စန္ဒရား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်)
စာကြောင်း ၂ -
[[File:Steinway Vienna 011.JPG|thumb|250px|စန္ဒရားတစ်ခု]]
ယခုခေတ် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဂီတ တူရိယာများတွင် စန္ဒရား(Piano)သည် လူကြိုက်အများဆုံးနှင့် အရေးအပါဆုံးသော ကြိုးတပ်တူရိယာတစ်ခုဖြစ်ပေသည်။ ကြိုးတပ်တူရိယာဟုပင် ဆိုသော်လည်း၊ စန္ဒရားမှာ အခြားသောကြိုးတပ်တူရိယာများကဲ့သို့ မဟုတ်ဘဲ၊ ခလုတ်နှိပ်ယန္တရားတပ်ဆင်၍ တီးရသောကြောင့် လက်ချောင်း တစ်ချောင်းလျှင် အသံတစ်သံ နှိပ်လေရာ၊ လက်ဆယ်ချောင်းဖြင့် ဆယ်သံပြိုင်အထိ တစ်ကြိမ်တည်း တီးနိုင် သော တူရိယာဖြစ်သည်။ [[ပတ္တလား]]၊ [[စောင်းကောက်|စောင်း]]၊ [[ဒုံမင်း]] စသည့် အသံစဉ် တူရိယာများမှာ စန္ဒရား အသံစဉ်နှင့်တူကြသော်လည်း၊ လက်တစ်ဖက်မှ တစ်ကြိမ်လျှင် တစ်သံသာ တီးခတ်နိုင်သော ကြောင့် စန္ဒရားကဲ့သို့ သံပြိုင်တွဲများပြားကျယ်ဝန်းစွာ မရချေ။
[[File:Broadwood grand square action.svg|thumb|150px|ဘော့ဝု လေးထောင့် စန္ဒရား၏ လှုပ်ရှားမှုသဏ္ဍာန်လှုပ်ရှားမှုသဏ္ဌာန်]]
 
စန္ဒရားမှာ အသံပြိုင်အသံတွဲများပြားကျယ်ဝန်းရုံမက အသံပြောင်း အသံလွှဲများတွင် အကူးအပြောင်း လွယ်ကူလျင်မြန်လှ၍၊ အခြားသော ကြိုးတူရိယာနှင့် တီးခတ် တူရိယာများ