"ကျောက်ပျဉ်" ၏ တည်းဖြတ်မှု မူကွဲများ

၄၂၀ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၂ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
[[File:Grinding Thanakha on Kyauk Pyin (Stone slabs) at Kaung Hmu daw Pagoda.JPG|thumb|400x400px|ရွှေဂူကြီးဘုရားတွင် ကျောက်ပျဉ်ပေါ် သနပ်ခါးသွေးနေစဉ်]]
ကျောက်ပျဉ်မှာ မြန်မာနိုင်ငံတွင် အမျိုးသမီးများ အမွှေး နံ့သာ လိမ်းကျံရာ၌ နံ့သာသွေးရာ ကျောက်ချပ်ပြားဖြစ်သည်။ များသောအားဖြင့် မြန်မာအမျိုးသမီးများသည် [[သနပ်ခါး]]ကို လိမ်းကျံခြယ်သလေ့ ရှိကြသဖြင့် သနပ်ခါးအများဆုံး သွေးရာ ကျောက်ပြားဖြစ်၍ သနပ်ခါးကျောက်ပျဉ်ဟုလည်း ခေါ်သည်။ သို့ရာတွင် [[နံ့သာဖြူ]]၊ [[ကရမက်]]၊ [[တောင်နံကြီး]]၊ စသော နံ့သာတုံးများကိုလည်း ကျောက်ပျဉ်တွင် တင်၍ သွေးလေ့ ရှိပေသည်။
 
ကျောက်ပျဉ်မှာ သာမန် ထီးကျောက်မျိုးဖြစ်သော ကျောက်ချပ်ပြားကို ဝိုင်းအောင်ဆစ်၍ မျက်နှာပြင် ညီညာ အောင် ပြုပြင်ယူရသည်။ ထိုအခါ အဝိုင်းမျက်နှာပြင် ပတ်လည်တွင် ဘေး၌ ဝိုင်းရစ်၍၊ ရေခံတည်ခေါ် ချိုင့်မြောင်း ငယ်ကို ထွင်းထုထားသည်။ မျက်နှာပြင်ကို အလည်သို့ အနည်းငယ် မို့သွားစေသည်ကိုလည်း မြင့်မိုရ်ဟု ခေါ်၏။ ဤသို့ပြုလုပ်ခြင်းဖြင့် သွေးထားသော သနပ်ခါးနံ့သာမှုန့်၊ နံ့သာရည်များ ဘေးပတ်လည် ရေခံတည်မြောင်းထဲသို့ အလွယ်တကူ လျှောဆင်းနိုင်လေသည်။
ကျောက်ပျဉ်မှာ မြန်မာနိုင်ငံတွင် အမျိုးသမီးများ အမွှေး
နံ့သာ လိမ်းကျံရာ၌ နံ့သာသွေးရာ ကျောက်ချပ်ပြားဖြစ်သည်။
များသောအားဖြင့် မြန်မာအမျိုးသမီးများသည် သနပ်ခါးကို
လိမ်းကျံခြယ်သလေ့ ရှိကြသဖြင့် သနပ်ခါးအများဆုံး သွေးရာ
ကျောက်ပြားဖြစ်၍ သနပ်ခါးကျောက်ပျဉ်ဟုလည်း ခေါ်သည်။
သို့ရာတွင် နံ့သာဖြူ၊ ကလမက်၊ တောင်နံကြီး၊ စသော
နံ့သာတုံးများကိုလည်း ကျောက်ပျဉ်တွင် တင်၍ သွေးလေ့
ရှိပေသည်။
 
ရေခံတည် မြောင်းထဲတွင် သွေးပြီး နံ့သာရည်များကို ထည့်ထားလေ့ရှိလေသည်။ မိမိသဘောကျ သလောက် ရေ၏ အကျဲအပျစ်ကို ထားနိုင်သည်။ ကျောက်ပျဉ်၏ အောက်ခြေ တွင်လည်း သုံးချောင်းထောက်သဖွယ် ခြေဆင့်တပ်ထားသည်။ ဘေးနခမ်းပတ်လည်တွင် လှပသေသပ်စွာ ပွတ်တိုက်၍၊ ပန်းရေး ဆေးခြယ်ထားတတ်ကြသည်။ ကျောက်ပျဉ် ချောမွတ် နေလျှင် သွေးရာ၌ ကျောက်အစားနည်း၍ ကျောက်ပျဉ် မျက်နှာကို အနည်းငယ် ကြမ်းလာအောင် သံဆူးဖြင့် ပေါက်ခြစ် ၍ဖြစ်စေ၊ ကျောက်ကြမ်းနှင့် ပွတ်တိုက်၍ဖြစ်စေ ကြမ်းလာ အောင် ပြုလုပ်ရသည်။
ကျောက်ပျဉ်မှာ သာမန် ထီးကျောက်မျိုးဖြစ်သော
ကျောက်ချပ်ပြားကို ဝိုင်းအောင်ဆစ်၍ မျက်နှာပြင် ညီညာ
အောင် ပြုပြင်ယူရသည်။ ထိုအခါ အဝိုင်းမျက်နှာပြင်
ပတ်လည်တွင် ဘေး၌ ဝိုင်းရစ်၍၊ ရေခံတည်ခေါ် ချိုင့်မြောင်း
ငယ်ကို ထွင်းထုထားသည်။ မျက်နှာပြင်ကို အလည်သို့
အနည်းငယ် မို့သွားစေသည်ကိုလည်း မြင့်မိုရ်ဟု ခေါ်၏။
ဤသို့ပြုလုပ်ခြင်းဖြင့် သွေးထားသော သနပ်ခါးနံ့သာမှုန့်၊
နံ့သာရည်များ ဘေးပတ်လည် ရေခံတည်မြောင်းထဲသို့
အလွယ်တကူ လျှောဆင်းနိုင်လေသည်။
 
ကျောက်ပျဉ်မျိုး အရွယ်အစားစားရှိစေကာမူ ပုံသဏ္ဍာန်မှာ တစ်မျိုးတည်းပင် ဖြစ်သည်။ ကျောက်ပျဉ်များကို အဖိုးမတန်လှ သော်လည်း မြန်မာမိန်းမများ၏ မရှိလျှင်မပြီးသည့် အရေးကြီး သော အိမ်ထောင်ပစ္စည်း အသုံးအဆောင်တစ်ခု အဖြစ်ထား ရှိကြ၍၊ [[ဗန်း]]ဖြင့် သေသပ်စွာ ဖုံးအုပ်ကာ အကျော်အနင်း လွတ်သော နေရာများ၌ တရိုတသေ သီးသန့် သိမ်းဆည်း ထားလေ့ရှိသည်။
ရေခံတည် မြောင်းထဲတွင် သွေးပြီး နံ့သာရည်များကို
ထည့်ထားလေ့ရှိလေသည်။ မိမိသဘောကျ သလောက် ရေ၏
အကျဲအပျစ်ကို ထားနိုင်သည်။ ကျောက်ပျဉ်၏ အောက်ခြေ
တွင်လည်း သုံးချောင်းထောက်သဖွယ် ခြေဆင့်တပ်ထားသည်။
ဘေးနခမ်းပတ်လည်တွင် လှပသေသပ်စွာ ပွတ်တိုက်၍၊
ပန်းရေး ဆေးခြယ်ထားတတ်ကြသည်။ ကျောက်ပျဉ် ချောမွတ်
နေလျှင် သွေးရာ၌ ကျောက်အစားနည်း၍ ကျောက်ပျဉ်
မျက်နှာကို အနည်းငယ် ကြမ်းလာအောင် သံဆူးဖြင့် ပေါက်ခြစ်
၍ဖြစ်စေ၊ ကျောက်ကြမ်းနှင့် ပွတ်တိုက်၍ဖြစ်စေ ကြမ်းလာ
အောင် ပြုလုပ်ရသည်။
 
ကျောက်ပျဉ်ကို မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းခရိုင်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့နယ်အတွင်းရှိ [[ဂွေးချိုတောင်]] အနီး [[မင်းကန်ရွာ]]များမှ အများအပြားပြုလုပ်ရောင်းချလေ့ ရှိသည်။ စစ်ကိုင်းနယ်မှထွက်သော ကျောက်ပျဉ်မှာ မင်းကန် ရွာမှ ထွက်သောကျောက်ပျဉ်ထက် ကျောက်သားရင့်သဖြင့် လူကြိုက်များပေသည်။
ကျောက်ပျဉ်မျိုး အရွယ်အစားစားရှိစေကာမူ ပုံသဏ္ဍာန်မှာ
တစ်မျိုးတည်းပင် ဖြစ်သည်။ ကျောက်ပျဉ်များကို အဖိုးမတန်လှ
သော်လည်း မြန်မာမိန်းမများ၏ မရှိလျှင်မပြီးသည့် အရေးကြီး
သော အိမ်ထောင်ပစ္စည်း အသုံးအဆောင်တစ်ခု အဖြစ်ထား
ရှိကြ၍၊ ဗန်းဖြင့် သေသပ်စွာ ဖုံးအုပ်ကာ အကျော်အနင်း
လွတ်သော နေရာများ၌ တရိုတသေ သီးသန့် သိမ်းဆည်း
ထားလေ့ရှိသည်။
 
ပဲခူး [[ရွှေမော်ဓောဘုရား(ပဲခူး)|ရွှေမော်ဓေါစေတီတော်]]၌ ဌာပနာ ပစ္စည်းများတွင် [[ဘုရင့်နောင်|ဟံသာဝတီ ဆင်ဖြူများရှင်]]၏ သမီးတော် [[ရာဇဓာတုကလျာ|ရာဇဓါတုကလျာ]]၏ ကျောက်ပျဉ်တစ်ခုဆိုသော ကျောက်ပျဉ်ကို တွေ့ရလေသည်။ [[အင်းဝခေတ်]]က အမွှေးနံ့သာ တို့ကို ကျောက်ပေါ်၌ သွေး၍ လိမ်းကျံလေ့ရှိကြောင်းကို သက္ကရာဇ် ၈၅၅ ခုနှစ် ရှေး[[ဘူရိဒတ်ဇာတ်တော်|ဘူရိဒတ်]] ဇာတ်ပေါင်းပျို့၌၊ 'ဤစာသာရ၊ ဂေါသီတကို၊ နားဝနှစ်ဘက်၊ မြကျောက်ထက်၌၊ ဉာဏ်လက်ကိုထေး၊ ဖြည်းဖြည်းသွေး၍၊ နံ့မွှေး တသုန်၊ လိမ်းသင့်ကုန်' စသည်ဖြင့် ရေးသား ဖော်ပြခဲ့သည်ကို ထောက်၍ သိရလေသည်။
ကျောက်ပျဉ်ကို မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းခရိုင်နှင့်
မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့နယ်အတွင်းရှိ ဂွေးချိုတောင်
အနီး မင်းကန်ရွာများမှ အများအပြားပြုလုပ်ရောင်းချလေ့
ရှိသည်။ စစ်ကိုင်းနယ်မှထွက်သော ကျောက်ပျဉ်မှာ မင်းကန်
ရွာမှ ထွက်သောကျောက်ပျဉ်ထက် ကျောက်သားရင့်သဖြင့်
လူကြိုက်များပေသည်။
 
ကျောက်ပျဉ်ဖြင့် သနပ်ခါးအမွှေးနံ့သာ သွေး၍ လိမ်းကျံသောအလေ့မှာ မြန်မာနိုင်ငံ၏ ရှေးကျသော သီးခြား ယဉ်ကျေးမှု ဓလေ့တစ်ရပ် ဖြစ်ခဲ့ပေသည်။ ကျောက်ပျဉ်ပေါ်တွင် အမွှေးနံ့သာကို ရေဖြင့် သွေးကြရ၍ ဘေးပတ်လည် ရေခံ တည်မြောင်း၌ ရေများသွင်းလောင်းထားသည်ကို ရည်၍ 'ရေပတ်လည်ဆောင်၊ အလည်ခေါင် သောင်ထွန်း၊ မိန်းမလှ ကျွန်း'ဟူ၍လည်းကောင်း၊ 'အနားပတ်လည်၊ ရေကြည်တည်၊ အလည် သောင်ထွန်း၊ နဂါး ကျွန်း'ဟူ၍လည်းကောင်း၊ ကျောက်ပျဉ်ကို စကားထာ ဝှက်လေ့ရှိကြသည်။
ပဲခူး ရွှေမော်ဓေါစေတီတော်၌ ဌာပနာ ပစ္စည်းများတွင်
ဟံသာဝတီ ဆင်ဖြူများရှင်၏ သမီးတော် ရာဇဓါတုကလျာ၏
ကျောက်ပျဉ်တစ်ခုဆိုသော ကျောက်ပျဉ်ကို တွေ့ရလေသည်။
အင်းဝခေတ်က အမွှေးနံ့သာ တို့ကို ကျောက်ပေါ်၌ သွေး၍
လိမ်းကျံလေ့ရှိကြောင်းကို သက္ကရာဇ် ၈၅၅ ခုနှစ် ရှေးဘူရိဒတ်
ဇာတ်ပေါင်းပျို့၌၊ 'ဤစာသာရ၊ ဂေါသီတကို၊ နားဝနှစ်ဘက်၊
မြကျောက်ထက်၌၊ ဉာဏ်လက်ကိုထေး၊ ဖြည်းဖြည်းသွေး၍၊
နံ့မွှေး တသုန်၊ လိမ်းသင့်ကုန်' စသည်ဖြင့် ရေးသား
ဖော်ပြခဲ့သည်ကို ထောက်၍ သိရလေသည်။
 
လှချင်ပချင်သော မိန်းကလေးတို့သည် ကျောက်ပျဉ်တွင် နတ်စောင့်သည်ဟု ယုံကြည်ကာ သီတင်းကျွတ် လအခါ များတွင် ဆီမီးများ ထွန်းညှိပူဇော်၍ 'အလှတိုးအောင် စောင်မ တော်မူပါ၊ ကျောက်ပျဉ်စောင့်နတ်မင်း' စသည်ဖြင့် ဆုတောင်း လေ့ရှိကြသည်။မြန်မာတို့၏ ကျောက်ပျဉ်နှင့် သနပ်ခါးမှာ နိုင်ငံခြားသား များအဖို့တွင် အမြဲတစေ အထူးအဆန်း ဖြစ်ခဲ့လေသည်။
 
ကျောက်ပျဉ်ဖြင့် သနပ်ခါးအမွှေးနံ့သာ သွေး၍
လိမ်းကျံသောအလေ့မှာ မြန်မာနိုင်ငံ၏ ရှေးကျသော သီးခြား
ယဉ်ကျေးမှု ဓလေ့တစ်ရပ် ဖြစ်ခဲ့ပေသည်။ ကျောက်ပျဉ်ပေါ်တွင်
အမွှေးနံ့သာကို ရေဖြင့် သွေးကြရ၍ ဘေးပတ်လည် ရေခံ
တည်မြောင်း၌ ရေများသွင်းလောင်းထားသည်ကို ရည်၍
'ရေပတ်လည်ဆောင်၊ အလည်ခေါင် သောင်ထွန်း၊ မိန်းမလှ
ကျွန်း'ဟူ၍လည်းကောင်း၊ 'အနားပတ်လည်၊ ရေကြည်တည်၊ အလည်
သောင်ထွန်း၊ နဂါး ကျွန်း'ဟူ၍လည်းကောင်း၊ ကျောက်ပျဉ်ကို စကားထာ
ဝှက်လေ့ရှိကြသည်။
 
 
လှချင်ပချင်သော မိန်းကလေးတို့သည် ကျောက်ပျဉ်တွင်
နတ်စောင့်သည်ဟု ယုံကြည်ကာ သီတင်းကျွတ် လအခါ
များတွင် ဆီမီးများ ထွန်းညှိပူဇော်၍ 'အလှတိုးအောင် စောင်မ
တော်မူပါ၊ ကျောက်ပျဉ်စောင့်နတ်မင်း' စသည်ဖြင့် ဆုတောင်း
လေ့ရှိကြသည်။မြန်မာတို့၏ ကျောက်ပျဉ်နှင့် သနပ်ခါးမှာ
နိုင်ငံခြားသား များအဖို့တွင် အမြဲတစေ အထူးအဆန်း
ဖြစ်ခဲ့လေသည်။
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)</ref>
== ကိုးကား ==
၂၂၇၉

တည်းဖြတ်မှုများ