ဆင်ဖြူတော်: တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၄ နှစ်
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
အရေးမကြီး (→‎စကားပုံ)
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်))
 
===ပုဂံခေတ်===
အနော်ရထာမင်းလက်ထက် (အေဒီ ၁ဝ၄၄ - ၁ဝ၇၇)တွင် အေဒီ ၁ဝ၅၄ခုနှစ်၌ သထုံသို့ ချီတက်၍ မနူဟာမင်း ဆက်သသော ပိဋကတ်တော်များ၊ ဘုရားဆင်းတုတော်များ၊ ဓါတ်တော်များကိုဓာတ်တော်များကို ဆင်ဖြူတော် ၃၂စီးဖြင့် ပုဂံနေပြည်တော်သို့ ပင့်ဆောင်ခဲ့ကြောင်း တွေ့ရသည်။ ထို့ပြင် သရေခေတ္တရာခေတ် ဒွတ္တဘောင်မင်း တည်ခဲ့သော စေတီတော် ပြိုပျက်ရာမှ ဘုရားဖူး သင်းကျစ်တော် ရခဲ့ရာ ရတနာအတိပြီးသော ဆင်ဖြူတော်ဖြင့် ပင့်ဆောင်ခဲ့ကြောင်း၊ သီရိလင်္ကာနိုင်ငံမှ ပင့်လာသော ဗုဒ္ဓစွယ်တော်ကိုလည်း ‘ပုလဲပြုံး’ အမည်ရှိ ဆင်ဖြူတော်တွင် ပြာသာဒ်နှင့် တင်ဆောင်ကာ အဓိဋ္ဌာန်ပြုလွှတ်ရာတွင် ယနေ့ ရွှေစည်းခုံ စေတီတော် တည်ရှိရာ သဲခုံတွင် လည်းကောင်း၊ တန့်ကြည်တောင်ထိပ်တွင် လည်းကောင်း၊ တုရင်တောင်တန်းပေါ်တွင် လည်းကောင်း၊ ကျောက်ဆည်အနီးရှိ ပြက္ခရွှေတောင်ထိပ်တွင် လည်းကောင်း ဆင်ဖြူတော်ဝပ်သော နေရာများကို စွယ်တော်စေတီများ တည်ခဲ့ကြောင်း ဘုရားသမိုင်းများတွင် ဖော်ပြထားသည်။ အနော်ရထာမင်းသည် ဆင်ဖြူတော်ပေါင်း ၃၈စီး ပိုင်ဆိုင်ကြောင်း ရာဇဝင်ကျမ်းများ၌ ဖော်ပြထားသည်။
 
အနော်ရထာမင်းကို ဆက်ခံခဲ့သော ကျန်စစ်သားမင်း၊ သူ့ကိုဆက်ခံသော မြေးတော် အလောင်းစည်သူမင်းတို့သည် ဆင်ဖြူရှင်များ ဖြစ်ကြောင်း ကျောက်စာများ၌ ဖော်ပြထားသည်။ အလောင်းစည်သူမင်း ရေးထိုးသော ရွှေမုဋ္ဌော ကျောက်စာတွင် ‘ဆင်ဖြူတော် ၃၆စီး သခင်ဖြစ်သော အလောင်းစည်သူမင်းကြီး’ ဟု ဖော်ပြထားသည်။