နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မှုး +မှူး, -ဓါတ် +ဓာတ်)
စာကြောင်း ၅၁ -
'''နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ''' (အတိုကောက် SPDC သို့မဟုတ် မြန်မာဘာသာဖြင့် န အ ဖ) သည် ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် မြန်မာ စစ်အစိုးရ၏ တရားဝင်အမည်ဖြစ်သည်။ နအဖ သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး ကောင်စီ (နဝတ) ( SLORC) ဟု မူလအစက သိရှိထားခဲ့သည်။ နဝတ သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) (BSPP) ၏ အခန်းကဏ္ဍကို အစားထိုးပြောင်းလဲထားပြီး၊ အပေါ်ယံကသာ အဓိကပြောင်းထားခြင်းဖြစ်သည်။ ၁၉၉၇ တွင် နဝတ ကို ဖျက်သိမ်းပြီး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) (SPDC)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
 
နအဖ တွင် ဌာနကြီးများနှင့် ဒေသဆိုင်ရာစစ်တိုင်းကြီးများ၏ တပ်မှူးကြီးများ ပါဝင်ကြသည်။ စစ်အာဏာပိုင်အဖွဲ့၏ အဖွဲ့ဝင် ၁၁ ဦးသည် အစိုးရဝန်ကြီးများအဖွဲ့ထက် အာဏာကိုပို၍ သုံးနိုင်ခွင့်ရှိသည်။ စစ်အာဏာပိုင်အဖွဲ့၏ အချို့သောအဖွဲ့ဝင်များသည် ဝန်ကြီးများအဖွဲ့၏ ဝန်ကြီးရာထူးများကိုလည်းယူထားသည်။ အများ၏ထင်မြင်ယူဆချက်တွင် စစ်တိုင်းမှုးများသည်စစ်တိုင်းမှူးများသည် ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် များများစားစားရရှိခြင်းကို ပျော်ရွှင်နှစ်သက်ကြသည်။ အစိုးရသည်တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်သော မဆလ ၏ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စံနစ်မှ နောက်ဆုတ်ထားသော်လည်း၊ လူ့အခွင့်အရေးချိုးဖေါက်မှု စွပ်စွဲချက်များ အများအပြားရှိ နေသည်။ အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ပစ်ပယ်ထားပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည်။
 
== သမိုင်း ==
စာကြောင်း ၁၂၁ -
== အတင်းအကြပ်ခိုင်းစေမှုများ ==
အဆိုးရွားဆုံး အတင်းအကြပ်ခိုင်းစေမှုအချို့ကို မြန်မာအရှေ့တောင်အရပ်မှ အစီရင်ခံခဲ့သည်။ ထိုနေရာတွင် ဒေါ်လာဘီလီယံနှင့်ချီသော ဓါတ်ငွေ့ပိုက်လိုင်းကိုဓာတ်ငွေ့ပိုက်လိုင်းကို အမေရိကန် ယူနိုကယ် (UNOCAL) နှင့် ပြင်သစ် တိုတယ် (TOTAL) ရေနံကုမ္ပဏီများ ပူးပေါင်းအဖွဲ့နှင့် မြန်မာအစိုးရတို့ တည်ဆောက်ခဲ့ကြသည်။ အတင်းအကြပ်ခိုင်းစေမှုကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးစီမံကိန်းများတွင်လည်း သုံးစွဲခဲ့သည်။ ၁၉၉၇ မတ်လ တွင် ဥရောပသမဂ္ဂသည် အတင်းအကြပ်အလုပ်ခိုင်းစေမှု နှင့် အခြားသောချိုးဖောက်မှုများ ကြီးထွားလာသည့်အတွက်ကြောင့် မြန်မာနိုင်ငံအား ပေးထားသည့် ကုန်သွယ်ရေးအထူးအခွင့်အရေးကို ရုတ်သိမ်းသွားခဲ့သည်။
 
== နိုင်ငံရေးအကျဉ်းချထားမှု ==