အဟ်မဒ်ကာစင်မ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဘိဓါန် +အဘိဓာန်)
စာကြောင်း ၈ -
အင်္ဂလိပ်စာပေတို့တွင် ကျွမ်းကျင်သည်။ ကုရ်အာန်ဘာသာပြန်ဆိုမူနှင့် ပတ်သက်၍ အများဆုံး အကြံဉာဏ်ပေးခဲ့သည်။
 
ထို့အပြင် မြန်မာနိုင်ငံ အစ္စလာမ်စာပေသမိုင်းတွင် အရဗီဘာသာစကားနှင့်စပ်လျဉ်းသည့် ပထမဆုံး အဘိဓာန်ကြီးဖြစ်သော ''ကုရ်အာန်ကျမ်းတော်ကြီး အရဗီ၊ အင်္ဂလိပ်၊ မြန်မာအဘိဓါန်မြန်မာအဘိဓာန်'' (၁၉၄၁)ကိုလည်း ကြီးကြပ်စစ်ဆေးပေးခဲ့သည်။ ထိုအဘိဓာန်ကို ဒေါက်တာ ဟာဂျီ အဗ္ဗဒူလ်ဂဖူရ်(ခ)ဦးဘချို၊ မော်လဝီ မုဟမ္ဓဒ် ရဟမတွလ္လာဟ်ဆပ်၊ မော်လဝီ အဗ္ဗဒူရာမန်နဒ်ဝီဆပ်တို့က ဘာသာပြန်ဆိုသည်။ စင်္ကာပူမြို့ အငြိမ်းစား တရားသူကြီး အလ်ဟာဂျ်ဟာဖိဇ် ဂိုလာမ်ဆာရ်ဝါရ(M.A) အင်္ဂလိပ်ဘာသာဖြင့် ပြုစုခဲ့သည့် အရဗီ-အင်္ဂလိပ်အဘိဓါန်ကိုအင်္ဂလိပ်အဘိဓာန်ကို အခြေခံပြီး မြန်မာပြန်ဆို ဖြည့်စွက်ပြုစုခြင်းဖြစ်သည်။ ထိုအဘိဓာန်ကို ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာရပ် ပါမောက္ခ ဆရာကြီးခါန်ဆာဟစ်ဘ် အဟ်မဒ် ကာစင်မ်က ကြီးကြပ်စစ်ဆေးသည်ဟု ဖော်ပြထားသည်။ ဆရာကြီးသည် ၁၉၂၃ ခု နိုဝင်ဘာ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာဌာန ကြီးကြပ်သူ အဖြစ်ဆောင်ရွက်ခဲ့သည်။ ပညာရေးလောက၌ နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သည်။ နောက်ပိုင်းတွင် ပါဋ္ဌိဌာန၌ ပါမောက္ခအဖြစ် အမှုထမ်းခဲ့သည်။ အသက် ၆၅ နှစ်အရွယ် ၁၉၅၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် နှလုံးရောဂါဖြင့်
ကွယ်လွန်ခဲ့သည်။