နက္ခတ္တဗေဒ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂြိုလ် +ဂြိုဟ်)
စာကြောင်း ၆ -
ရှေးဟောင်းခေတ် နက္ခတ္တဗေဒ ပညာရှင်များမှာ ညဖက်တွင် လမ်းကြောင်းရှာရန်လိုအပ်သော ကုန်သည်များ နှင့် သင်္ဘောသားများတို့ဖြစ်သည်။ ထို့အတူ လယ်သမားများအနေနှင့်လည်း စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန် နှင့် ရေကြီးမည့်အချိန်ကို အချို့သော နက္ခတ်တို့ ပေါ်ပေါက်လာမှုနှင့် သူတို့၏ ပုံသဏ္ဌန်ကို ကြည့်ရှုခြင်းဖြင့် ကြိုတင်ခန့်မှန်းရန်ကြသည်။ [[စတုန်းဟင်းချ်]] နှင့် မြောက်အမေရိက ရှေးဦးလူမျိုးစုတို့၏ ဆေးဝါးဘီးများ စသည်တို့ကို တည်ဆောက်သော ရှေးခေတ်လူတို့သည် ကောင်းကင်ကို ဘာသာရေး သို့ အထွတ်အမြတ်ထားသော အနေဖြင့် လေ့လာနိုင်သည်ဟု ယူဆရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အနေဖြင့် လ၏သွားလာပုံ၊ နေ၏ ရာသီပေါ်မူတည်၍ မြောက်ဖက်နှင့် တောင်ဖက်ဆုံးနေရာ နှင့် အခြားအချက်အလက်များကို သူတို့၏ တည်ဆောက်မှုအတွက် လိုအပ်သောကြောင့်ဖြစ်သည်။
 
ဗေဒင်ဆရာတို့သည် လူတစ်ယောက်မွေးဖွားချိန်တွင် ကောင်းကင်၌ရှိသော ဂြိုလ်များကိုဂြိုဟ်များကို လေ့လာခြင်းဖြင့် ရှေ့ဖြစ်ကို ဟောနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ဗေဒင်ပညာကို ယနေ့ခေတ်တွင် သိပ္ပံပညာအဖြစ် မယူဆသော်လည်း ရှေးခေတ်အခါကမူ ဗေဒင်ပညာ နှင့် နက္ခတ္တပညာတို့သည် နီးစပ်စွာ ဆက်နွယ်နေကြပြီး လူတို့သည် သူတို့မြင်သမျှအရာတို့ကို ဂရုတစိုက်မှတ်တမ်းရေးကြသည်။ ထိုမှတ်တမ်းတို့သည် လွန်ခဲ့သော ရာစုနှစ် ၂ ခုအတွင်း နက္ခတ္တဗေဒပညာရှင် တို့အတွက် [[စကြာဝဠာ]]ကို နားလည်ရန်ကြိုးစာရာတွင် အလွန်ပင် အရေးကြီးသည်။
 
== နက္ခတ္တဗေဒ၏ သမိုင်း ==
ရှေးခေတ်လူတို့သည် [[တယ်လီစကုပ်]] နှင့် မှန်ပြောင်းများ မပေါ်မီတွင် ကြယ်များကိုလေ့လာရန် သာမန်မျက်စိကိုသာ အသုံးပြုကြသည်။ လူတို့သည် [[အင်္ဂါဂြိုဟ်]] နှင့် [[သောကြာဂြိုဟ်]] အစရှိသော အချို့သော ဂြိုလ်တို့ဂြိုဟ်တို့ နှင့် [[ကမ္ဘာ]]၏ဂြိုဟ်ရံ ဖြစ်သော[[လ]]ကို လေ့လာခဲ့ကြသည်။ လူတို့သည် ကြယ်တို့၏ တည်နေရာ နှင့် ရွေ့လျားပုံတို့ကို မြေပုံရေးဆွဲ၍ ရေကြောင်းသွားလာရေးအတွက် အသုံးပြုကြသည်။ရှေးခေတ်နက္ခတ္တဗေဒ ပညာရှင်တို့က နေနှင့် ကြယ်တို့သည် ကမ္ဘာကိုလှည့်ပတ်၍ သွားလာနေသည်ဟု ထင်မြင်ယူဆကြသည်။ နှစ်ပေါင်း ရာပေါင်းများစွာပင် အားလုံးက ထိုသို့ထင်မြင်ယူဆကြသည်။ ထို့နောက်တွင် Renaissance ဟုခေါ်သော အချိန်ကာလ၌ နီကိုလပ်စ် ကော့ပါးနိကပ်စ် မှ [[ကမ္ဘာ]]သည် [[နေ]]ကိုလှည့်ပတ်သွားလာနေကြောင်း သက်သေပြခဲ့သည်။ ကမ္ဘာနှင့် ဂြိုဟ်များ နေကို လှည့်ပတ်သွားလာနေသော [[နေအဖွဲ့အစည်း]]ဆိုသည့် ယူဆချက်ကို [[ကော်ပါးနိကပ်စ်]] မှ စတင်ခဲ့ခြင်းဖြစ်သည်။
 
[[File:Galileo moon phases.jpg|thumb|right| [[ဂယ်လီလီယို]] ရေးဆွဲခဲ့သော လ၏ပုံများ။ ထိုပုံများမှာ [[တယ်လီစကုပ်]]မှ ကြည့်၍ ရေးဆွဲထားသဖြင့်ယခင်ရှိခဲ့သောပုံများထက် ပို၍ အသေးစိတ်ကျသည်။]]