တမာပင်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
I did correction to wrong spellings. စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်) |
||
စာကြောင်း ၁၄ -
| synonyms = ''Antelaea azadirachta'' (L.) Adelb.
}}
ရုက္ခဗေဒအလိုအားဖြင့် တမာပင်သည် 'မီလီယေစီအီး'မျိုးရင်းတွင် ပါဝင်၍၊ ယင်းကို'အဇက် ဒီရက်ခတာ အင်ဒီကာ'ဟုခေါ်သည်။ မြန်မာများက ယင်းကို သင်္ဘောတမာခါးဟုလည်း ခေါ်ကြသေးသည်။ တမာပင်သည် အမြဲစိမ်းအပင်မျိုးဖြစ်၏။ အမြင့်မှာ ပေ ၅ဝ ရှိ၍၊ အရွက်များနှင့် အုပ်ဆိုင်းဆိုင်းရှိသော အပင်ကြီး တစ်မျိုးဖြစ်သည်။ ရွက်တံတစ်ခုတွင် အစိမ်းရင့်ရောင်ရှိသော အရွက်ကလေးများ ၁ဝ တွဲခန့်ပါရှိသည်။ ယင်းတို့သည် ရွက်လွှဲများ ဖြစ်ကြသည်။
တမာပင်သည် သဘာဝအလျောက် ပေါက်ရောက်သည်။ အတော်အသင့်လျင်မြန်စွာ ကြီးပြင်းလာနိုင်သော အပင်မျိုးဖြစ်သည်။ တမာပင်သည် နုံးမြေကို ပိုမိုနှစ်သက်သော်လည်း၊ မည်သည့်မြေမျိုးတွင်မဆို ဖြစ်ထွန်းနိုင်သည်။ ရေငွေ့ကိုလည်း များများမလိုချေ။ ထိုကြောင့်မိုးခေါင်ရေရှားရပ်ဝန်း၌ လမ်းဘေးတွင် စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်သည်။ တမာပင်ကို စိုက်ပျိုးရန်အကောင်းဆုံးနည်းမှာ ပျိုးခင်းတွင် မျိုးစေ့များကို ပျိုးပြီးလျှင်၊ ပေါက်လာသော အပင်ပေါက်ကလေးများကို အလိုရှိသောနေရာသို့ ရွေ့ပြောင်းစိုက်ပျိုးခြင်းဖြစ်သည်။ မိုးတွင်း၌ မှည့်လာသော မျိုးစေ့များ မြေပေါ်သို့ မကြွေကျမီ စိုက်ပျိုးသင့်သည်။ အဘယ်ကြောင့်ဆိုသော် မျိုးစေ့များသည် လျင်မြန်စွာ ပျက်စီးသွားတတ်ခြင်းကြောင့် ဖြစ်သည်။ မျိုးစေ့များကို ပျိုးသည့်အချိန်သည် မိုးရွာနိုင်သောအချိန်ဖြစ်
လျှင်၊ ရေလောင်းပေးရန်မလိုချေ။ တမာပင်ကို လမ်းဘေးတွင် စိုက်ပျိုးလျှင် တပင်နှင့်တပင်ကို ပေ ၃ဝ စီ ခြားထားသင့်သည်။
|