ဒုံးလွှတ်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၁၃ -
ပဒေသရာဇ် အုပ်စိုးစဉ်က မိုင်းကိုင်စော်ဘွားသည် ယမ်းပိဿာချိန် (၆၀)ရှိသည့် ဒုံးကို ပြုလုပ်ပြီး တောင်ကြီးမြို့တွင် လာလွှတ်ရန် ပြင်ဆင်သည်ဟု ဆို၏။ တောင်ကြီးမြို့သို့ ရောက်သောအခါ တောင်ကြီးမြို့တွင် အုပ်ချုပ်နေသည့် အင်္ဂလိပ်မင်းကြီးက “လွှတ်တာတော့ ဟုတ်ပြီ၊ ဘယ်မှာလွှတ်မှာလဲ၊ လွှတ်ဖို့နေရာ ရှိသလား´´ ဟု မေးရာ မိုင်းကိုင်စော်ဘွားက မည်သည့်ဘက်ကို ဦးတည်ရမှန်းမသိ ဖြစ်နေ၏။ အရမ်းလွှတ်လှျင် ရွာရှိရာနေရာကို ကျပါက မီးဘေးကို စိုးရိမ်ရ၍ ယမ်းပိဿာ (၆၀)ရှိသည့် ဒုံးကို မိုင်းကိုင်သို့ ပြန်ယူကာ ပြန်လွှတ်ရသည် ဟူ၏။
 
`ဒုံး´ ကို ရှမ်းတို့က `လုဖိုင်´ ဟုခေါ်၏။ `လု´မှာ ရှမ်းဘာသာ စကားဖြစ်ပြီး `အလုံး´ဟု အဓိပ္ပါယ်ရသည်။ `ဖိုင်´မှာ `မီး´ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် `လုဖိုင်´မှာ မြန်မာလို (မီးလုံး)ဟု ဆိုနိုင်ပေသည်။ `ပွယ်လုဖိုင်´သည် မီးလုံးပွဲဟု ဆိုနိုင်သည်။ ဒုံးကို ပအို်ဝ်းတို့ကလည်း `လုဖိုင်´ဟုပင် ခေါ်၏။ ရှမ်းပြည်နယ်တွင် နေထိုင်ကြသည့် အခြားလူမျိုး များကမူ ဒုံးကို `မီးရှူး´ဟု လည်းကောင်း၊ `မီးကျည်´ဟု လည်းကောင်း ခေါ်ကြသည်။ ဒုံးလွှတ်ပွဲကိုလည်း `မီးရှူးပွဲ´၊ `မီးပွဲ´ဟု ခေါ်ကြသည်။
 
== ပျံ့နှံ့ပုံ ==