ရှင်ယောဟန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၇ -
ရှင်ယောဟန်သည် ခရစ်ယာန်ဘာသာ အတွက် လွန်စွာမှ အရေးပါသော ပုဂ္ဂိုလ်ဖြစ်လေသည်။ လေးခုမြောက်သော ခရစ်ဝင်ကျမ်းအပြင် ”ရှင်ယောဟန် ဩဝါဒစာ”၊ ”ဗျာဒိတ်ကျမ်း“ တို့ကို ရေးသားခဲ့လေသည်။ ကျမ်းစာပညာရှင် တစ်ချို့က ထိုကျမ်းများအားလုံးကို ရှင်ယောဟန် ကိုယ်တိုင် ရေးသားခြင်းကို သံသယရှိသော်ငြားလည်း ရှင်ယောဟန်၏ ခရစ်ယာန်သမိုင်း၌ ပါဝင် ပေးဆပ်ခဲ့မှုများကိုကား ငြင်းနိုင်လိမ့်မည်မဟုတ်ချေ။ ကျမ်းစာများ၌ ရှင်ယောဟန်နှင့် ယာကုပ်တို့အား အခြားသော တမန်တော်များထက် ပို၍ အရေးပါအရာရောက်သော သူများအဖြစ် ဇောင်းပေးဖေါ်ပြခဲ့သည်။
 
ရှင်ယောဟန်သည် တရားဇရပ်မှူး သမီးအား ရှင်သန်ထမြောက်စေသည့် အချိန်၌ ခရစ်တော်နှင့်အတူ ရှိနေခဲ့သည်။ ခရစ်တော် Tabor တောင်ပေါ်၌ အဆင်းသဏ္ဌာန်ပြောင်းချိန်၌လည်း ရှိနေခဲ့သည်။ ခရစ်တော် အဖမ်းမခံရမှီ ဂေသရှင်မာန် ဥယျာဉ်၌ ဆုတောင်း နေစဉ်အချိန်၌လည်း ခရစ်တော်နှင့် အတူ ရှိနေခဲ့သည်။ သူသည် ခရစ်တော်ရှင်ပြန်ထမြောက်သည် ကို အကြွင်းမရှိယုံကြည်ခဲ့သော တမန်တော်များအနက် တစ်ပါးအပါအဝင်ဖြစ်ပြီး ဂနေငျ်သရက်(Gennesaret) ကမ်းစပ်၌ ခရစ်တော်မှ ကိုယ်ထင်ပြစဉ် သခင့်အား ပထမဦးဆုံး မှတ်မိသိရှိသူဖြစ်သည်။ သမိုင်းဓါတ်ပုံများကိုသမိုင်းဓာတ်ပုံများကို ကြည့်ရှု့လိုလျင် မြင့်မြတ်သောနေရာသို့ အလယ်တစ်ခေါက်ကို ကြည့်ရှု ပါ။
 
ကျမ်းစာထဲ၌ ဖော်ပြထားချက်များမှ လွဲ၍ ရှင်ယောဟန်၏ အခြားသော အကြောင်းများကို သိရှိရန် မလွယ်ကူလှ။ သူဘယ်သူဘယ်ဝါ အတိအကျကိုသော်လည်းကောင်း၊ သူ၏ သက်မွေးဝမ်းကြောင်း ကို သော်လည်းကောင်း မသိရပေ။ တမန်တော်ကြီးရှင်ပေါလုက ရှင်ယောဟန်သည် ကနဦး ဂျေရုဆလင် အသင်းတော်အား တည်ထောင်ရာတွင် အခြေခံအုတ်ဖြစ် ဖြစ်ခဲ့သည်ဟု ဆိုသည်။ ဆိုရိုးစကားများအရ ကနဦး အသင်းတော်များကို တည်ထောင်ခဲ့သော၊ စမုရန(Smyrna) အသင်းတော်ကြီး၏ ဘုန်းတော်ကြီး ဖြစ်ခဲ့သော ပိုလီကပ်(Polycarp) ကို ရှင်ယောဟန်ကိုယ်တိုင် သင်ကြားပေးခဲ့သည်။ သို့ဖြစ်၍ ကနဦးအသင်းတော်များသည် ပိုလီကပ်၊ ရှင်ယောဟန် ကဲ့သို့သော တမန်တော်များမှတဆင့် ခရစ်တော်နှင့် ဆက်နွယ်ခဲ့လေသည်။