စာပေဗိမာန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
အရေးမကြီးNo edit summary
စာကြောင်း ၁၇ -
၁၉၄၈ ခု၊ မေလတွင် ရန်ကုန်မြို့ [[ပြည်လမ်း]]ရှိ ဆိုရန်တိုဗီလာ အဆောက်အအုံကို အသင်းတည်ရာ အဖြစ် သတ်မှတ်ပြီး ထို အဆောက်အအုံကို ‘စာပေဗိမာန် အဖြစ် အမည်ပေးခဲ့သည်။ အသင်း၏ ဆောင်ပုဒ်မှာ '''အမှောင်ခွင်း၍ အလင်းဆောင်အံ့''' ဟူ၍ပင် ဖြစ်သည်။ အသင်းကို တည်ထောင်စဉ်က အသင်းသားများ စည်းရုံးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဝင်ကြေး နှစ်စဉ်ကြေးများ သတ်မှတ်ပြီး အသင်းသားများ စည်းရုံးခဲ့သေး၏။ နောင်တွင် အသင်းသားစနစ်ကို ဖျက်ခဲ့၏။ဘာသာပြန်စာပေအသင်းဟု အမည်ခံထားစေကာမူ ဖွဲ့စည်းပုံမှာ အသင်းအဖွဲ့ပုံစံမဟုတ်။ ဘာသာပြန်လုပ်ငန်းမှာလည်း ထိုဌာန၏ တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့သည်။
 
စတင်တည်ထောင်ကာစက လူထုအလင်းစာစဉ်၊ လူထုအိတ်ဆောင်စာစဉ်၊ လူထုတက္ကသိုလ်စာစဉ် ဟူသော စာစဉ်အမည်များဖြင့် စာအုပ်များ စတင်ထုတ်ဝေခဲ့သည်။ ကျောင်းများနှင့် တက္ကသိုလ်များတွင် ဆိုင်ရာဘာသာရပ်များကို မြန်မာစာဖြင့် သင်ကြားရန်အတွက် ကျောင်းသုံးစာအုပ်များ[[ကျောင်းသုံးစာအုပ်]]များ ဘာသာပြန် ပြုစုရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့၏။ ထိုစာအုပ်များ ပြုစုတည်းဖြတ်ရေး အတွက် ဝိဇ္ဇာဌာနနှင့် သိပ္ပံဌာန ဟူ၍ ခွဲထားခဲ့သည်။
 
၁၉၄၉ မှစ၍ မြန်မာ့စွယ်စုံကျမ်း ပြုစုရေး လုပ်ငန်းကို ဖော်ပြပါ ဝိဇ္ဇာနှင့် သိပ္ပံဌာန နှစ်ခုက တာဝန်ယူခဲ့သည်။ ထိုဌာနနှစ်ခုသည် ၁၉၅၇ တွင် မြန်မာ့စွယ်စုံဌာန ဖြစ်လာ၏။
၁၉၅၁ - ၅၂ တွင် နှစ်ငါးဆယ်စာစဉ်များကို ထုတ်ဝေခဲ့သည်။ ၁၉၅၂ တွင် ကျောင်းသုံးစာအုပ်များ[[ကျောင်းသုံးစာအုပ်]]များ ပြုစုထုတ်ဝေရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ၁၉၅၂ တွင်ပင် စာပေဗိမာန် မဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။ ထိုမဂ္ဂဇင်းကိုပင် ၁၉၅၉ တွင် ရပ်ဆိုင်းပြီး မဂ္ဂဇင်းနေရာတွင် ပြည်သူ့လက်စွဲ စာစဉ်ကို အစားထိုးခဲ့၏။ ၁၉၅၉ မှာပင် လူထုသိပ္ပံကျမ်းကို (၉)တွဲ အထိ ထုတ်ဝေခဲ့သည်။ စာပေဗိမာန်သည် လူထုပညာရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်လာသည်နှင့်အမျှ လုပ်ငန်းအသီးသီးကို ထိန်းသိမ်းအုပ်ချုပ်ရန် ဌာနခွဲများ တိုးချဲ့လာခဲ့သည်။ စာတည်းလုပ်ငန်း အရပ်ရပ်ကို ထိန်းသိမ်းရန် အတွက် စီမံကိန်းအဖွဲ့၊ မြန်မာ့စွယ်စုံကျမ်း စီစဉ်ရေးအဖွဲ့၊ လူထုသိပ္ပံကျမ်း စီစဉ်ရေးအဖွဲ့၊ နိုင်ငံ သမိုင်းအကြံပေးအဖွဲ့၊ ကျောင်းသုံးစာအုပ်အဖွဲ့၊ မဂ္ဂဇင်းအဖွဲ့ စသည့်ပညာပိုင်း ဆိုင်ရာ အဖွဲ့များနှင့် လုပ်ငန်းပိုင်း ဆိုင်ရာ အဖွဲ့များ ဖြစ်သည်။ စာတည်းဌာန သုတေသန လုပ်ငန်းအတွက် ရည်ညွှန်းစာကြည့်တိုက်ကို တည်ထောင်ခဲ့သည်။ ဝေါဟာရ ဘာသာပြန် လုပ်ငန်းကိုလည်း လုပ်ခဲ့သည်။ ၁၉၄၉ မှစ၍ ‘စာပေဗိမာန်ဆု အမည်ဖြင့် စာပေဆုများ ချီးမြှင့်ခဲ့သည်။ ၁၉၅၃ မှစ၍ စာပေဗိမာန် ယဉ်ကျေးမှု ဟောပြောပွဲများလည်း လုပ်ခဲ့သည်။ ယဉ်ကျေးမှုကပွဲများလည်း လုပ်ခဲ့၏။ စာကြည့်တိုက်သင်တန်းနှင့် စာပုံနှိပ် သင်တန်းများကိုလည်း ဖွဲ့ခဲ့၏။ ၁၉၅၆ - ၅၇ မှစ၍ သတင်းစာသင်တန်းတစ်ခုကို လည်း ဖွင့်ခဲ့၏။ ၁၉၅၆ မှာပင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ကို ဖွင့်ခဲ့သည်။ ၁၉၆၀၊ ဇူလိုင်မှ စ၍ စာပေဗိမာန်စာအုပ်အသင်းကိုလည်း တည်ထောင်ခဲ့၏။
 
စာပေဗိမာန် (မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း) သည် ၁၉၆၃ ခုနှစ်အထိ အစိုးရဌာနများ၏ အထောက်အပံ့၊ နိုင်ငံခြားအသင်းအဖွဲ့များ၏ အထောက်အပံ့ဖြင့် ရပ်တည်ခဲ့သော အစိုးရဌာန မဟုတ်သည့် အသင်းအဖွဲ့ပုံစံလည်း မဟုတ်သည့် စာပေနှင်ယဉ်ကျေးမှု လုပ်ငန်းဌာနတစ်ခု အဖြစ် တည်ရှိခဲ့သည်။ ၁၉၆၃၊ ဩဂုတ်လ ၂၂ တွင် မူလ (စာပေဗိမာန်) မြန်မာနိုင်ငံ ဘာသာပြန်စာပေ အသင်းကို ပယ်ဖျက်ကာ စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ ဟူသော အမည်ဖြင့် အက်ဥပဒေ ပြဌာန်း၍ အစိုးရ လက်အောက်ခံ ဌာနအဖြစ် သတ်မှတ်ခဲ့သည်။ ထိုအခါ စာပေဗိမာန်၏ လုပ်ငန်းများကိုလည်း ပိုင်းခြားသတ်မှတ်လိုက်သည်။ ထိုအသစ် ပြန်လည်ဖွဲ့စည်းသော စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်းများမှာ မြန်မာနိုင်ငံသား အားလုံး ဗဟုသုတ တိုးပွားရေးအတွက် နိုင်ငံခြားစာပေမှ ကောင်းနိုးရာရာများကို သုတေသနပြုရန်၊ စာအုပ်ပြုစုရန်နှင့် တိုင်းရင်းသား ဘာသာဖြင့် ပြန်လည်ထုတ်ဝေရန်၊ အစိုးရအသိအမှတ်ပြု ကျောင်းသုံးစာအုပ်များ[[ကျောင်းသုံးစာအုပ်]]များ ပုံနှိပ်ရန်၊ စာပေဆုပေးပွဲများ၊ စာပေနှီးနှောဖလှယ်ပွဲများ၊ စာပေဆိုင်ရာ ပြပွဲများ ကျင်းပရန် တို့ ဖြစ်လေသည်။
 
ထိုအစီအစဉ်များအရစာပေဆု(များ)အမျိုးမျိုးကို ချီးမြှင့်ခဲ့၏။ ကလေးစာပေ နှီးနှောဖလှယ်ပွဲ၊ သိပ္ပံစာပေနှီးနှောဖလှယ်ပွဲ၊ ပြဇာတ်စာပေနှီးနှောဖလှယ်ပွဲ၊ အတ္ထုပ္ပတ္တိစာပေ နှီးနှောဖလှယ်ပွဲ၊ သုတစာပေစာတမ်းဖတ်ပွဲ၊ ဂန္တဝင်စာပေ စာတမ်းဖတ်ပွဲ၊ ဇာတိမာန် စာပေစာတမ်းဖတ်ပွဲ စသော စာပေနှီးနှော ဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၈) ကြိမ် ကျင်းပခဲ့ပြီး ဖြစ်သည်။တင်သွင်းခဲ့သော စာတမ်းရှင်တို့၏ စာတမ်းများကို ပုံနှိပ်ထုတ်ဝေခဲ့ရာ သုတေသီတို့ အကိုးအထောက် ပြုကြရသော ကျမ်းများ ဖြစ်နေသည်။
စာကြောင်း ၂၈ -
စာပေဗိမာန်သည် မူလက အဖွဲ့အစည်းတစ်ခုမျှသာ ဖြစ်ရာ တော်လှန်ရေးကောင်စီ တာဝန်ယူပြီးနောက် ၁၉၆၃ ခုနှစ်တွင် စာပေဗိမာန် အဆောက်အအုံကို ပြည်သူပိုင်သိမ်းလိုက်ပြီး ဒုတိယဗိုလ်မှုးကြီးတင်ထွန်း၊ ဗိုလ်မှုးကိုလေး၊ ဦးထင်ကြီး(တက္ကသိုလ်ထင်ကြီး)တို့ ပါဝင်သော စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ အုပ်ချုပ်ရေးကိစ္စ အဝဝကို တာဝန်ယူစေသည်။ စာပေဗိမာန် အုပ်ချုပ်ရေး အဖွဲ့ ဥပဒေကိုလည်း ပြဌာန်းပေးသည်။
 
စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ ဥပဒေအရ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးသည် အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်ပြီး စာပေဗိမာန် အုပ်ချုပ်ရေးမှူးသည် အဖွဲ့၏ အတွင်းရေးမှူး ဖြစ်သည်။ စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ကို နောင်တွင် စာပေဗိမာန် အဖွဲ့ဟု ပြောင်းလဲ ခေါ်တွင်သည်။ စာပေဗိမာန် ဥပဒေကို ၁၉၉၀ ပြည့်နှစ်တွင် ပယ်ဖျက်ခဲ့သည်။ [[စာပေဗိမာန်]]၏ အုပ်ချုပ်ရေးမှူး ရာထူးကို ဒုတိယ အထွေထွေ မန်နေဂျာ၊ ညွှန်ကြားရေးမှူး (စာပေ)စသည်ဖြင့် ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ယခုအခါ စာတည်းမှူးချုပ်ဟု သတ်မှတ်ခေါ်ဝေါ်သည်။
စာပေဗိမာန်၏ အုပ်ချုပ်ရေးမှူး ရာထူးကို ဒုတိယ အထွေထွေ မန်နေဂျာ၊ ညွှန်ကြားရေးမှူး (စာပေ)စသည်ဖြင့် ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ယခုအခါ စာတည်းမှူးချုပ်ဟု သတ်မှတ်ခေါ်ဝေါ်သည်။
 
၁၉၇၂ ခုနှစ်တွင် စနစ် အုပ်ချုပ်ရေး စတင်လာသောအခါ စာပေဗိမာန်သည် ဗဟိုပုံနှိပ်တိုက်နှင့် ပူးပေါင်းကာ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း ကော်ပိုရေးရှင်းဟူ၍ ဖြစ်လာသည်။ နောင်တွင် လုပ်ငန်းမပါရှိတော့ဘဲ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှင်းဟု ခေါ်တွင်သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့လက်ထက်တွင် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း ဖြစ်လာသည်။ စာပေဗိမာန် စာတည်းမှူးချုပ်၊ စာတည်းမှူး၊ စာတည်း (တာဝန်ခံ) များ၊ စာတည်းများနှင့် စာပေလက်ထောက်များ ပါဝင်သော စာတည်းဌာန၊ မန်နေဂျာ ဦးဆောင်သော အရောင်းဌာန၊ စာကြည့်တိုက်မှူး ဦးစီးသော ပြည်သူ့စာကြည့်တိုက်နှင့် ဌာနခွဲမှူး (စီမံ) တာဝန်ခံ ကြီးကြပ်ရေးဌာန ဟူ၍ ရှိသည်။
Line ၃၇ ⟶ ၃၆:
စာပေဗိမာန်သည် ၁၉၄၈ ခုနှစ်မှစ၍ စာပေဗိမာန် ဆုများကို ချီးမြှင့်ခဲ့ရာ ပထမတွင် စာပေဗိမာန် ဝတ္ထုရှည်ဆုကို သာ ချီးမြှင့်ခဲ့ရာမှ နောင်တွင် တစ်စ တိုးမြှင့်ပြီး ကဗျာပေါင်းချုပ်ဆု၊ ဝတ္ထုတို ပေါင်းချုပ်ဆု၊ ဘာသာပြန်ဆု၊ သုတပဒေသာဆု စသည်တို့ကိုပါ ချီးမြှင့်ခဲ့သည်။
 
စာပေဗိမာန်ကို ၁၉၆၃ ခုနှစ်တွင် အနုပညာဆိုင်ရာ စာပေဆုဟု အမည်ပြောင်းခဲ့ပြီး ၁၉၆၅ ခုနှစ်မှစ၍ [[အမျိုးသား စာပေဆု]] ဟု အမည်ပြောင်းခဲ့ရာ ယခုတိုင်အောင် ဖြစ်သည်။ ၁၉၆၉ ခုနှစ်မှစ၍ စာပေဗိမာန် စာမူဆု အမည်ရှိ ပြိုင်ပွဲတစ်ရပ်ကိုလည်း နှစ်စဉ်ကျင်းပပေးခဲ့သည်။ အမျိုးသား စာပေဆုတွင် ဝတ္ထုရှည်၊ ဝတ္ထုတို၊ ဝတ္ထုတိုပေါင်းချုပ်၊ ကဗျာပေါင်းချုပ်၊ ပြဇာတ်၊ နိုင်ငံရေးစာပေ၊ ဘာသာပြန် (ရသ) စာပေ၊ ဘာသာပြန် (သုတ) စာပေ၊ သုတပဒေသာ (ဝိဇ္ဇာ)၊ သုတပဒေသာ (ရိုးရိုးသိပ္ပံ)၊ သုတပဒေသာ (အသုံးချသိပ္ပံ)၊ မြန်မာ့ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ၊ စာပဒေသာ၊ ကလေးစာပေနှင့် လူငယ်စာပေ ဟူ၍ ဘာသာရပ်(၁၄) မျိုးရှိပြီး စာပေဗိမာန် စမူဆုစာမူဆု ပြိုင်ပွဲတွင် တစ်မျိုးစီသာ ရှိသဖြင့် ဘာသာရပ် (၁၂)မျိုးသာ ရှိသည်။
 
စာပေဗိမာန် စာတည်းအဖွဲ့ဝင်များသည် တပ်မတော်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် အမျိုးသားရေးဆောင်ပုဒ်များ အကောင်အထည်ဖော်ရေး စာပေနှင့် ဓာတ်ပုံပြိုင်ပွဲ၊ မှုခင်းကျဆင်းရေးစာပေနှင့် ကာတွန်းပြိုင်ပွဲ စသည်တို့တွင်လည်း ပါဝင် ဆောင်ရွက်ကြသည်။ စာပေဗိမာန်သည် ၁၉၇၂ ခုနှစ် နိုင်ငံတကာ စာအုပ်နှစ် အထိမ်းအမှတ် စာအုပ်ပြိုင်ပွဲ၊ ၁၉၇၅ ခုနှစ် စာနယ်ဇင်းတိုင်းခေတ်သမိုင်းပြပွဲ၊ ၁၉၈၅ ခုနှစ် စာနယ်ဇင်းခေတ်ကြေးမုံပြပွဲ စသော စာအုပ်စာပေနှင့် စာနယ်ဇင်းပြပွဲများကို ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ထည်ဝါ ခမ်းနား အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
Line ၄၃ ⟶ ၄၂:
ထို့ပြင် စာအုပ်ထုတ်ဝေရေး ဆိုင်ရာနှင့် စာနယ်ဇင်း ထုတ်ဝေရေး ဆိုင်ရာ သင်တန်းများကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။ အဆင့်မြင့်သော နိုင်ငံများ၏ နိုင်ငံပိုင် စာပေထုတ်ဝေရေး ဌာနများသည် စွယ်စုံကျမ်းများကို ထုတ်ဝကြေစမြဲဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း စာပေဗိမာန်သည် အကြောင်းရပ် (က) မှ (ကုံ) အထိ ပါဝင်သော မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) ကို ၁၉၅၄ ခုနှစ်တွင် စတင်ထုတ်ဝေနိုင်ခဲ့ပြီး အကြောင်းရပ် (အ) မှ (အွန်) အထိ ပါဝင်သော နောက်ဆုံးအတွဲဖြစ်သည့် မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅) ကို ၁၉၇၆ ခုနှစ်တွင် ထုတ်ဝေနိုင်ခဲ့သည်။ ထို့နောက် ခေတ်နှင့်အညီ ဖြစ်ပေါ်လာသော အကြောင်းရပ်များကို ဖြည့်စွက်ဖော်ပြသော မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ် ကို ၁၉၇၈ ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ရာ ယခုအခါ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၀၈) အထိ ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ သုတေသီများ ကိုးကားရသော ကျမ်းတစ်အုပ်ဖြစ်သည်။
 
စာပေဗိမာန်ကို စတင်တည်ထောင်စဉ်ကပင် လုံးချင်းစာအုပ်များကို ထုတ်ဝေခဲ့သည်။ သို့သော် ထိုစဉ်က ပြည်သူ့လက်စွဲစာစဉ်ဟု မခေါ်ဝေါ်ခဲ့ပေ။ ၁၉၆၀ ပြည့်နှစ်တွင် စာတတ်မြောက်ခါစ ပုဂ္ဂိုလ်များ ဖတ်ရှုနိုင်ရန် ပုံနှိပ်စာလုံး ကြီးကြီးမည်းမည်း နှင့် ရိုက်နှိပ်ထားသော စာအုပ်ကလေးများကို စာပေဗိမာန်က ထုတ်ဝပြေီး ပြည်သူ့လက်စွဲစာစဉ် ဟူ၍ အမည်ပေးခဲ့သည်။ ထိုအခါမှ စ၍ စာပေဗိမာန် စာအုပ်အသင်းလည်း ပေါ်ပေါက်လာခဲ့သည်။ စာပေဗိမာန် စာအုပ်အသင်းသို့ ဝင်ရောက်လိုသူများသည် သတ်မှတ်ထားသော ပုံစံတွင် ဖြည့်စွက်ပြီး နှစ်စဉ်ကြေး ပေးသွင်းပါက အသင်းဝင် ဖြစ်လာပြီး တစ်လလျင် စာအုပ်တစ်အုပ် အခမဲ့ရရှိသည် ဖြစ်သည်။ ယခုအခါ စာပေဗိမာန် စာအုပ် အသင်းဝင် ဦးရေ (၁၅ယဝဝဝ) ခန့်ရှိသည်။ စာပေဗိမာန် ပြည်သူ့လက်စွဲစာစဉ်မှ စာအုပ်ငါးမျိုး ပုံနှိပ်ထုတ်ဝေလျက်ရှိပြီး တစ်မျိုးကို စာအုပ်အသင်းဝင်များသို့ ဖြန့်ဝေကာ အခြားလေးမျိုးကို စာပေဗိမာန် စာအုပ်ဆိုင်တွင် တင်၍ ရောင်းချသည့် အပြင် နယ်ကိုယ်စားလှယ်များ ထံသို့လည်း ဖြန့်ချီပေးသည်။ ပြည်သူ့လက်စွဲစာအုပ်များသည် များသောအားဖြင့် စာပေဗိမာန်စာမူဆု၊ ပခုက္ကူဦးအုံးဖေ စာမူဆု၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် အမျိုးသား ဆောင်ပုဒ်များ အကောင်အထည်ဖော်ရေး စာပေပြိုင်ပွဲတို့မှ ဆုရရှိကြသော စာမူများကို ပုံနှိပ်ထားခြင်း ဖြစ်သည်။
ထိုအခါမှ စ၍ စာပေဗိမာန် စာအုပ်အသင်းလည်း ပေါ်ပေါက်လာခဲ့သည်။ စာပေဗိမာန် စာအုပ်အသင်းသို့ ဝင်ရောက်လိုသူများသည် သတ်မှတ်ထားသော ပုံစံတွင် ဖြည့်စွက်ပြီး နှစ်စဉ်ကြေး ပေးသွင်းပါက အသင်းဝင် ဖြစ်လာပြီး တစ်လလျင် စာအုပ်တစ်အုပ် အခမဲ့ရရှိသည် ဖြစ်သည်။ ယခုအခါ စာပေဗိမာန် စာအုပ် အသင်းဝင် ဦးရေ (၁၅ယဝဝဝ) ခန့်ရှိသည်။
စာပေဗိမာန် ပြည်သူ့လက်စွဲစာစဉ်မှ စာအုပ်ငါးမျိုး ပုံနှိပ်ထုတ်ဝေလျက်ရှိပြီး တစ်မျိုးကို စာအုပ်အသင်းဝင်များသို့ ဖြန့်ဝေကာ အခြားလေးမျိုးကို စာပေဗိမာန် စာအုပ်ဆိုင်တွင် တင်၍ ရောင်းချသည့် အပြင် နယ်ကိုယ်စားလှယ်များ ထံသို့လည်း ဖြန့်ချီပေးသည်။ ပြည်သူ့လက်စွဲစာအုပ်များသည် များသောအားဖြင့် စာပေဗိမာန်စာမူဆု၊ ပခုက္ကူဦးအုံးဖေ စာမူဆု၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် အမျိုးသား ဆောင်ပုဒ်များ အကောင်အထည်ဖော်ရေး စာပေပြိုင်ပွဲတို့မှ ဆုရရှိကြသော စာမူများကို ပုံနှိပ်ထားခြင်း ဖြစ်သည်။
 
ကလေးများ ဖတ်ရှုနိုင်ရန် အပတ်စဉ် ရုပ်ပြစာစောင် တစ်ခု ထုတ်ဝေသင့်ကြောင်း ၁၉၆၈ ခုနှစ်တွင် နိုင်ငံတော် အကြီးအကဲက စာပေဗိမာန်သို့ လမ်းညွှန်ခဲ့ခြင်း ဖြစ်သည်။ ယင်းလမ်းညွှန်ချက်အရ စာပေဗိမာန်က ၁၉၆၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှစ၍ ရွှေသွေးစာစောင်ကို အပတ်စဉ် ထုတ်ဝေခဲ့သည်။ ယခု ၁၉၉၇ ခုနှစ်တွင် နှစ် ၄၀ သက်တမ်းရှိပြီ ဖြစ်သည်။ ရွှေသွေး အထူးထုတ် စာစောင်ကိုလည်း နှစ်စဉ် ထုတ်ဝေလျက် ရှိသည်။