မီခေး ပရိုခိုရော့ဗ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နှုတ်ထွက် +နုတ်ထွက်)
စာကြောင်း ၃၀ -
ပရိုခိုရော့ဗ်သည် နော်ရယ် ကို အသုံးမကျသော ကုမ္ပဏီစုကြီးအဖြစ်မှ ကမ္ဘာ့ အကြီးဆုံးနှင့် အမြတ်အများဆုံးရ သဘာဝအရင်းအမြစ်သယံဇာတ ကော်ပိုရေးရှင်း တစ်ခုအဖြစ်သို့ ရောက်အောင်ပြုပြင် ပြောင်းလဲ နိုင်ခဲ့သည့် အတွက်အသိအမှတ်ပြုခံခဲ့ရသည်။ ကုမ္ပဏီမှ သတ္ထုတူးဖော်ရေးနှင့်မဆိုင်သော ပစ္စည်းများကို ရောင်းချပြီးနောက် အရင်းအနှီးကြီးပြီး ရှုပ်ထွေးသော ခေတ်သစ်စီးပွားရေးတစ်ခုကို စတင်ခဲ့သည်။ ထိုစွန့်စားရသည့် စီးပွားရေးလုပ်ငန်းလုပ်ရန်လိုအပ်သည်က အေးခဲနေသောအာတိတ်ဒေသ ကိုဖြတ်ကျော်၍ သတ္ထုများကို သယ်ဆောင်နိုင်ရန်အတွက် ရေခဲခွဲသင်္ဘောများ ပင်ဖြစ်သည်။
 
ပရိုခိုရော့ဗ် သည် ရေခဲခွဲသင်္ဘောများ၏ အကူအညီ မလိုသည့် Finnish ဖင်းနစ်ရှ် ကုန်တင်သင်္ဘောများကို တီထွင်ရာတွင် ရင်းနှီး မြှုပ်နှံခဲ့သည်။ နော်ရယ် နစ်ကယ်ကုမ္ပဏီသည် ဆိုက်ဗေးရီးယန်းမြို့တွင်လည်း ထိုနာမည်နှင့်ပင် ရုံးချုပ်ဖွင့်ထားသည်။ အခြေအနေတွင်ရှိရာ ပရိုခိုရော့ဗ်သည် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းသိမ်းရေးတွင် အလုံးအရင်း ရင်းနှီးမြှုပ်နှံခဲ့သည်။ ရုရှား၏အကြီးဆုံးရွှေထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် ပိုလီယက်စ်ဂိုးလ်ဒ်နှင့် ပူးပေါင်းလုပ်ဆောင်ရန် နော်ရယ် နစ်ကယ် ရွှေတူးဖော်ရေးမှရရှိသော အကျိုးအမြတ် ဒေါ်လာ ၈.၅သန်းကို ရင်းနှီးခဲ့သည်။ သူသည် ပိုလီယက်စ်ဂိုးလ်ဒ်ဘုတ်အဖွဲ့၏ နာယကတစ်ဦးလည်း ဖြစ်သည်။ ၂၀၀၇ခုနှစ် ဖေဖော်ဝါရီလတွင် ပရိုခိုရော့ဗ်သည် နော်ရယ် ၏စီအီးအိုအဖြစ်မှနှုတ်ထွက်ခဲ့သည်။၏စီအီးအိုအဖြစ်မှနုတ်ထွက်ခဲ့သည်။ သူနှင့် ကြာရှည်လက်တွဲခဲ့သော လုပ်ငန်းဖော် ဗလဒီမာပိုတနင်နှင့် ပိုင်ဆိုင်မှုများကို ခွဲဝေတော့မည် ဟုကြေငြာ ခဲ့သည်။ နှစ်ဦးပိုင် Interros အင်ထရိုစ် ကုမ္ပဏီအုပ်စုကြီးမှ ပိုင်ဆိုင်မှုများကို ခွဲဝေရာတွင် ကာလရှည်ကြာစွာ ညှိနှိုင်းမှုများပြုလုပ် ခဲ့ရသည်။
 
ထိုသို့ပြုလုပ်ခဲ့ရာတွင် ၂၀၀၉ခုနှစ်တွင် နှစ်ဦးပိုင်အဖြစ် JSC open investments (ဂျေအက်စ်စီ လွတ်လပ်စွာရင်းနှီးမြှုပ်နှံခွင့်ပြုထားသော ဖွံ့ဖြိုးရေးကုမ္ပဏီ) တစ်ခုသာ ဝေခွဲကျန်တော့သည်။မော်စကို၏ မတည်ငြိမ်သည့် အိမ်ခြံမြေဈေးကွက်တွင် ထိုကုမ္ပဏီ၏ တန်ဖိုးကို သတ်မှတ်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။