ကော်ဖီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
No edit summary
စာကြောင်း ၈၈ -
==ကော်ဖီနှင့် ကျန်းမာရေး==
ကော်ဖီသည် ကျန်းမာရေးအတွက် နည်းလမ်းအချို့ဖြင့် အကျိုးပြုသည်။ ဥပမာ - အမျိုးသား ၄၆၀၀၀ ကျော်အား လေ့လာမှုတစ်ခုအရ တစ်နေ့လျှင် ကော်ဖီ (၂-၃) ခွက် သောက်သူ အမျိုးသားများတွင် သည်းခြေအိတ် ကျောက်တည်ရောဂါဖြစ်နှုန်း ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ လျှော့ကျသွားကြောင်း၊ ၄ ခွက်ထက် ပိုသောက်လျှင် ၅၀ ရာခိုင်နှုန်းအထိ လျှော့ကျကြောင်း တွေ့ရှိခဲ့ရသည်။ ဤသို့သော ကျန်းမာရေးအကျိုးပြုမှုများ ကော်ဖီတွင် ပါရှိသည်။ သို့သော် ကော်ဖီကို ဖြည့်စွက်အာဟာရအနေဖြင့် မသုံးထိုက်ပါ။ ကော်ဖီတွင် ပါရှိသော ကဖိန်းဓာတ်သည် အလွန်အကျွံသောက်လျှင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ များများသောက်လျှင် သွေးတိုးခြင်း၊ ရင်တုန်ခြင်း၊ ကတုန်ကရင်ဖြစ်ခြင်း၊ စိတ်မငြိမ်မသက်ဖြစ်ခြင်း စသည့် ဆိုးကျိုးများကို ခံစားရသည်။ ထို့ကြောင့်ပင် အထက်တွင်ဖော်ပြခဲ့သော အစီရင်ခံစာ၌ ထိုကဲ့သို့ ဆိုးကျိုးများရှိသဖြင့် ကျောက်တည်ရောဂါကာကွယ်ရန် အသုံးပြုဖို့ မထောက်ခံကြောင်း ဆက်လက်တင်ပြထားသည်။<ref>သက်ရှည်ကျန်းမာ မြန်မာ့အစာ (ဒေါက်တာမြင့်မြင့်ခင်)</ref>
 
==မြန်မာ့ကော်ဖီ==
မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှုသည် ၂၀၁၈ခုနှစ်နှင့် ၂၀၂၀ပြည့်နှစ်အကြားဧကနှစ်သိန်းထိရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်။ ခန့်မှန်းတွက်ချက်ထားသခဲ့သို့ မြန်မာနိုင်ငံ၏ ကော်ဖီ စိုက်ပျိုးမှုကို တိုးချဲ့ဆောင်ရွက်နိုင်ပါက ၂၀၃၀ပြည့်နှစ်တွင်မြန်မာနိုင်ငံ၏[[ကော်ဖီ]]စိုက်ပျိုးထုတ်လုပ်မှုသည်တန်ချိန်ခြောက်သောင်းအထိရှိလာမည်ဖြစ်သည်။ မြန်မာနိုင်ငံထွက်ကော်ဖီတို့ကို [[အမေရိကန်နိုင်ငံ]]၊[[ဥရောပ]]၊[[ဂျပန်နိုင်ငံ]]၊[[ကိုရီးယားသမ္မတနိုင်ငံ|တောင်ကိုရီးယားနိုင်ငံ]]၊[[ထိုင်းနိုင်ငံ]]၊[[တရုတ်နိုင်ငံ]]နှင့်[[ထိုင်ဝမ်]]သို့တင်ပို့ရောင်းချလျက်ရှိပါသည်။ယခုနှစ်၌ မြန်မာ့ကော်ဖီတို့ကို စျေးကွက်သစ်များဖြစ်သည့်[[ဗြိတိန်]]၊[[ဩစတြေးလျနိုင်ငံ|သြစတြေးလျ]]နှင့် [[အိုက်စလန်နိုင်ငံ]]တို့ကိုပါ တင်ပို့နိုင်ခဲ့ပါသည်။အမေရိကန်နိုင်ငံကဲ့သို့သော တင်ပို့သည့် အရည်သွေးမြင့် မြန်မာကော်ဖီသည် တစ်တန်လျင် အမေရိကန်ဒေါ်လာ ၇၀၀၀ခန့်ရရှိပါသည်။လက်ရှိချိန်၌ မြန်မာနိုင်ငံ၏ နှစ်စဥ်ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန်၇၀၀၀ ခန့်ရှိ၍ ထုတ်၀က်ခန့်ကိုပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချလျက်ရှိပါသည်။
 
 
== ဆက်စပ်ဖတ်ရှုရန် ==