နာနတ်သီး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Bot: Converting bare references, using ref names to avoid duplicates, see FAQ
စာကြောင်း ၈၈ -
==ပေါင်းတင်ခြင်း==
နာနတ်သီးဖြင့် မျက်နှာကို တစ်ပတ်တစ်ခါ ပေါင်းတင်လျှင် နာနတ်သီးတွင် ပါဝင်သော အင်ဇိုင်းဓာတ်ကြောင့် အသားအရေကို ဝင်းစေပြီး အရေပြားတွန့်ခြင်းကို အထူးကာကွယ်သည်။ ပျက်စီးနေသည့် ဆဲလ်များကိုလည်း အမြန်ဆုံး ပြည်လည်ဖြည့်တင်းပေးသည်။ နာနတ်သီးဖျော်ရည် ၁ ဇွန်း (စားပွဲတင်ဇွန်း) သို့ နာနတ်သီးမှည့်မှည့် တစ်စိတ်ကို ယူပါ။ အရည်ဆိုလျှင် မျက်နှာကို လိမ်းကျံပြီး အစိတ်ဆိုပါက မျက်နှာပေါ်ပွတ်သပ် နှိပ်နယ် ပေးရမည်။ စေးကပ်တတ်ရာ လိမ်းပြီးပါက ရေဖြင့် သေချာ ဆေးကြောရန်လိုသည်။ လိမ်းကျံပြီးသည့်အခါ ဆယ်မိနစ်ခန့်စောင့်ရန် လိုသည်။ မျက်နှာအပြင် လည်ပင်း၊ ခန္ဓာကိုယ်နေရာ အစိတ်အပိုင်း တို့ကိုလည်း လိမ်းကျံပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရှိ တခြားအစိတ်အပိုင်းနေရာများကို လိမ်းကျံပါက နွားနို့ ဖန်ခွက် ဝက်ခန့်၊ သံပရာရည်၊ ကြက်ဥတစ်လုံး၊ နနွင်းမှုန့် အနည်းငယ်နှင့် ဂျုံမှုန့်အနည်းငယ်တို့ ရောစပ်ပြီးမှ လိမ်းရမည်။ လက်မောင်း၊ ခြေထောက်၊ ခြေသလုံး၊ နောက်ကျောဘက် နေရာနှင့် ဝမ်းပျဉ်းသားနေရာတို့ကို လိမ်းကျံပြီးပါက ရေနွေးနွေးနဲ့ ပြန်လည် ဆေးကြောပေးပါ။ နာနတ်သီးအစား သင်္ဘောသီးကို အစားထိုးအသုံးချနိုင်သည်။
<ref>[http://www.zaygwet.com/eco_opinion.php?id=95 Myanmar Market Journal<!-- Bot generated title -->]</ref>
==ကိုးကား==
<references/>