ရဲလွင် (မဇ္ဈိမလှိုင်း): တည်းဖြတ်မှု မူကွဲများ

"==ကိုယ်ရေးရာဇဝင..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
 
အရေးမကြီးNo edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာကြောင်း ၁ -
မဇ္စျိမလှိုင်း ဦးရဲလွင်သည် ငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင် တက်တက်ကြွကြွပါဝင်ခဲ့သူ ဂီတသမားတစ်ဦးဖြစ်သည်။
 
==ကိုယ်ရေးရာဇဝင်==
ဦးရဲလွင်ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာတွင် ပေါင်းတည်မြို့၌ မွေးဖွားခဲ့ကာ မွေးချင်းမောင်နှမ ၁၀ ယောက်တွင် ရှစ်ယောက်မြောက် သားဖြစ်သည်။ ၁၉၆၈ တွင် ရန်ကုန်စက်မှုတက္ကသိုလ်ကို စတက်ခဲ့ပြီး တတိယနှစ်အထိ တက်ခဲ့သည်။<ref>http://news-eleven.com/news/67651</ref> ရန်ကုန်စက်မှုတက္ကသိုလ် တက်နေစဉ်တွင် E.Machine တီးဝိုင်း၌ ဘေ့စ်ဂစ်တာသမားအဖြစ် ပါဝင်ခဲ့သည်။ ၁၉၈၄ ခုနှစ်၌ အဆိုတော် ခင်မောင်တိုး၊ တေးရေးကိုနေဝင်း၊ ကိုမောင်မောင်(အဉ္စလီ) ပါဝင်သည့် မဇ္စျိမလှိုင်း ဂီတအဖွဲ့ ဖွဲ့စည်းစဉ်တွင် ပါဝင်ခဲ့သည်။<ref>http://burmese.dvb.no/archives/279362</ref> ကိုယ်ပိုင် တေးသီချင်း များစွာကို ဖန်တီး ရေးသားခဲ့ပြီး ပန်းခရမ်းပြာသီချင်းသည် ၁၉၇ဝ/၈ဝ ခုနှစ် ဝန်းကျင်တွင် လူကြိုက်များခဲ့သည်။ သီချင်းပေါင်း အပုဒ် ၂၀၀ နီးပါးရေးသားခဲ့ပြီး သူကိုယ်တိုင်လည်းဆိုသလို ခင်မောင်တိုး၊ ခိုင်ထူး၊ဂျေမောင်မောင်စသည့် အဆိုတော်များကလည်း သီဆိုခဲ့သည်။ ခွဲခွာခြင်းခဏ၊ ပန်းခရမ်းပြာ၊ နောက်ဆုံးအိပ်မက်၊ နဒီမင်္ဂလာ ၊ အချစ်စစ်ဆိုတာ၊ ကြင်နာသူရဲ့အဝေးဆီ ၊ မင်းသိပါတယ်စသည့်သီချင်းများ ရေးသားခဲ့သည်။