary
စာကြောင်း ၃၁ -
မြန်မာပန်းချီပညာရှင်များစွာ ပေါ်ပေါက်လာစေရန် ရည်သန်၍ ၂၀၀၇ ခုနှစ်မှစ၍ ထွန်းဖောင်ဒေးရှင်းဘဏ်မှ ဦးစီးဦးရွတ်ပြု၍ '''Best Painting of the Year''' ဆု ချီးမြှင့်ပွဲကို ကျင်းပခဲ့သည်။ နိုင်ငံတကာ စံချိန်စံနှုန်များနှင့်အညီ '''Myanmar Traditional Artists and Artisans Association''' မှ အကဲဖြတ်ဒိုင်များအဖြစ်ကြီးမှုးပြီး အာဆီယံနှင့် တရုတ်နိုင်ငံများမှာ လည်း ဒိုင်များအဖြစ်ပါဝင်ကာ အကဲဖြတ်ပေးကြသည်။ ၁၈ ဒီဇင်ဘာ ၂၀၀၈ ခုနှစ်တွင် ဆုပေးပွဲကို ဘဏ်လုပ်ငန်းရှင်များအသင်းရုံးချုပ် ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ပထမဆုကို '''ဆီမီးခွက်အက'''ပန်းချီကားဖြင့် '''နီပိုဦး'''မှ ပထမဆုဆွတ်ခူးပြီး ငွေကျပ် ၃ သန်း ကိုချီးမြှင့်ခဲ့သည်။ '''Best Paintings of the Year 2010''' ပြပွဲနှင့် ပြိုင်ပွဲကို မြန်မာ့ဘဏ်လုပ်ငန်းရှင်များအသင်း အဆောက်အအုံတွင် ၁၁-၁၅ ဒီဇင်ဘာ ၂၀၁၀ ထိကျင်းပခဲ့ပြီး ပန်းချီပညာရှင် ၂၅၀ ၏ ပန်းချီကား ၃၀၀ ရွေးချယ်ခံခဲ့ရသည်။ အဆိုပါ ပန်းချီကားများကို ဝယ်ယူနိုင်ရန်အလိုငှာ '''Gallery 65''' တွင်လည်း ၁၈-၃၁ ဒီဇင်ဘာ ၂၀၁၀ ထိ ပြသထားခဲ့သည်။
=== ထွန်းဖောင်ဒေးရှင်းစာပေဆု ===
မြန်မာ့စာပေကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၆ ခုနှစ်မှ စတင်၍ ထွန်းဖောင်ဒေးရှင်းစာပေဆုကို ချီးမြှင့်ခဲ့သည်။ စာပေရွေးချယ်စိစစ်ရေးကော်မတီမှ စာအုပ်(၇)အုပ်၊ စာမူ(၇)နှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော စာအုပ် (၂)အုပ်ကို ရွေးချယ်ခဲ့သည်။ ထိုနှစ် ၂၀၀၆ ခုနှစ်တွင် ဆုရရှိသူများမှာ [[ခင်ခင်ထူး]]၊ Moe Moe Taraw San၊မိုးမိုးတာရောစန်၊ [[ဂျူနီယာဝင်း]]၊ [[ဝင်းမောင်]]၊ [[ဒေါက်တာစိုးလွင်]]၊ [[ဒေါက်တာတိုးလှ]]၊ [[မောင်ဝံသ]]တို့ ဖြစ်ကြသည်။
 
၂ ဧပရယ် ၂၀၁၁ ခုနှစ်တွင် ပဉ္စမအကြိမ်မြောက် ထွန်းဖောင်ဒေးရှင်းစာပေဆုကို မြန်မာ့ဘဏ်လုပ်ငန်းရှင်များအစည်းအရုံးအဆောက်အဦးတွင် ကျင်းပခဲ့သည်။ အဆိုပါပွဲကို [[ပြန်ကြားရေးဝန်ကြီးဌာန]]နှင့် [[ယဉ်ကျေးမှု ဝန်ကြီးဌာန]] မှ [[ဝန်ကြီး]] [[ဦးကျော်ဆန်း]] နှင့် [[ရန်ကုန်တိုင်းဒေသကြီး]] [[ဝန်ကြီးချုပ်]] [[ဦးမြင့်ဆွေ]] တက်ရောက်ခဲ့သည်။ ထိုနှစ်တွင် '''ထွန်းဖောင်းရှင်းတစ်သက်တာစာပေဆု'''ကို '''ဦးလှမြိုင်(ကိုဆောင်း)''' ကို ချီးမြှင့်ခဲ့သည်။ ထိုနှစ်အတွက်စာပေဆုကို '''ထွန်းဦးတင်'''မှ ဆွတ်ခူးရရှိခဲ့သည်။