မြန်မာ့သမိုင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၀ -
တိဗက်တို့က မောင်းထုတ်သဖြင့် ယူနန်ပြည်နယ်သို့ ပြောင်းကြသည်။ ထိုအချိန်တွင် ယူနန်နယ်တွင် အင်အားကြီးမား လာသည့် တိုင်းရှမ်းများသည် ပြည်နယ်ကြီး ၆ ခုကို နန်ချိုနိုင်ငံ အဖြစ် ပထမဆုံးသိမ်းသွင်းနေသည့် ကာလဖြစ်သည်။ မြန်မာလူမျိုးများသည် ယူနန်နယ်တွင် နန်ချိုတိုင်း ရှမ်းများနှင့် နှစ်အတန်ကြာ နေထိုင် လာခဲ့ကြသည်ဟု ယူဆရသည်။
 
တရုတ်ရာဇဝင် ဆရာကြီး ဖန်ချုံ ၏မှတ်တမ်း၌ ငှင်းတို့၏ အကြီးအကဲအား မင်းဟု ခေါ်ဝေါ်ကြောင်း တိုင်းရှမ်းများက စောမင်းဟု ခေါ်ဝေါ်ကြောင်း ရေးသားထားသည်။ ယင်းသို့ နန်ချို တိုင်း​​ရှမ်းများ၏ လက်အောက်တွင် နေထိုင်ရာမှ တိုင်း ရှမ်းတို့၏ ဖိနှိပ်မှုအား မခံနိုင်သဖြင့် မြန်မာနိုင်ငံ တွင်းသို့ဝင်ရောက်လာကြသည်။
 
မြန်မာနိုင်ငံသမိုင်းနှင့် ပတ်သက်၍ အကြားအမြင်များသည့် သမိုင်းဆရာ ဂေါ်ဒွင်လုစ်၏ အဆိုအရ မြန်မာများသည် ရှေးဦးစွာ ကျောက်ဆည်နယ်သို့ ဝင်ရောက်လာပြီး မြန်မာနိုင်ငံ အလယ်ပိုင်းသို့ ပြန့်နှံ့သွားသည်ဟု ဆိုသည်။ မြန်မာတို့ ရာစုနှစ် အနည်းငယ်အတွင်း အခြေစိုက်နိုင်ခြင်းမှာ မြန်မာတို့၏ အစွန်းအစအပြင် ထိုအချိန် ကာလတွင် နန်ချို တိုင်းရှမ်းတို့၏ တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး ၊ တိုင်းပျက်ပြည်ပျက်နှင့် အုပ်ချုပ်ရေး ပျက်သုဉ်းရုံသာမက ကုန်ထုတ်လုပ်ငန်းများပါ ပျက်ပြားပြီး ရပ်တည်ရာမရ ကစင့်ကလျား ဖြစ်နေသည့် [[ပျူလူမျိုး]]များနှင့် ရောထွေးနေ ထိုင်ရာမှ ရာစုနှစ် အနည်းငယ်ခန့်အတွင်း ပျူလူမျိုးများနှင့် သွေးရောနှောသွားကြပြီး လူမျိုးကြီးနှစ်မျိုး ပေါင်းစပ်လိုက်ကြသဖြင့် စိုက်ပျိုးရေး ၊ ကုန်ထုတ်လုပ်ငန်းများ ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု စသည်ဖြင့် အစစအရာရာ တိုးတက်ဖွံ့ဖြိုး လာပြီး ကိုးရာစုနှင့် ဆယ်ရာစုခန့်လောက်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအား စည်းလုံးသိမ်းသွင်းပြီး ပုဂံပြည်နှင့် ပုဂံမင်းဆက်ကို စတင် တည်ထောင်လေသည်။