တူးစလန် ပြတိုက်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မှုး +မှူး) |
||
စာကြောင်း ၂ -
[[ကမ္ဘောဒီးယားနိုင်ငံ]]ရှိ တူးဆလန်ပြတိုက်သည် ခမာနီတို့အုပ်စိုးစဉ်က ပြုခဲ့သမျှသော ရက်စက်မှုများအနက် လူမဆန်ဆုံးသော နှိပ်စက်မှုများအား လူအများတို့အမှတ်ရဖွယ် ပြန်လည်တင်ပြထားသည့် ပြတိုက်ဖြစ်သည်။ မူလက အထက်တန်းကျောင်းတစ်ကျောင်းအဖြစ် ပြင်သစ်ထံမှ လွတ်လပ်ရေးရပြီးချိန်တွင် ပညာရေးဂဏ္ဍအား မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့သည်။၁၉၇၀ခုနှစ် ကာကွယ်ရေးဝန်ကြီး လွန်နောမှ အမေရိကန်ကျောထောက်နောက်ခံ ပေးမှုဖြင့် အာဏာသိမ်းယူပြီးနောက်တွင် အဆိုပါကျောင်းအား နာမည်ပြောင်းခဲ့သည်။ ၁၉၇၆ခုနှစ် ခမာနီတို့ အာဏာရလာချိန်တွင် ကျောင်းအဖြစ်မှ စစ်ကြောရေးစခန်းတစ်ခုဖြစ်လာပြီး S.21 ဟု ကျော်ကြားလာတော့သည်။
သုံးနှစ်နီးပါး ကာလအတွင်း အကျဉ်းသား ၁၄၀၀၀ခန့်ကို စစ်ဆေးမေးမြန်းခဲ့ပြီး၊ စစ်ဆေးမေးမြန်းခံရသူ အားလုံးနီးပါးမှာ ရက်စက်စွာ ညဉ်းဆဲခံရသောကြောင့် သေဆုံးခဲ့သည်။ ထိုစဉ်က အာဏာရ ခမာနီအစိုးရပိုင်းမှ S.21 မှ အသက်ရှင်လျက် ပြန်လည်ထွက်သွားသူ မရှိစေရဟုပင် အမိန့်ပေးခဲ့ဖူးကြောင်းကို ထိုစဉ်က
၁၉၇၉တွင် ဗီယက်နမ်တပ်များ ကမ္ဘောဒီးယားနိုင်ငံတွင်းသို့ ဝင်ရောက်ကာ ခမာနီတို့အား တိုက်ခိုက်ပြီး အနိုင်ရသည့်နောက်တွင် စခန်းအား ပြတိုက်အဖြစ် လျှင်လျှင်မြန်မြန်ပင် ပြောင်းလဲပစ်ခဲ့သည်။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၏ အမှတ်တရတို့ကို လေ့လာနိုင်ရန်အတွက်
ဗီယက်နမ်တို့ ထွက်ခွာသွားသည့် နောက်ပိုင်း ၂၀၀၅အရောက်တွင် အဆိုပါလူသတ်စခန်းအား ပုဂ္ဂလိဂ လုပ်ငန်းလွှဲအပ်ပေးခဲ့သည်။ ကမ္ဘောဒီးယားနှင့် ဂျပန် ဖက်စပ်ဖြစ်သည့် (JC Royal) နှင့် ဖနွမ်းပင် မြူနီစပယ်အဖွဲ့တို့ နှစ် ၃၀ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးနောက်တွင် လုပ်ငန်းဖွံဖြိုးလာသည်။ ၂၀၀၇တွင် နိုင်ငံခြားသား ခရီးသွား ၂ သိန်းခန့်လာရောက် လေ့လာခဲ့သည်။
၁၉၉၉ခုနှစ်တွင် ခမာနီစခန်း
==ကိုးကား==
|